Sunday, February 14, 2016

သင်္ကေတဝါဒီ။

သင်္ကေတဝါဒီ။

သံယောဇဉ်ဟာ
ဘူတာများစွာဖြတ်ကျော်လာတဲ့ရထားလေး။
နှင်းဆီပန်းရောင်ရထားလေး၊
ချောကလက်အင်ဂျင် ရထားလေး၊

မသေချာခြင်း ဒိုင်မင်းရှင်းထဲက
အသေချာဆုံးသော တွဲလက်များ ခုတ်မောင်းကြစေ၊
ဟန်ဆောင်ခြင်းကင်းသော
အပြုံးပန်းများ ခုတ်မောင်း၊
နွေးထွေးသော နှလုံးခုန်သံများ ခုတ်မောင်း။

14th February
ဇီဇဝါပွင့်ဖတ်များသာ ဝါသွားမည်။
ချစ်ခြင်းသည် ဝါရော်မသွားတော့ပါ။ ။

Zephyr