Friday, January 28, 2011

ခေါင်းကိုက်ခြင်း ဒုတိယပုံစံ။

ခေါင်းကိုက်ခြင်း ဒုတိယပုံစံ။

ဘာမှယုံမရတော့တဲ့အရာတွေထဲမှာ
negative capability အပြည့်
ဂျွန်ကိစ်ကိုလွမ်းသလိုလိုဖြစ်လာ။
ကိစ် အခန်းထဲမှာ ဘယ်တံခါးက အသေပိတ်ထားလဲ ပြောပြနိုင်မလား။

ချောင်းကိုပစ်ခွာသွားတဲ့မြစ်တွေအကြောင်း၊
မြစ်တွေ bottleneck ဖြစ်နေတဲ့ ချောင်းတွေ
ချောင်းတွေက သဘာပတိပဘောကိုဆောင်လား၊
ချောင်းတွေက ရောဂါတစ်ခုရဲ့ရှေ့ပြေးလား။
ချောင်းတွေက ချောင်းမြောင်းကြည့်ရှူလား။
ချောင်းတွေက ကုပ်ချောင်းချောင်းလား။
ချောင်းတွေက အမျက်ချောင်းချောင်းထလား။
ချောင်းကောထဲမှာ အသက်ကောနေတဲ့ငါး .........
သေလောက်အောင်ပျော်နေတာပါပဲ။

အလင်းတွေကို တစ်ဆင့်ချင်းဖွင့်ပြီး
အမှောင်ထဲကို သွားလိုက်ချင်တယ်။
ပိန်းပိတ်မွန်းကြပ်မှု၊
ဆာလောင်နေတဲ့ ဒုက္ခတွေနဲ့ တရင်းတနှီး၊
အသက်နဲ့အမျှ လောကဓံကြီးကြီး ၀ယ်ခွင့်ရလာတယ်။
အဲဒါ .. ပျော်စရာ ကောင်းတယ်။

တစ်ယောက်နဲ့တစ်ယောက်
ပေးစရာမရှိရင်တောင်
ဒုက္ခပေးလို့ရတယ်။

တစ်ယောက်ကို တစ်ယောက်က
ငိုအောင်လုပ်နေရတဲ့ပြဇာတ်ဟာ
နှစ်လေးဆယ်လောက်ကပြရမယ်။

ခရမ်းပြာထက်လူရဲ့
လူများတွေချစ်တာ အမေဆဲသလောက်ပဲရှိတယ်ဆိုတာကို ကြည်နူး၊
သာယာငြိမ်းချမ်းမှုတွေကို
မီးခတ်လို့ရမှန်း အချိန်လွန်မှသိ
ကမ္ဘာ့စီးပွားရေး အကြုံ့အဆန့်မှာ
ခါးမျက်သွားသလို .......
စိတ်မျက်သွားတာလား၊
စိတ်ပျက်သွားတာလား၊
တစ်ခုခုနဲ့တစ်ခုခုကိုလဲတဲ့
ဘာတာစနစ်ထဲ
ရှင်သန်မှုနဲ့
နောင်တတွေကို လဲစားပစ်လိုက်တယ်။

အသက်ရှူမရတဲ့အခါ
ကဗျာတွေရေး၊
အသက်ရှူလို့ရရင်
ပညာရပ်ဆိုင်ရာဖတ်၊
ဘ၀ကို ရသမျှနန်းဆွဲ ...
ရသမျှဖိသိပ်၊
စိတ်ဟာ ကြုံ့သထက်ကြုံ့ရင်း
Black Hole ဖြစ်စပြုလာ။
ပျော်ရွှင်မှု၊
ခံစားတတ်ခြင်း၊
ဝါသနာ၊
မျှော်လင့်ခြင်း၊
ယုံကြည်ခြင်း၊
ငြိမ်းချမ်းမှု .......
ဒါတွေ တတိတိ ၀ါးမျိုးခံလိုက်ရတယ်။

စိတ်ဟာ
တုန်ခါနေတဲ့ အမှုန်လေးတစ်ခုပါ။
အချစ်ဟာ အဲဒီအမှုန်လေးမှာ ကုတ်ကပ်ဖက်တွယ်ထားတဲ့ သူရဲကောင်းပေါက်စလေးမျှသာ။ ။

Zephyr။ ။

No comments: