Sunday, October 12, 2014

လေလွင့်ဝေးလံ

လေလွင့်ဝေးလံ

ဒဏ်ရာနှစ်မျိုး၊
တစ်မျိုးက မသေ၊
တစ်မျိုးက သေ။

အချစ်နှစ်မျိုး၊
တစ်မျိုးက ရက်လွန်နေ့စွဲပါ၊
တစ်မျိုးက ထာဝရ။

အိမ်မက်နှစ်မျိုး၊
တစ်မျိုးက လင်းလက်၊
တစ်မျိုးက မှုန်ဝေ။

ခရီးကနှစ်မျိုး၊
ပြန်လမ်းရှိ၊
ပြန်လမ်းမဲ့။

သေခြင်းကနှစ်မျိုး၊
ပြုံးသေ
မဲ့သေ။

နာကျင်တာတွေကို
စက္ကူလှေလေးခေါက်ပြီး၊
မျှောလိုက်တာ ......
အမေ့အုတ်ဂူဆီရောက်ပါ့မလား။               ။

Zephyr

Mum, it had been six years.
We still get your love and kindness.
R.I.P



No comments: