Tuesday, August 16, 2011

နွေရာသီကိုပန်ဆင်သော ဥသြသည် သာယာညင်းသွဲ့ ငိုလေ၏

နွေရာသီကိုပန်ဆင်သော ဥသြသည် သာယာညင်းသွဲ့ ငိုလေ၏

မီးခိုးရောင်ကိုယ်စားပြုမှုတွေနဲ့ တိုက်စားလွန်းသောတရား
ပျစ်ခဲဆေးသားတိမ်တိုက်ထဲကပ်နေတဲ့ ပျံမရတဲ့ငှက်များ
ခြေထောက်မပါတဲ့မြစ်ကမ်းနပါးမှာတော့ သွေးအေးစိတ်သတ်သမား
ဒဏ်ရာသည်းနေသူအတွက် ခြေသံလေးတစ်ခုဟာလည်း စိုးရွံ့ထိတ်လန့်စရာ။

အကျအရှုံးအမြောက်အမြားနဲ့ နောက်ဆုံး အလံကျိုးပဲ့မှု
အနက်ရှိုင်းဆုံး သွေးစက်အငွေ့ပျံချိန်ထိ ခုခံထားတဲ့ ခံတပ်လေးထဲ
ရုပ်ဆင်းပျက် ပြိုကွဲမှုက တစစီ ……….။

ဆောင်းခေါ်တေး တကြော်ကြော်နဲ့
မနေ့ညအထိ မျှော်ခဲ့သေးတယ်။
နစ်သွားတဲ့ရွက်တိုင်မှ ခရမ်းပြာ(ပင်လယ်)ကြမ်းပြင်ထိ၊
လွမ်းဆွတ်ခြင်းဟာ ငုပ်မိသဲတိုင်။

မှားယွင်းတဲ့ယုံကြည်မှုဟာ လက်ချော်သွားတဲ့ တက်တူးလို
သေရာပါရယ်စရာနဲ့၊
မြန်နှုန်းမြင့်ရူးသွပ်ခြင်းတွေ ပြေးထွက်သွားပုံကတော့
အရူးတပိုင်းဆန်လွန်းနေရဲ့၊
ရပ်မရတဲ့ခြေထောက်များနဲ့ နင်းဖြတ်ရမယ့် ဆူးလမ်းတွေက
တနံတလျား …… အလိုက်အလျားသင့်မိခဲ့တဲ့ရင်ခွင် အမှားမှာ
နောင်တရွက်ဟောင်း တကြွေကြွေ။ ။

Notes:
I wrote this poem with regret.
I didn't use my pen name as well. My mind is shrinking to become a blackhole. See you again in the next big bang.

Regards,
The Gardener