ရွှေဖြစ်နေတဲ့ Midas အိမ်မက်တွေတွေ့တယ် ...
ကရုဏာ သီတလ ဟဒယံ အစချီတဲ့ .... တိမ်ကလေးတွေ ဖြတ်သွားတာတွေ့တယ် ...
ကဗျာတစ်ပုဒ်ရဲ့ မြစ်ဖျားခံရာဒေသကိုလည်းတွေ့တယ် ....
အမှောင်ထဲမှာ ရပ်တန့်စောင့်ဆိုင်းနေတဲ့ သစ်ကိုင်း ရဲ့ စိတ်ရှည်တဲ့ အသက်ရှူသံကိုတွေ့တယ် ...
စစ်ပွဲတွေစတင်ရာအကြောင်းတရားမဲ့မှုကို တွေ့တယ် ....
ပတ်စာခွာ ဖျာလိပ် .. ငြိမ်းချမ်းရေးရဲ့ အသံတိတ်နေတာကိုလည်း တွေ့တယ် ....။
မနေ့က ...
အသက်ရှူရတာကိုမေ့တယ် ...။
လူတွေရဲ့ လောက၀တ်ကို မေ့တယ် ....။
ဖြောင့်တန်းစွာ ဆက်လက် ခရီးမဆက်နိုင်တော့တဲ့ အလင်းတန်းကို မေ့တယ် ...။
လူတွေဝိုင်းဝန်းပစ်ချထားတဲ့ သက်ပြင်းချသံရဲ့ dB (decibel) ကိုမေ့တယ် ...။
ကတိက၀တ်ကိုမေ့တယ် ...။
ဘဏ်ငွေလက်ကျန်ကိုမေ့တယ် ...။
မိဘကျေးဇူးကိုမေ့တယ် ...။
လေထုထဲ အောက်ဆီဂျင်ဆက်လက်ပါဝင်နှုန်းကို မေ့တယ် ...။
မနေ့က ...
လက်ပံပွင့်ချိန် မရူးသေးတဲ့ခွေး အဖော်မဲ့တဲ့အကြောင်းတွေးတယ် ။
မပွင့်သေးတဲ့ ပန်းတစ်ပွင့်ရဲ့ရနံ့အကြောင်းတွေးတယ် ...။
မတည့်အတူနေတဲ့ ရုပ်နဲ့နာမ်အကြောင်းတွေးတယ် ...။
ခရမ်းရောင် အပြည့်သိပ်ထည့်ထားတဲ့ မိုးပျံပူဖောင်းတစ်ခုအကြောင်းတွေးတယ် ...။
စကြ၀ဠာထဲ ပစ်လွှတ်လိုက်တဲ့ ဘူမာရင်း အကြောင်းတွေးတယ် ...။
မနေ့က ...
ဇီဝနာရီ သဲတွေနည်းလာတာကို ပျော်ရွှင်တယ်။
စကားလုံးခွဲခြမ်းစိတ်ဖြာထားတဲ့ကဗျာဖတ်ရတာပျော်ရွှင်တယ်။
မနေ့က
သက်တစ်ရာတမ်းကို မနေ့ကဟုယူဆပါ ... ဆိုတဲ့ စာတစ်ကြောင်း ကဗျာအစမှာ အရင်ရေးဖို့ မေ့ခဲ့တယ်။ ။
Zephyr
နိုဝင်ဘာ ၂၁၊ ၂၀၀၉
Comments :
မနေ့က
အဖြူရောင်စစ်စစ်မေတ္တာတရားကို တွေ့ရှိခဲ့တယ်
မနေ့က
တရားသဘောနဲ့ ခွဲခွာခဲ့တဲ့ လမ်းတွေကို ပြန်လှည့်ကြည့်မိတယ်
မနေ့က
ဗျာဒိတ်တော်အရ စတင်ခဲ့တဲ့ ဆုံမှတ်တစ်ခုအကြောင်း စဉ်းစားမိတယ်
မနေ့က…
……………
မနေ့က……….
………….
မနေ့က……..
အရာအားလုံးက ဒီနေ့နဲ့သိပ်ကွာခြားနေခဲ့ပြီး ထပ်တူလည်းကျနေခဲ့တယ်။
အဖြူရောင်စစ်စစ်မေတ္တာတရားကို တွေ့ရှိခဲ့တယ်
မနေ့က
တရားသဘောနဲ့ ခွဲခွာခဲ့တဲ့ လမ်းတွေကို ပြန်လှည့်ကြည့်မိတယ်
မနေ့က
ဗျာဒိတ်တော်အရ စတင်ခဲ့တဲ့ ဆုံမှတ်တစ်ခုအကြောင်း စဉ်းစားမိတယ်
မနေ့က…
……………
မနေ့က……….
………….
မနေ့က……..
အရာအားလုံးက ဒီနေ့နဲ့သိပ်ကွာခြားနေခဲ့ပြီး ထပ်တူလည်းကျနေခဲ့တယ်။
.............................
မနော်ဟရီ
4 comments:
/*လေးလေးစားစားရေးတဲ့ comment*/
ဟုတ်ပါတယ် comment ရေးခဲပါတယ်။ မရေးသလောက်ပါပဲ (ဂုဏ်ယူစေချင်ပါတယ် :P) တကယ်က ဥယျာဉ်ထဲမှာရေးချင်တာပါ။ ဒါပေမယ့် ဥယျဉ် library ဆိုတော့တိတ်ဆိတ်ခြင်းဖြင့် ကူညီပါတယ်။ post title ကစလို့ foot print ထိသေချာဖတ်ပါတယ်။ မပို့ဖြစ်သေးတဲ့စာ လိုမျိုးကြောင့် မေ့တော့မလိုဖြစ်နေတဲ့ အခြေခံလေးတွေ သတိရလာတဲ့အတွက် ကျေးဇူးပါ။ ဆရာမ ဂျူး ရဲ့ သူမင်းကိုဘယ်တော့မှ က ဖတ်ပြီးသားပါ။ ( The Bottom Billion ကိုတော့ဖတ်ဖို့မကြိုးစားခဲ့ပါဘူး အခုလည်း မကြိုးစားပါဘူး :) )Blog ကိုပဲစောင့်ဖတ်နေပါတယ်။ ဆရာမ ဂျူး စာအုပ်ထပ်ဖတ်ရင်းနဲ့ပါ။
- အမေ့ကိုသတိရလို့ စာများများရေးမယ်ဆိုတာ သိလို့ပျော်နေပါတယ်။ (leave ယူပြီး အများကြီးရေးမယ်ဆိုထဲက ပျော်နေတာပါ)
- အမေ့ကိုသတိရရင်း၊စာတွေရေးရင်း အမျိုး၊ဘာသာ၊သာသနာ အတွက်လည်း တစ်နေ့တစ်နာရီ ပိုအိပ်နိုင်ပါစေ။
- 1818 company မှာလည်း အလုပ်ရပါစေ။
- ၁၇ ~ 22 ကြားကလေးတွေ The Gardener Blog ဖတ်ရင် ကံစမ်းမဲ ပေးမယ်ဆိုတာကိုလည်း မြန်မြန်အကောင်အထည်ဖော်စေချင်ပါတယ်။ (၂၃ပြည့်ဖို့ လပိုင်းလောက်ပဲ လိုတော့လို့။ ဟိ ဟိ)
- လေးလေးစားစား ရေးတာပါ။ အမှားပါရင်တော့ ခွင့်လွှတ်ပါ။ :)
မနေ့က .....
ကဗျာတစ်ပုဒ်ဖတ်ဖြစ်တယ်။
တစ်ဘဝလုံးစာ သယ်ဆောင်သွားခဲ့တယ်။
မနေ့က မတွေ့မိသောကြောင့် ..
ဒီကနေ့မှ လင့်ခ်ယူသွားပါတယ် ..
မနေ့က အကြောင်းတွေတော့ ပြန်မတွေးမိရင် အကောင်းဆုံးပဲ..
Post a Comment