ခရီးသွားရင်း၊ အမြည်းစားရင်း
သိပ်အဝေးကြီးသွားတော့လည်း
ခြေညောင်းတယ်။
ရပ်နေပြန်တော့လည်း
ပြတ်ကျန်ခဲ့သလိုလိုပဲ။
လက်ခုပ်သံကြောင့် ပြေးတဲ့ ချန်ပီယံလည်း
လက်ခုပ်သံနဲ့အတူ ပြီးဆုံးသွားပြီ။
အဝေးမှာ
အဝေးပဲရှိတယ်။
အဲဒီအထိ သွားမှာလား။
ပြန်ကြည့်တော့
အရိပ်ဟာ
အတိတ်မှာ ကျန်နေခဲ့သလိုလိုနဲ့
ဖိနပ်ပေါက်နေတာပါလား။
ငါကယ်မှဖြစ်မယ့်အရာ
တစ်ခုမှမရှိသေးတဲ့အတွက်
ကျေနပ်ပါတယ်။
စစ်သွေးလည်းမကြွခဲ့သလို
ရေဒီယိုသတ္တိလည်းမကြွခဲ့ပါဘူး။
အိမ်မက်ထဲက ခြင်္သေ့တွေ၊
အိမ်မက်ထဲက အံဆွဲထဲမှာ၊
ညပ်ကျန်ရစ်ခဲ့တာ။
ပန်းပွင့်တွေဟာ
ကောင်းကင်မှာ ပွင့်တော့
ကြယ်တွေအမှတ်နဲ့
ငေးရပြန်တာပါပဲ။ ။
Zephyr
No comments:
Post a Comment