Monday, July 23, 2012

လရောင်တက်တူး။


လရောင်တက်တူး။

ခွေးအူသံအဖြူတွေ၊
ကြိတ်သွားတဲ့လှည်ဘီးမှာ၊
လရောင်လည်းပါသွားတယ်။

အပျော်တမ်းကစားပွဲမှာမှ
လေးနက်လွန်းနေခဲ့တဲ့
ညမွှေးပန်းရနံ့များ၊

မိုး စဲ သွား ပြီ လား၊
ကြွေကျနေတဲ့
ကောင်းကင်ရော
စဲသွားပြီလား

ဆန့်တန်းထားတဲ့လက်ထဲ
အရည်ပျော်ကျနေတဲ့ မျက်ရည်ပေါက်များ၊
စဲ သွား ကြ  ပြီ လား။

အခုတော့
မှားယွင်းမှုဆေးသားများ
အသက်ဝင်လွန်း၊

နာကျင်မှုကို
အရသာခံတတ်ရင်တော့
ချို ခဲ့ ပါ တယ်။                          ။

Zephyr

No comments: