အမေ့မွေးနေ့
အေးချမ်းမေက ကောင်းကင်ဘုံက နားတစ်စုံ သီချင်းကိုဆိုသလို ကိုယ့်အမေကိုယ်သတိရစရာတစ်ခုခုလိုသလား။ သူ့သဘောသူဆောင်ပြီး သူ့သက်တမ်းသူနေသွားသူတစ်ယောက်အတွက် ကျန်ရစ်သူပီသစွာ ဘုန်းကြီးကျောင်းမှာ သင်္ကန်းကပ်၊လှူဖွယ်ဝတ္ထုကပ်ပြီးသကာလမှာအဖေ့ဆီဖုန်းဆက်လိုက်တယ်။ အဖေက လွန်ခဲ့တဲ့ အနှစ်လေးဆယ်က သူ့ဇနီးဖြစ်လာမယ့် မမကြီးနဲ့အတူ သူငယ်ချင်းတွေစုပြီး ဆီချက်ခေါက်ဆွဲသွားစားကြတဲ့အကြောင်း၊ သံဗူးဖျော်ရည်ကို ရေခဲတုံးနဲ့သောက်တဲ့အကြောင်းပြောတော့၊ ငါ့အဖေက တယ် အီမိုပါလားထင်လာမိတယ်။ အမေကြာ်ကျွေးတဲ့ ကြာဆံကြော်အကြောင်းပြောတော့၊ ငါက ဆနွင်းမပါဘဲ ဖြူစုတ်စုတ်ဖြစ်နေတာကိုပြောတာလားဆိုတော့ သား၊အဖချင်း နည်းနည်းမိတ်ပျက်သလိုဖြစ်သွားတယ်။ ငါ့အစ်ကိုကိုငါဖုန်းဆက်တယ်။ အမေ့အတွက် တစ်ခုခုလှူဖို့ပြောလိုက်တယ်။ ဘိုးတော်က ငါ့ကို ငါ့အမေအတွက် ဆုတောင်းပေးပါလို့ပြောတယ်။ ငါထင်တာတော့ ဒါတွေက အပိုတွေပဲ။ သူ့ကံနဲ့သူ လက်မှတ်ဖြတ်ထားပြီးတဲ့ခရီးကို သူသွားတာမှာ ငါတို့က သတိရရုံပဲရှိတယ်။ ကျန်တာတွေက အပိုအလုပ်တွေ။ အဖေကတော့ အမေ့မွေးနေ့အမှတ်တရ သူ့မိတ်ဆွေတွေကို ကြာဆံကြော်ကြော်ကျွေးလိုက်တယ်ပြောတယ်။ လူတွေအသက်ကြီးလာရင်ပိုခံစားတတ်လာတယ်ထင်တယ်။ ဒါကို သွားနောက်မိရင်လည်း အလကားနေရင်းရန်ငြှိုးဖွဲ့ကုန်တာပဲအဖတ်တင်မယ်ဆိုပြီး ငြိမ်နေလိုက်ရတယ်။ မေလမို့ စိပ်ပုတီးစိပ်ဖို့၊ ဘုရားကျောင်းသွားဖို့တွေမပြောရင်ပြီးတာပဲဆိုပြီး ခွင့်လွှတ်ထားလိုက်တယ်။ အမေက ပျော်ရွှင်တတ်သူပဲ။ အစားအသောက်နဲ့ကိုးရီးယားကားကိုခုံမင်သူပဲ။ မိဘဆိုတဲ့ ဗီတိုအာဏာ မသုံးတဲ့သူ။ ချစ်ခြင်းတရားနဲ့ပဲ သူ့ဘဝသူနေသွားတယ်။ သူနဲ့ငါတို့ရဲ့ ဆက်ဆံရေးမှာ အဖုအထစ်မရှိဘူး။ စလိုက်နောက်လိုက်၊ပျော်ရွှင်လိုက်ပဲ။ မပြည့်စုံတဲ့ဘဝ၊ ပြည့်စုံတဲ့ဘဝ၊ ဘယ်နေရာမှာမဆို ပျော်သလိုနေခဲ့တယ်။ အမေဆုံးသွားပေမယ့် သူ့ရဲ့ ချစ်ခြင်းတရားဟာ ဆက်ရှိနေတယ်လို့ ငါထင်တယ်။ မနေ့က အမေရေးလိုက်တဲ့ စာဟောင်းတစ်စောင်ကို ပြန်ဖတ်ရင်း သတိရလိုက်သေးတယ်။ ခံစားချက်ဆိုတာမျိုးက ကြာကြာမွေးထားဖို့မဟုတ်ဘူး။ သတိရလည်း ဥပေက္ခာနဲ့ယှဉ်တဲ့ မေတ္တာပဲဖြစ်ရမယ်လို့ငါထင်တယ်။ ချစ်ခင်သူတွေအတွက် ဒဏ်ရာမရအောင်နေဖို့ ကြိုးစားနေရမယ်။ မဟုတ်ရင် ရှင်သန်မှုဟာ ဘယ်လိုလုပ် တန်ဖိုးရှိမှာလဲ။ အခုတလော အမေအသက်ရှင်စဉ်တုန်းက ကြိုက်ခဲ့တဲ့အစားအစာလေးတွေ ရွေးစားပေးနေတယ်။ တကယ်လို့များ လှမ်းမြင်ရတဲ့ ဘုံဘဝတစ်ခုခုရောက်နေရင် သူ့ရဲ့သား ယောနိသောမနသီကာရလေးနဲ့ အိပ်ပျော်စားဝင်နေတာမြင်ရင် အမေလည်းပျော်နေမှာပါ။ ဒါတွေကို အဖေနားလည်အောင် ပြောမနေတော့ဘူး။ ဆုံးသွားတဲ့သူတစ်ယောက်အတွက် ဝမ်းနည်းမှ နည်းမှန်လမ်းမှန်ဖြစ်တယ်လို့ အဖေထင်ရင်တော့ ဒါအဖေရွေးတဲ့လမ်းပဲ။ တစ်ခါတစ်ခါ အဖေ့ဝမ်းနည်းနေပုံက အမျိုးရင်းဖြစ်တဲ့ သားနှစ်ယောက်ထက်ပိုနေတာမြင်တော့ မယ်ဘော် တယ်ကဲတာပဲထင်ထင်နေတယ်။ တရုတ်တွေလို ဒီဘက်ကမီးရှို့လိုက်လို့ ဟိုဘက်မှာသွားပေါ်နေရင် ကြေးအိုးဆီချက် နှစ်ပွဲလောက် ရှို့ပြီး ပို့ပေးလိုက်ချင်တယ်။ ဇနီးသည်က ရွှေသင်္ကန်းကပ်ရင်း ယောက်ခမအတွက် ဆုတောင်းပေးတော့၊ ဟိုမှာတော့ လမ်ဘိုဂီနီ စီးနေလောက်ပြီလို့ပြောလိုက်သေးတယ်။ အမေ့မွေးနေ့တို့၊အမေ့ရက်လည်တို့နားမှာ အဖေနဲ့စကားပြောရတာခက်တယ်။ ဟိုတလောက သူ့ဇနီးလက်ရာ အပျံစားဆိုတော့ ငါက အပျံဆားဖြစ်ရမယ်။ ဆားအမြဲငန်တယ်ပြောတော့ ဘိုးတော် စိတ်ကွက်သွားတယ်။ ဘာပဲဖြစ်ဖြစ်ပါ သူ့မိန်းမ သူချစ်တာ အပြစ်မဟုတ်ပေမယ့်၊ သားသမီးအရင်းတွေထက်တော့ အကဲမပိုတာကောင်းမယ်လို့ ဘိုးတော်ကို ငါ သတိပေးရဦးမယ်။
(အမေ့ကိုအဖေက ကချင်လို အနူးလို့ခေါ်တယ်။ ANU ဆိုပြီးစာရေးလေ့ရှိတယ်။ အဲဒါကို ငါတို့က အနူလို့ခေါ်တာဆိုပြီးနောက်ခဲ့ကြတာမှတ်မိသေးတယ်။ Nu ဆိုတာ ကချင်လို အမေဆိုတဲ့အဓိပ္ပာယ်ပဲ။ အဘွားကတော့ Hkai။ အဘိုးကတော့ စောစောသေသွားလို့ ဘယ်လိုပေါင်းတယ်မသိဘူး။ ဟိုင်းဂျီလို့ခေါ်တယ်ထင်တယ်။)
ပျော်ရွှင်စရာကောင်းတဲ့ ဘုံဘဝမှာ မြင့်မြတ်တဲ့ တရား အသိရှိတဲ့သူ ဖြစ်နိုင်ပါစေလို့ပဲ ဆုမွန်ကောင်းပို့သလိုက်ပါတယ်။ ။
Zephyr
Tuesday, May 13, 2014
Monday, January 27, 2014
ဘဝထဲက ကဗျာ။
ဘဝထဲက ကဗျာ။
အိမ်ဈေးတွေဘယ်လိုပြောင်းပြောင်း၊
မတတ်နိုင်မှုတွေဟာ
ပြောင်းမသွားဘူး။
မြစ်တွေကို ဆန်တက်မယ်။
တောင်တွေပေါ်တွယ်တက်မယ်။
အဲဒီလို ခက်ခက်တွေမဟုတ်သေးဘူး၊
အခက်ဆုံးတွေ မလွယ်သေးတာထားပါတော့၊
အလွယ်ဆုံးတွေ ခက်နေတာတော့ သိပ်ခက်တာပဲ။
"ကောင်းကင်တမွတ် ကြယ်ကိုဆွတ်"ဆိုတဲ့
ကဗျာကို ဆိုခဲ့မိတာ ငါတို့ ဟုတ်ရဲ့လား ပြန်ပြန်တွေးနေမိတယ်၊
မြစ်တွေကို ကာကွယ်ရ၊
တောင်တန်းကို ကာကွယ်ရ၊
သူ့နိုင်ငံသား သံမှုန့်စားက သံလူသားလို ပျံတက်သွားတာမော့ကြည့်ရ၊
ဒို့ဓားတုံးများ အမှိုက်ပုံခြေရင်းမှာ ဇာတိမာန်တက်ကြွနေတာလည်းမြင်ရ၊
ကျွန်တော်တို့ပြတင်းပေါက်လေး၊ ကျဉ်းသထက်ကျဉ်းသွား၊
အစာအိမ်နံရံတွေ ကျဉ်းသထက်ကျဉ်းသွား၊
ဆင်းရဲသားဝင်ငွေနဲ့
သထေးရောဂါရထားတဲ့မြို့ကလေးတွေမှာ
ဆာဘွဲ့ရ ဆိုက်ကားသမားဟာ
လမ်းပြောင်းပြန်နင်းနေရတုန်းပဲ။
တကယ်ပါ၊ ပျော်တတ်မယ်ဆို တကယ့်ကို ပျော်စရာကြီး .............။ ။
Zephyr
အိမ်ဈေးတွေဘယ်လိုပြောင်းပြောင်း၊
မတတ်နိုင်မှုတွေဟာ
ပြောင်းမသွားဘူး။
မြစ်တွေကို ဆန်တက်မယ်။
တောင်တွေပေါ်တွယ်တက်မယ်။
အဲဒီလို ခက်ခက်တွေမဟုတ်သေးဘူး၊
အခက်ဆုံးတွေ မလွယ်သေးတာထားပါတော့၊
အလွယ်ဆုံးတွေ ခက်နေတာတော့ သိပ်ခက်တာပဲ။
"ကောင်းကင်တမွတ် ကြယ်ကိုဆွတ်"ဆိုတဲ့
ကဗျာကို ဆိုခဲ့မိတာ ငါတို့ ဟုတ်ရဲ့လား ပြန်ပြန်တွေးနေမိတယ်၊
မြစ်တွေကို ကာကွယ်ရ၊
တောင်တန်းကို ကာကွယ်ရ၊
သူ့နိုင်ငံသား သံမှုန့်စားက သံလူသားလို ပျံတက်သွားတာမော့ကြည့်ရ၊
ဒို့ဓားတုံးများ အမှိုက်ပုံခြေရင်းမှာ ဇာတိမာန်တက်ကြွနေတာလည်းမြင်ရ၊
ကျွန်တော်တို့ပြတင်းပေါက်လေး၊ ကျဉ်းသထက်ကျဉ်းသွား၊
အစာအိမ်နံရံတွေ ကျဉ်းသထက်ကျဉ်းသွား၊
ဆင်းရဲသားဝင်ငွေနဲ့
သထေးရောဂါရထားတဲ့မြို့ကလေးတွေမှာ
ဆာဘွဲ့ရ ဆိုက်ကားသမားဟာ
လမ်းပြောင်းပြန်နင်းနေရတုန်းပဲ။
တကယ်ပါ၊ ပျော်တတ်မယ်ဆို တကယ့်ကို ပျော်စရာကြီး .............။ ။
Zephyr
Wednesday, December 18, 2013
သုံးလက်မပတ်လည်မြေလေးတစ်ကွက်ဝယ်နိုင်ရင် ခြေမနှစ်ချောင်းနဲ့ခြေဖျားထောက်ထားမယ်။
သုံးလက်မပတ်လည်မြေလေးတစ်ကွက်ဝယ်နိုင်ရင် ခြေမနှစ်ချောင်းနဲ့ခြေဖျားထောက်ထားမယ်။
အကျယ်အဝန်းလား၊ အကျဉ်းအကျပ်လား
အလျား၊အနံတိုလွန်းတယ်၊
အမိုးမမြင့်ဘူး၊(၉ပေတဲ့)
လှေကားကျဉ်းတယ်။
အမြင့်ကြီးမှာ၊
ဘာပဲဖြစ်ဖြစ်၊
ငှားစားရင် တစ်သိန်းရသေးတယ်။
ကဗျာဆိုတာ အဇ္ဈတ္တကိုဖော်ပြရမယ်။
အတိုးဘယ်လောက်နှုန်းလဲ၊
အရင်းနဲ့ကိုက်သလား၊
လူဆင်းရဲတွေကို အမြတ်ထုတ်ဖို့လား၊
လူတန်းစားကွာဟမှုကို ဇစ်တပ်ပေးချင်တာလား၊
ငါလား၊ သူလိုကိုယ်လို ဘူဇွာ၊
အဲဒီလိုများလား၊
ငါ့အကွက် ငါအိမ်ဆောက်လိုက်ရင် လယ်လာစိုက်နေကြတစ်ယောက်
ငိုမှာလား၊
ဒီမြေတွေကို မင်းတို့မပိုင်ဘူး၊ ငါလည်း အငှား၊
မင်းတို့ငါတို့
တဏှာယောကျာ်းလက်သမားရဲ့
လွဲချော်ဆောက်ချက်တွေ။
မနက်ရှိုင်းဘူး၊
သို့သော်လည်း
သုံးမရတော့ဘူး။
ဒီဘဝ၊
ဟိုဘဝ၊
အဲဒီဘဝရဲ့ ခြေလှမ်းသုံးလှမ်းအကွာ၊
အဲဒီဘက်မှာရော
မြေဈေးဘယ်လောက်၊
ခြံမြေလား၊
အပင်စိုက်ရမှာလား၊
ငါးမွေးရမှာလား၊
လမ်းချဲ့ရင် ငါ့မြေမထိစေနဲ့လား၊
စီမံကိန်းမြေလား၊
မုဆိုးမဆီက မုန်ညင်းဆီလား၊ မုန်ညင်းစေ့လား၊
ပါပါရာဇီရဲ့ မှန်ပြောင်းရှည်ထဲက
ဝတ်လစ်စလစ် ဆယ်လီဘရစ်တီလား၊
ငါတို့ဘဝ
ငါတို့
ဝေခွဲမရသေးတာ မှားလား၊
ပါလာတာကို
ဖြတ်လိုက်ပြီးမှ
ပြန်လိုချင်လို့ အတုပြန်တပ်နေရမယ်တဲ့၊
အူအတတ်ထုတ်ထားတဲ့သူတွေပြောပါတယ်။
ကျနော့်အတွေးများချာချာလည်၊
ကြိုပွိုင့်အတွက်
ငိုဖို့
မျက်နှာသုတ်ပုဝါကြိုပြီး ပွိုင့်အောက် လုပ်ထားရမှာလား၊
အကယ်ဒမီတွေ ဘယ်နှစ်ထပ်ကွမ်းလဲ
ပွဲစားက လှလှလေး အမြဲပြုံးတယ်၊
ဟုတ်တယ် ဦးလေး၊
ဈေးတွေက
အရူး တရွတ်တိုက်ဆွဲသွားတဲ့ သစ်ကိုင်းထိပ်ဖျားမှာ ပါသွားတဲ့ သစ်ရွက်လေးလို
ဖြစ်ချင်ရာကို ဖြစ်နေတော့တာတဲ့၊
ကျွန်မတို့က ပွဲစားပါ
ကောက်ညှင်းပေါင်းရောင်းတယ်မမှတ်ပါနဲ့
ဘာလဲဟဲ့ ကောက်ညှင်းပေါင်း
နှမ်းဖြူးတယ်မထင်နဲ့လို့ပြောတာပါရှင့်
အော် ... အေး ...
အဆန်းတွေချည့်၊
ကိုင်ထားလိုက်တာမမှားပါဘူးရှင်ဆိုပဲ။
ဆွဲထားလိုက်မှ စိတ်ချရမယ်ဆိုတာလည်းရှိသေးတယ်။
တုံးခုထားပြီးကန်ထုတ်လိုက်ပေါ့တဲ့၊
လည်ပင်းကကြိုးကအစ
ငါ့ကို
အကြံပေးနေတယ်။ ။
Zephyr
အကျယ်အဝန်းလား၊ အကျဉ်းအကျပ်လား
အလျား၊အနံတိုလွန်းတယ်၊
အမိုးမမြင့်ဘူး၊(၉ပေတဲ့)
လှေကားကျဉ်းတယ်။
အမြင့်ကြီးမှာ၊
ဘာပဲဖြစ်ဖြစ်၊
ငှားစားရင် တစ်သိန်းရသေးတယ်။
ကဗျာဆိုတာ အဇ္ဈတ္တကိုဖော်ပြရမယ်။
အတိုးဘယ်လောက်နှုန်းလဲ၊
အရင်းနဲ့ကိုက်သလား၊
လူဆင်းရဲတွေကို အမြတ်ထုတ်ဖို့လား၊
လူတန်းစားကွာဟမှုကို ဇစ်တပ်ပေးချင်တာလား၊
ငါလား၊ သူလိုကိုယ်လို ဘူဇွာ၊
အဲဒီလိုများလား၊
ငါ့အကွက် ငါအိမ်ဆောက်လိုက်ရင် လယ်လာစိုက်နေကြတစ်ယောက်
ငိုမှာလား၊
ဒီမြေတွေကို မင်းတို့မပိုင်ဘူး၊ ငါလည်း အငှား၊
မင်းတို့ငါတို့
တဏှာယောကျာ်းလက်သမားရဲ့
လွဲချော်ဆောက်ချက်တွေ။
မနက်ရှိုင်းဘူး၊
သို့သော်လည်း
သုံးမရတော့ဘူး။
ဒီဘဝ၊
ဟိုဘဝ၊
အဲဒီဘဝရဲ့ ခြေလှမ်းသုံးလှမ်းအကွာ၊
အဲဒီဘက်မှာရော
မြေဈေးဘယ်လောက်၊
ခြံမြေလား၊
အပင်စိုက်ရမှာလား၊
ငါးမွေးရမှာလား၊
လမ်းချဲ့ရင် ငါ့မြေမထိစေနဲ့လား၊
စီမံကိန်းမြေလား၊
မုဆိုးမဆီက မုန်ညင်းဆီလား၊ မုန်ညင်းစေ့လား၊
ပါပါရာဇီရဲ့ မှန်ပြောင်းရှည်ထဲက
ဝတ်လစ်စလစ် ဆယ်လီဘရစ်တီလား၊
ငါတို့ဘဝ
ငါတို့
ဝေခွဲမရသေးတာ မှားလား၊
ပါလာတာကို
ဖြတ်လိုက်ပြီးမှ
ပြန်လိုချင်လို့ အတုပြန်တပ်နေရမယ်တဲ့၊
အူအတတ်ထုတ်ထားတဲ့သူတွေပြောပါတယ်။
ကျနော့်အတွေးများချာချာလည်၊
ကြိုပွိုင့်အတွက်
ငိုဖို့
မျက်နှာသုတ်ပုဝါကြိုပြီး ပွိုင့်အောက် လုပ်ထားရမှာလား၊
အကယ်ဒမီတွေ ဘယ်နှစ်ထပ်ကွမ်းလဲ
ပွဲစားက လှလှလေး အမြဲပြုံးတယ်၊
ဟုတ်တယ် ဦးလေး၊
ဈေးတွေက
အရူး တရွတ်တိုက်ဆွဲသွားတဲ့ သစ်ကိုင်းထိပ်ဖျားမှာ ပါသွားတဲ့ သစ်ရွက်လေးလို
ဖြစ်ချင်ရာကို ဖြစ်နေတော့တာတဲ့၊
ကျွန်မတို့က ပွဲစားပါ
ကောက်ညှင်းပေါင်းရောင်းတယ်မမှတ်ပါနဲ့
ဘာလဲဟဲ့ ကောက်ညှင်းပေါင်း
နှမ်းဖြူးတယ်မထင်နဲ့လို့ပြောတာပါရှင့်
အော် ... အေး ...
အဆန်းတွေချည့်၊
ကိုင်ထားလိုက်တာမမှားပါဘူးရှင်ဆိုပဲ။
ဆွဲထားလိုက်မှ စိတ်ချရမယ်ဆိုတာလည်းရှိသေးတယ်။
တုံးခုထားပြီးကန်ထုတ်လိုက်ပေါ့တဲ့၊
လည်ပင်းကကြိုးကအစ
ငါ့ကို
အကြံပေးနေတယ်။ ။
Zephyr
Tuesday, December 10, 2013
ဒီဇင်ဘာ ၁၀ ရက်။
ဒီဇင်ဘာ ၁၀ ရက်။
ဘာလိုလိုနဲ့ဒီဇင်ဘာ သုံးပုံတစ်ပုံ ကျိုးသွားပြီ။
စန်တာကလော့စ် လာဖို့၊
ခြေအိတ်အနီလေးချိတ်ထားတယ်။
ဘာလက်ဆောင်မှမယူခဲ့ပါနဲ့၊
ကမ္ဘာမြေပေါ်က
ကလေးငယ်တွေရဲ့သောကတွေ၊
သယ်ဆောင်ပေးသွားဖို့ပဲ အားထုတ်ပါ စန်တာ။
ကလေးတစ်ချို့ jingle bell ဆိုနေချိန်မှာ
ကလေးတစ်ချို့ဟာ လမ်းမပေါ်မှာ တောင်းစားနေတယ်။
ကလေးတစ်ချို့ဟာ အိပ်ရာထဲလဲလို့ ငတ်ပြတ်နေတယ်။
ကလေးတစ်ချို့ဟာ ကုစရာဆေးဖိုးမရှိလို့ သံကုတင်မှာ အသက်ငင်နေတယ်။
ငြိမ်သက်ည၊ မြင့်မြတ်ညလို့ သီဆိုနေစဉ်မှာ ....
စိုးရိမ်သောက မကင်းတဲ့ မျက်လုံးတွေမှာ
မျက်ရည်တွေ ဝေသီနေတယ်။
လောကရဲ့အမှောင်ဖက်ခြမ်း၊
လောကရဲ့အလင်းဖက်ခြမ်း၊
ဇူဇယ်မရှိ၊မေရီမပါဘဲ
လမ်းမပေါ်
တွားတက်လာတဲ့ကလေးငိုသံတွေ၊
ကောင်းကင်တမန်တေးသံတွေကို
ဖုံးလွှမ်းသွားတယ်၊
နွားစားခွက်ထဲက ကောက်ရိုးတွေလောက်
နွေးထွေးမှုမရှိတဲ့
အထင်သေးမျက်လုံးတွေအောက်မှာ
ကလေးငယ်တွေ
လောင်ကျွမ်းသွားတယ်။
တစ်ချို့
ကလေးစစ်သားတွေဖြစ်သွား၊
တစ်ချို့
လူကုန်ကူးခံရ၊
Hark the herald angels sing
"Glory to the newborn King!
ဆိုနေတုန်း၊
တစ်ချို့ရပ်ကွက်တွေမှာ
နောက်ထပ်စားစရာ ပါးစပ်တစ်ပေါက်တိုး လာတယ်။
ဗလာတွေနဲ့ ဒီကလေးကို ဘယ်လိုဝလင်အောင်ကျွေးရမလဲ တဲ့၊
သိုးကျောင်းသားတွေ စုရုံးလာသလိုမျိုးပဲ
လက်နက်ကိုင်ရဲတွေဟာ အလစ်သုတ်သမား ကလေးငယ်ကို ဖမ်းသွားကြတယ်။
ကမ္ဘာကြီးရဲ့အမှောင်ဘက်ခြမ်းမှာ
ဒီလောက်မသာယာခဲ့ဘူး၊
ဟေရုဒ်ဟာ နှစ်ပေါင်း ၂၀၁၃ အကြာမှာ ဗီဇသစ်တွေနဲ့ ပွားများလာခဲ့ပြီ၊
နာဇရတ်မြို့သားတွေ
အနှိမ်ခံတွေ၊
နင်းပြားတွေ၊
တံထွေးခွက်ထဲက ပိုးမွှားတွေ၊
များသထက်များလာပြီ၊
ဂါဗြီအဲလ်ကဗျာဒိတ်လာပေးသလိုမျိုး၊
လမ်းပေါ်က ကလေးကို
လမ်းလူမိုက်ကြီးက အဖွဲ့ဝင်မလား လာမေးတယ်။
မိုးပွင့်လို ဖြူစင်သော နှလုံးသားတွေရဲ့
ကျဆုံးခန်းပေါ့ ...........၊
အဲဗစ်က in th ghetto ကိုဆိုဖို့
သူတို့က သူတို့ဘဝနဲ့ရေးဖွဲ့ပစ်လိုက်တာ။
ကြယ်တွေနောက်ကို လိုက်နေတဲ့
ပညာရှင်သုံးဦးတော့၊
ဒီဇင်ဘာမှာ
လမ်းပျောက်ရင်း
ကလေးအလောင်းတစ်ချို့
နင်းမိခဲ့ကြသေးတယ် ................................။ ။
Zephyr
ဘာလိုလိုနဲ့ဒီဇင်ဘာ သုံးပုံတစ်ပုံ ကျိုးသွားပြီ။
စန်တာကလော့စ် လာဖို့၊
ခြေအိတ်အနီလေးချိတ်ထားတယ်။
ဘာလက်ဆောင်မှမယူခဲ့ပါနဲ့၊
ကမ္ဘာမြေပေါ်က
ကလေးငယ်တွေရဲ့သောကတွေ၊
သယ်ဆောင်ပေးသွားဖို့ပဲ အားထုတ်ပါ စန်တာ။
ကလေးတစ်ချို့ jingle bell ဆိုနေချိန်မှာ
ကလေးတစ်ချို့ဟာ လမ်းမပေါ်မှာ တောင်းစားနေတယ်။
ကလေးတစ်ချို့ဟာ အိပ်ရာထဲလဲလို့ ငတ်ပြတ်နေတယ်။
ကလေးတစ်ချို့ဟာ ကုစရာဆေးဖိုးမရှိလို့ သံကုတင်မှာ အသက်ငင်နေတယ်။
ငြိမ်သက်ည၊ မြင့်မြတ်ညလို့ သီဆိုနေစဉ်မှာ ....
စိုးရိမ်သောက မကင်းတဲ့ မျက်လုံးတွေမှာ
မျက်ရည်တွေ ဝေသီနေတယ်။
လောကရဲ့အမှောင်ဖက်ခြမ်း၊
လောကရဲ့အလင်းဖက်ခြမ်း၊
ဇူဇယ်မရှိ၊မေရီမပါဘဲ
လမ်းမပေါ်
တွားတက်လာတဲ့ကလေးငိုသံတွေ၊
ကောင်းကင်တမန်တေးသံတွေကို
ဖုံးလွှမ်းသွားတယ်၊
နွားစားခွက်ထဲက ကောက်ရိုးတွေလောက်
နွေးထွေးမှုမရှိတဲ့
အထင်သေးမျက်လုံးတွေအောက်မှာ
ကလေးငယ်တွေ
လောင်ကျွမ်းသွားတယ်။
တစ်ချို့
ကလေးစစ်သားတွေဖြစ်သွား၊
တစ်ချို့
လူကုန်ကူးခံရ၊
Hark the herald angels sing
"Glory to the newborn King!
ဆိုနေတုန်း၊
တစ်ချို့ရပ်ကွက်တွေမှာ
နောက်ထပ်စားစရာ ပါးစပ်တစ်ပေါက်တိုး လာတယ်။
ဗလာတွေနဲ့ ဒီကလေးကို ဘယ်လိုဝလင်အောင်ကျွေးရမလဲ တဲ့၊
သိုးကျောင်းသားတွေ စုရုံးလာသလိုမျိုးပဲ
လက်နက်ကိုင်ရဲတွေဟာ အလစ်သုတ်သမား ကလေးငယ်ကို ဖမ်းသွားကြတယ်။
ကမ္ဘာကြီးရဲ့အမှောင်ဘက်ခြမ်းမှာ
ဒီလောက်မသာယာခဲ့ဘူး၊
ဟေရုဒ်ဟာ နှစ်ပေါင်း ၂၀၁၃ အကြာမှာ ဗီဇသစ်တွေနဲ့ ပွားများလာခဲ့ပြီ၊
နာဇရတ်မြို့သားတွေ
အနှိမ်ခံတွေ၊
နင်းပြားတွေ၊
တံထွေးခွက်ထဲက ပိုးမွှားတွေ၊
များသထက်များလာပြီ၊
ဂါဗြီအဲလ်ကဗျာဒိတ်လာပေးသလိုမျိုး၊
လမ်းပေါ်က ကလေးကို
လမ်းလူမိုက်ကြီးက အဖွဲ့ဝင်မလား လာမေးတယ်။
မိုးပွင့်လို ဖြူစင်သော နှလုံးသားတွေရဲ့
ကျဆုံးခန်းပေါ့ ...........၊
အဲဗစ်က in th ghetto ကိုဆိုဖို့
သူတို့က သူတို့ဘဝနဲ့ရေးဖွဲ့ပစ်လိုက်တာ။
ကြယ်တွေနောက်ကို လိုက်နေတဲ့
ပညာရှင်သုံးဦးတော့၊
ဒီဇင်ဘာမှာ
လမ်းပျောက်ရင်း
ကလေးအလောင်းတစ်ချို့
နင်းမိခဲ့ကြသေးတယ် ................................။ ။
Zephyr
Sunday, October 6, 2013
စူပါမန်း
ကျွန်တော် ကဗျာတိုလေးတွေကို ချစ်ပါတယ်။
အချိန်ရှားပါးလာတဲ့ ခပ်မြန်မြန်လောကကြီးအတွက် လိုရင်းရောက်စေတာမျိုးလို့ ကျွန်တော်မြင်မိတယ်။
ရှုပ်နေတဲ့လောကမှာ ရှင်းတာတွေမရှိတော့ပေမယ့်၊
ရှုပ်ပြီးသားအရှုပ်တွေကို စိတ်ရှင်းရှင်းမြင်နိုင်ရင်ကောင်းမယ်လို့ ကျွန်တော်တွေးမိတယ်။
ဟိုတစ်ပတ်ကပဲ စူပါမန်းအကြောင်း ကဗျာတိုလေး နည်းနည်းရေးဖြစ်တယ်။ ပေါ့ပေါ့ပါးပါး ကဗျာလေးတွေပါပဲ။
စူပါမန်းအကြောင်း ကျွန်တော်ပြောမယ်စိတ်ကူးတော့ သူ့ရဲ့ မျက်မှန်ကို ပထမဆုံးသတိရတယ်ဗျ။ ဒါနဲ့ပဲ ကျွန်တော်ချရေးလိုက်တယ်။
စူပါမန်းရဲ့မျက်မှန်။
စူပါမန်း မျက်မှန်တပ်တော့သာမန်လူ။
သာမန်လူ မျက်မှန်ချွတ်တော့ စူပါမန်း။
ခေတ်ကြီးကိုက ဆန်းလွန်းတယ်။ ။
Zephyr
နောက်တော့ သူ့ဟာ သူအရှိန်ရသွားတယ်။
စူပါမန်းရဲ့ သင်ယူမှု။
ခေတ်အဆက်ဆက်ဖြတ်လာပြီး
၂၀၁၃ ရောက်ခါမှ
အတွင်းခံဘောင်းဘီကို
အတွင်းမှာဝတ်တတ်သွားတယ်။
၂၀၁၅ မှာ တိုက်ပုံဝတ်မယ့် စူပါမန်း၊
သူက
ပြဿနာကို
အပေါ်မှာပဲရှင်းတယ်တဲ့။
လေထဲမှာပဲ
သူနဲ့သူ့ပြဿနာတွေ။ ။
Zephyr
စူပါမန်းအကြောင်းရေးရင်း ဘတ်မန်းကိုသတိရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဘတ်မန်းကို ပိုသဘောကျတယ်။ သူက လူသားပိုဆန်တယ်။ သူတို့နှစ်ယောက်ကို ကျွန်တော်ယှဉ်ပြီးတွေးတယ်။ သူတို့ရဲ့ဘဝတွေ ကွာခြားတာသတိပြုမိတယ်။
စူပါမန်းနဲ့ ဘတ်မန်း
စူပါမန်းက စူပါ ပါဝါတွေနဲ့၊
လုပ်ရတော့ စာရေးစာချီ၊
ဘတ်မန်းက ဘီလျံနာ၊
ဘာအလုပ်မှ လုပ်စရာမလိုလှဘူး။
မိဘတွေကွာခြားတော့
စူပါမန်းလည်း
ရုံးတက်နေရသေးတာပဲ။
မိုးပေါ်ပျံတက်နိုင်ပေမယ့်၊
အထူးအကြားအာရုံ၊
အထူးအမြင်အစွမ်းတွေ
ပိုင်သပေမယ့်၊
စူပါမန်းဟာ စာရေးစာချီ။ ။
Zephyr
မကြာသေးခင်ကပဲ စူပါမန်းဇာတ်ကားတွေ revision ပြန်တဲ့သဘောနဲ့ပြန်ကြည့်ရင်း သူမီးငြှိမ်းတဲ့ ဇာတ်ကွက်လေးကို ကျွန်တော်သတိရတယ်။ အဲဒါနဲ့ဆက်တွေးကြည့်ရင်း နောက်ထပ် ကဗျာတိုလေးတစ်ခုရလာတယ်။
စူပါမန်း မီးသတ်သမား။
ဓာတုစက်ရုံကြီးမီးလောင်တော့
စူပါမန်းဟာ
ရေကန်ဆီပျံသွား၊
ရေတွေကို ခဲပစ်ပြီး
ကောင်းကင်က မ လာခဲ့တယ်။
မီးတောက်ပေါ်
ရေခဲတုံးဖျော်ချ၊
မီးတွေငြိမ်းကျသွားစေတယ်။
စူပါမန်းဟာ
တကယ်တော်တာပဲ၊
တကယ်တော်ရင်
ဒီကမ္ဘာမှာ မမွေးဘူး၊
စူပါမန်းဟာ တစ်ခြားကမ္ဘာက၊
တကယ်တော်တဲ့ တစ်ခြားကမ္ဘာက၊
အဲဒါတော့
အလွမ်းခန်းပဲ။
Zephyr
နောက်တော့ ကျွန်တော် သူ့ရဲ့အကြောက်တရားအကြောင်းကိုတွေးတယ်။ သူ့မှာလည်း ကြောက်ရတဲ့ အစိမ်းရောင်ကျောက်တုံးလေးရှိတယ်။ ကြောက်ရွံ့ခြင်းမကင်းရတဲ့ ကမ္ဘာသားတစ်ယောက်ကို ကျွန်တော်ရှာတွေ့သွားတယ်။
စူပါမန်းနဲ့ အစိမ်းရောင် ခရစ်ပ်တွန်နိုက် ကျောက်တုံး
စူပါမန်းဟာ
ဒီကျောက်တုံးနဲ့တွေ့တော့
ပျော့ခွေနုံးချိသွားတယ်။
ကမ္ဘာကြီးကို
ပြောင်းပြန်ပတ်စေတဲ့သူ၊
မျက်လုံးက ရောင်ခြည်ထွက်
အင်အားသန်မာလွန်းသူ၊
သူ့မှာလည်း
ကြောက်စရာတစ်ခုရှိတယ်။
ကမ္ဘာမှာနေရင်
တစ်ခုခုကို ကြောက်ရမယ် မဟုတ်လား။
Zephyr
အကြောက်တရားပြီးတော့ စူပါမန်းမစွမ်းတာ ဘာရှိသလဲကို ကျွန်တော်ဆက်တွေးတော့ သူဟာလည်း အချစ်ရေးမှာမအောင်မြင်ဘူး။ အဲဒီတော့ကမ္ဘာမှာ အခက်ဆုံးဟာ ကိုယ်ချစ်တဲ့သူ ကိုယ့်ကို ပြန်ချစ်ဖို့ပဲလို့ ကျွန်တော်ခံစားရတယ်။ စူပါမန်းလည်း ဒီအတိုင်းနေမှာပဲလို့ ကျွန်တော်ကိုယ်ချင်းစာမိတယ်။
စူပါမန်းနဲ့ အချစ်ရေး။
စူပါမန်း
အချစ်ရေးအဆင်မပြေဘူး၊
ကမ္ဘာဂြိုဟ်မှာ
ခက်တာတွေအားလုံးထက်
ဒီတစ်ခု ပိုခက်တယ်တဲ့။
Zephyr
အောက်တိုဘာ ၄ ရက်နေ့ ရုံးမှာ အလုပ်လုပ်နေရင်း စူပါမန်းစိတ်ထဲရောက်လာတာနဲ့ ကဗျာတိုလေးတစ်ချို့ရေးဖြစ်သွားတယ်။ ဖတ်လိုက်ရလို့ ပျော်ရွှင်သွားတယ်ဆိုရင် ဒီကဗျာဟာ ခင်ဗျားအတွက်လည်းဖြစ်လိမ့်မယ်။ ။
အချိန်ရှားပါးလာတဲ့ ခပ်မြန်မြန်လောကကြီးအတွက် လိုရင်းရောက်စေတာမျိုးလို့ ကျွန်တော်မြင်မိတယ်။
ရှုပ်နေတဲ့လောကမှာ ရှင်းတာတွေမရှိတော့ပေမယ့်၊
ရှုပ်ပြီးသားအရှုပ်တွေကို စိတ်ရှင်းရှင်းမြင်နိုင်ရင်ကောင်းမယ်လို့ ကျွန်တော်တွေးမိတယ်။
ဟိုတစ်ပတ်ကပဲ စူပါမန်းအကြောင်း ကဗျာတိုလေး နည်းနည်းရေးဖြစ်တယ်။ ပေါ့ပေါ့ပါးပါး ကဗျာလေးတွေပါပဲ။
စူပါမန်းအကြောင်း ကျွန်တော်ပြောမယ်စိတ်ကူးတော့ သူ့ရဲ့ မျက်မှန်ကို ပထမဆုံးသတိရတယ်ဗျ။ ဒါနဲ့ပဲ ကျွန်တော်ချရေးလိုက်တယ်။
စူပါမန်းရဲ့မျက်မှန်။
စူပါမန်း မျက်မှန်တပ်တော့သာမန်လူ။
သာမန်လူ မျက်မှန်ချွတ်တော့ စူပါမန်း။
ခေတ်ကြီးကိုက ဆန်းလွန်းတယ်။ ။
Zephyr
နောက်တော့ သူ့ဟာ သူအရှိန်ရသွားတယ်။
စူပါမန်းရဲ့ သင်ယူမှု။
ခေတ်အဆက်ဆက်ဖြတ်လာပြီး
၂၀၁၃ ရောက်ခါမှ
အတွင်းခံဘောင်းဘီကို
အတွင်းမှာဝတ်တတ်သွားတယ်။
၂၀၁၅ မှာ တိုက်ပုံဝတ်မယ့် စူပါမန်း၊
သူက
ပြဿနာကို
အပေါ်မှာပဲရှင်းတယ်တဲ့။
လေထဲမှာပဲ
သူနဲ့သူ့ပြဿနာတွေ။ ။
Zephyr
စူပါမန်းအကြောင်းရေးရင်း ဘတ်မန်းကိုသတိရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဘတ်မန်းကို ပိုသဘောကျတယ်။ သူက လူသားပိုဆန်တယ်။ သူတို့နှစ်ယောက်ကို ကျွန်တော်ယှဉ်ပြီးတွေးတယ်။ သူတို့ရဲ့ဘဝတွေ ကွာခြားတာသတိပြုမိတယ်။
စူပါမန်းနဲ့ ဘတ်မန်း
စူပါမန်းက စူပါ ပါဝါတွေနဲ့၊
လုပ်ရတော့ စာရေးစာချီ၊
ဘတ်မန်းက ဘီလျံနာ၊
ဘာအလုပ်မှ လုပ်စရာမလိုလှဘူး။
မိဘတွေကွာခြားတော့
စူပါမန်းလည်း
ရုံးတက်နေရသေးတာပဲ။
မိုးပေါ်ပျံတက်နိုင်ပေမယ့်၊
အထူးအကြားအာရုံ၊
အထူးအမြင်အစွမ်းတွေ
ပိုင်သပေမယ့်၊
စူပါမန်းဟာ စာရေးစာချီ။ ။
Zephyr
မကြာသေးခင်ကပဲ စူပါမန်းဇာတ်ကားတွေ revision ပြန်တဲ့သဘောနဲ့ပြန်ကြည့်ရင်း သူမီးငြှိမ်းတဲ့ ဇာတ်ကွက်လေးကို ကျွန်တော်သတိရတယ်။ အဲဒါနဲ့ဆက်တွေးကြည့်ရင်း နောက်ထပ် ကဗျာတိုလေးတစ်ခုရလာတယ်။
စူပါမန်း မီးသတ်သမား။
ဓာတုစက်ရုံကြီးမီးလောင်တော့
စူပါမန်းဟာ
ရေကန်ဆီပျံသွား၊
ရေတွေကို ခဲပစ်ပြီး
ကောင်းကင်က မ လာခဲ့တယ်။
မီးတောက်ပေါ်
ရေခဲတုံးဖျော်ချ၊
မီးတွေငြိမ်းကျသွားစေတယ်။
စူပါမန်းဟာ
တကယ်တော်တာပဲ၊
တကယ်တော်ရင်
ဒီကမ္ဘာမှာ မမွေးဘူး၊
စူပါမန်းဟာ တစ်ခြားကမ္ဘာက၊
တကယ်တော်တဲ့ တစ်ခြားကမ္ဘာက၊
အဲဒါတော့
အလွမ်းခန်းပဲ။
Zephyr
နောက်တော့ ကျွန်တော် သူ့ရဲ့အကြောက်တရားအကြောင်းကိုတွေးတယ်။ သူ့မှာလည်း ကြောက်ရတဲ့ အစိမ်းရောင်ကျောက်တုံးလေးရှိတယ်။ ကြောက်ရွံ့ခြင်းမကင်းရတဲ့ ကမ္ဘာသားတစ်ယောက်ကို ကျွန်တော်ရှာတွေ့သွားတယ်။
စူပါမန်းနဲ့ အစိမ်းရောင် ခရစ်ပ်တွန်နိုက် ကျောက်တုံး
စူပါမန်းဟာ
ဒီကျောက်တုံးနဲ့တွေ့တော့
ပျော့ခွေနုံးချိသွားတယ်။
ကမ္ဘာကြီးကို
ပြောင်းပြန်ပတ်စေတဲ့သူ၊
မျက်လုံးက ရောင်ခြည်ထွက်
အင်အားသန်မာလွန်းသူ၊
သူ့မှာလည်း
ကြောက်စရာတစ်ခုရှိတယ်။
ကမ္ဘာမှာနေရင်
တစ်ခုခုကို ကြောက်ရမယ် မဟုတ်လား။
Zephyr
အကြောက်တရားပြီးတော့ စူပါမန်းမစွမ်းတာ ဘာရှိသလဲကို ကျွန်တော်ဆက်တွေးတော့ သူဟာလည်း အချစ်ရေးမှာမအောင်မြင်ဘူး။ အဲဒီတော့ကမ္ဘာမှာ အခက်ဆုံးဟာ ကိုယ်ချစ်တဲ့သူ ကိုယ့်ကို ပြန်ချစ်ဖို့ပဲလို့ ကျွန်တော်ခံစားရတယ်။ စူပါမန်းလည်း ဒီအတိုင်းနေမှာပဲလို့ ကျွန်တော်ကိုယ်ချင်းစာမိတယ်။
စူပါမန်းနဲ့ အချစ်ရေး။
စူပါမန်း
အချစ်ရေးအဆင်မပြေဘူး၊
ကမ္ဘာဂြိုဟ်မှာ
ခက်တာတွေအားလုံးထက်
ဒီတစ်ခု ပိုခက်တယ်တဲ့။
Zephyr
အောက်တိုဘာ ၄ ရက်နေ့ ရုံးမှာ အလုပ်လုပ်နေရင်း စူပါမန်းစိတ်ထဲရောက်လာတာနဲ့ ကဗျာတိုလေးတစ်ချို့ရေးဖြစ်သွားတယ်။ ဖတ်လိုက်ရလို့ ပျော်ရွှင်သွားတယ်ဆိုရင် ဒီကဗျာဟာ ခင်ဗျားအတွက်လည်းဖြစ်လိမ့်မယ်။ ။
Monday, July 29, 2013
ပျော်တော်ဆက်နှင့်တဒင်္ဂ
ပျော်တော်ဆက်နှင့်တဒင်္ဂ
ပျော်တော်ဆက်က သူ့ပါးစပ်ထဲ
ဓားရှည်ထိုးသွင်းပြတော့
လူတွေပျော်ကြတယ်။
ပျော်တော်ဆက်က
ကုလားမခြေထောက်နဲ့
ကြိုးခုန်ပြတော့
လူတွေပျော်ကြတယ်။
ပျော်တော်ဆက်က
လေထဲ နောက်ဂျွမ်းပစ်ပြီး
လူသုံးယောက်ကို ခုန်ကျော်ပြတော့
လူတွေပျော်ကြတယ်။
ပျော်တော်ဆက်က
ကြိုးနဲ့ချည်ထားတဲ့
ကုတ်အင်္ကျီကို
ကြိုးမဖြုတ်ဘဲ ထုတ်ယူပြသွားတော့
လူတွေပျော်ကြတယ်။
မပျော်တဲ့လောကကြီးမှာ
မပျော်တဲ့ ပျော်တော်ဆက်က
မပျော်တဲ့သူတွေ ပျော်အောင်
လုပ်ပြကြတယ်။
ပျော်တော်ဆက်ရဲ့ ဦးထုပ်ထဲ
မပျော်တဲ့လူတွေ
ပျော်တဒင်္ဂကြေးပေးပြီး
မပျော်တဲ့ လောကထဲ
ငုံ့ဝင်သွားကြတယ်။
လောကဓံ
ချောင်းကြည့်ပေါက်ကနေ
ပျော်တော်ဆက်ပြန်လာမလား
တစ်ချက်တစ်ချက်ချောင်းကြည့်ပြီး
ပျော်ချင်ဟန်ဆောင်လိုက်ကြတယ်။
အကြောက်တရားကိုလည်းပျော်ကြရ၊
စိုးရိမ်ထိတ်လန့်မှုကိုလည်းပျော်ကြရ၊
မသေချာခြင်းတွေကိုလည်းပျော်ကြရ၊
ပျော်တော်ဆက်ပျောက်သွားတော့
ရှိတာနဲ့ပျော်ကြရတယ်။ ။
Zephyr
ပျော်တော်ဆက်က သူ့ပါးစပ်ထဲ
ဓားရှည်ထိုးသွင်းပြတော့
လူတွေပျော်ကြတယ်။
ပျော်တော်ဆက်က
ကုလားမခြေထောက်နဲ့
ကြိုးခုန်ပြတော့
လူတွေပျော်ကြတယ်။
ပျော်တော်ဆက်က
လေထဲ နောက်ဂျွမ်းပစ်ပြီး
လူသုံးယောက်ကို ခုန်ကျော်ပြတော့
လူတွေပျော်ကြတယ်။
ပျော်တော်ဆက်က
ကြိုးနဲ့ချည်ထားတဲ့
ကုတ်အင်္ကျီကို
ကြိုးမဖြုတ်ဘဲ ထုတ်ယူပြသွားတော့
လူတွေပျော်ကြတယ်။
မပျော်တဲ့လောကကြီးမှာ
မပျော်တဲ့ ပျော်တော်ဆက်က
မပျော်တဲ့သူတွေ ပျော်အောင်
လုပ်ပြကြတယ်။
ပျော်တော်ဆက်ရဲ့ ဦးထုပ်ထဲ
မပျော်တဲ့လူတွေ
ပျော်တဒင်္ဂကြေးပေးပြီး
မပျော်တဲ့ လောကထဲ
ငုံ့ဝင်သွားကြတယ်။
လောကဓံ
ချောင်းကြည့်ပေါက်ကနေ
ပျော်တော်ဆက်ပြန်လာမလား
တစ်ချက်တစ်ချက်ချောင်းကြည့်ပြီး
ပျော်ချင်ဟန်ဆောင်လိုက်ကြတယ်။
အကြောက်တရားကိုလည်းပျော်ကြရ၊
စိုးရိမ်ထိတ်လန့်မှုကိုလည်းပျော်ကြရ၊
မသေချာခြင်းတွေကိုလည်းပျော်ကြရ၊
ပျော်တော်ဆက်ပျောက်သွားတော့
ရှိတာနဲ့ပျော်ကြရတယ်။ ။
Zephyr
Wednesday, May 29, 2013
အတု၊ အစစ်။
အတု၊ အစစ်။
အစစ်ဟာ
အတုအကြောင်း
မပြောပြတတ်ဘဲ
သေဆုံးသွားရှာပေါ့ ..............။
သေဆုံးသွားတဲ့အစစ်ရဲ့တန်ဖိုးကို
ရှင်သန်သယောင် အတုမှာ
ရှာမတွေ့နိုင်ပြီ။
အရိပ်ကို
ဝတ်ဆင်တဲ့ ပီတာပန်၊
သံချိတ်ကောက်လက်နဲ့ ကက်ပတိန် ဟွခ်၊
နာရီမျိုမိချောင်း တစ်တောက်
အတောင်တဖျပ်ဖျပ်တင်ကာဘဲလ်
...
သူတို့နဲ့အတူ
အမှောင်ဟာအရိပ်ထဲတိုးဝင်နေတယ်။
၁၀၀ ရာခိုင်နှုန်းပြန်မရရင်
ချစ်ခြင်းမေတ္တာတောင်
တစ်စက်မှမလိုချင်ဘူး၊
Neverland နတ္ထိပြည်မှာ .....
အမှန်တရားဟာ
အောင်ပွဲခံသလို
သေချာခြင်းမျိုး
ပြန်မရှာတတ်တော့ပြီ။
ကားလိပ်နောက်ကွယ်မှာ
ငိုသံကို နားမစွင့်မိတော့ ...........
ကိုယ့်ခြေထောက်အောက်မှာတင်၊
ခရီးဟာရှည်လျားပျော့ပြောင်းစွာ
စီးဆင်းညင်သာ။
ချောက်ကမ်းပါးစွန်းမှာ
သူ့ကိုယ်သူ အနိုင်နိုင်ရပ်နေတဲ့
ပခုံးအတုကို
မီတွယ်မိတော့
ကာလတို ပျံသန်းခြင်းကိုသာ
အဆုံးစွန်ချစ်ခင်လိုက်ရတာပါပဲ ။ ။
Zephyr
အစစ်ဟာ
အတုအကြောင်း
မပြောပြတတ်ဘဲ
သေဆုံးသွားရှာပေါ့ ..............။
သေဆုံးသွားတဲ့အစစ်ရဲ့တန်ဖိုးကို
ရှင်သန်သယောင် အတုမှာ
ရှာမတွေ့နိုင်ပြီ။
အရိပ်ကို
ဝတ်ဆင်တဲ့ ပီတာပန်၊
သံချိတ်ကောက်လက်နဲ့ ကက်ပတိန် ဟွခ်၊
နာရီမျိုမိချောင်း တစ်တောက်
အတောင်တဖျပ်ဖျပ်တင်ကာဘဲလ်
...
သူတို့နဲ့အတူ
အမှောင်ဟာအရိပ်ထဲတိုးဝင်နေတယ်။
၁၀၀ ရာခိုင်နှုန်းပြန်မရရင်
ချစ်ခြင်းမေတ္တာတောင်
တစ်စက်မှမလိုချင်ဘူး၊
Neverland နတ္ထိပြည်မှာ .....
အမှန်တရားဟာ
အောင်ပွဲခံသလို
သေချာခြင်းမျိုး
ပြန်မရှာတတ်တော့ပြီ။
ကားလိပ်နောက်ကွယ်မှာ
ငိုသံကို နားမစွင့်မိတော့ ...........
ကိုယ့်ခြေထောက်အောက်မှာတင်၊
ခရီးဟာရှည်လျားပျော့ပြောင်းစွာ
စီးဆင်းညင်သာ။
ချောက်ကမ်းပါးစွန်းမှာ
သူ့ကိုယ်သူ အနိုင်နိုင်ရပ်နေတဲ့
ပခုံးအတုကို
မီတွယ်မိတော့
ကာလတို ပျံသန်းခြင်းကိုသာ
အဆုံးစွန်ချစ်ခင်လိုက်ရတာပါပဲ ။ ။
Zephyr
Subscribe to:
Posts (Atom)