ရိုးရိုးပိတောက်
ပိုင်ဆိုင်မှုတစ်စုံတစ်ရာမရှိတဲ့ ကောင်လေးတစ်ယောက်အတွက် ....
အစောဆုံးပွင့်တဲ့ ပိတောက်ထက်ပိုပြီး ဘာကိုပေးနိုင်မှာလဲ ....
နူးညံ့ပွင့်ဖတ်ထဲမှာ
ချစ်ခြင်းအဝါဟာ
ရွှေလိုသိပ်သည်းပြီး
သိမ်မွေ့လွန်းနေခဲ့တယ်။
အလှဆုံးခူးထားတဲ့ ပိတောက်ပန်းဟာ
သူ့ရင်ခွင်ဆီကို ဘယ်နှမိနစ်အတွင်းရောက်သွားမှာလဲ၊
စီးစရာယာဉ်ဆိုလို့
ခြေထောက်နှစ်ချောင်းသာရှိတဲ့ကောင်လေး ...
ပြေး .... ပြေးရုံပေါ့ ......။
မနက်ခင်းဟာ လင်းသလား၊
ချစ်သူ့မျက်နှာဟာ ဝင်းသလား၊
အိမ်မက်ဖိနပ်အသစ်ကြီးစီးထားတဲ့ ဆင်းရဲသားလေး၊
ပိတောက်ပန်းပိုက်ပြေးနေပုံက
ဘုရင်ဆန်လွန်းနေခဲ့တယ်။
တိမ်အပြာတွေ ဖျော့မသွားပါဘူး၊
အရုဏ်ကြိုငှက်ကျေးတွေ လူပျော်လေးကို ရပ်ငေးနေခဲ့တယ် ....။
ချစ်ခြင်းဟာ လူငယ်လေးရင်ဘတ်ထဲက တုတ်ထောက်ခုန်သမား ....၊
မျှော်လင့်ခြင်းအမြင့်ကို
နှလုံးသားရုန်းအားနဲ့ ခုန်ကျော်ပြမတဲ့။
တစ်ချို့အိမ်ရဲ့ ခြံဝင်းတံခါးဟာ
လူတိုင်းဝင်ဖို့မဟုတ်ဘူးတဲ့၊
အထူးသဖြင့်
ပိတောက်ပန်းနဲ့ချစ်ခြင်းကလွဲပြီး၊
အရာရာချွတ်ခြုံကျနေတဲ့ ကောင်ငယ်လေး ...ဝင်ခွင့်မသာတော့
တံခါးရှေ့ရပ်ငေး ...
ဆွေး ... ဆွေးရုံပေါ့ ........။ ။
Zephyr
Tuesday, April 14, 2015
Sunday, April 12, 2015
မဟာသင်္ကြန်တက္ကနို
မဟာသင်္ကြန်တက္ကနို
ထိုထိုနှစ်များကုန်လွန်သွားသည်ကို
မဏ္ဍပ်ပေါ်မှ ငုံ့ကြည့်ရင်း ...
ပိတောက်တွေ
ဘယ်လိုအင်အားနဲ့ပွင့်ထွက်လာတာလဲ၊
ဝီစကီလုံမေလေးများ ဘယ်လိုသောကရှိနေသလဲ၊
မဏ္ဍပ်ပေါ်မှ တွေးနေရင်း
ရေမကျတဲ့ပိုက်နဲ့၊
သိကြားမင်းမကြိုက်တဲ့ ဘီယာနဲ့၊
ရေတွက်ရမှာပျင်းစရာကောင်းတဲ့
ငါးထောင်တန်ထုပ်တွေနဲ့၊
wy စာတန်းပါ ပျော်စရာဆေးပြားများနဲ့၊
ကလေးများပျော်ရွှင်ရုံ ecstasy ကဒ်များနဲ့၊
ဆူညံတဲ့ မြန်မာပြည်လုပ် တက္ကနိုဂီတနဲ့၊
ငါရွေ့ပြီး တိမ်တွေ ရပ်နေတာ သိပ်မကြာသေးသလိုပဲ။
မူးယစ်ဆေးမပါဘဲ၊
ငါတို့တွေ ဘယ်လောက် ပျော်နိုင်ခဲ့သလဲ။
ရေတွေမပါဘဲ
ငါတို့တွေ ဘယ်လောက်အေးခဲ့ပါသလဲ။
ဒါကိုသိဖို့ ....
ကားကိုနောက်ပြန်မောင်းပြီး
လမ်းကျဉ်းထဲ drift ဆွဲကွေ့လိုက်ရာက
သံသရာဟာ
တာယာတွေနဲ့အတူပါးလျသွားခဲ့တာ။
ရေစိုခံအိတ်ထဲက
ဖုန်းတစ်လုံးရဲ့ဘဝလို
အန္တရာယ်ရနံ့ကို ရနေတာမျိုးလား၊
ဖြတ်ခနဲဆွဲထုတ်လိုက်တဲ့
baseball bat ဟာ
လူငယ်ဘဝရဲ့
အနုပညာသက်သက်ပါပဲ။
အလှပြကား၊
ကိုယ်ဝန်ဆောင်နဲ့၊
သာသနာ့ဘောင်ကလူတွေကလွဲရင်
သင်္ကြန်က
အားလုံးကို ဖျန်းပက်ခဲ့တာပါပဲ။
ရေနဲ့ဖြစ်စေ၊
သွေးနဲ့ဖြစ်စေ၊
ဖျန်းပက်ခဲ့တာပါပဲ။
သင်္ကြန်မိုးကားဟာ
ထုံးစံအတိုင်း ကြေကွဲစရာကောင်းနေပြီး၊
ကောင်းကင်ဟာ
အပြစ်မဲ့တန်ခူးလအပြာရောင်နဲ့
ကြည်လင်တောက်ပနေခဲ့တယ်။
တိတိကျကျ
ချစ်မိခဲ့တဲ့ ...
အမိုးဖွင့် Jeep ကားတစ်စီးဟာ
သင်္ကြန်ရဲ့
ချုပ်ရိုးကြောင်းလို
ပြေးလွှားနေဆဲ၊
ရိုသေစွာလွမ်းဆွတ်လိုက်တဲ့
ပိတောက်ပန်းရဲ့အဝါ ....
ရင်ဘတ်ထဲမှာပွင့်လို့ ....
ရင်ကျိုးခဲ့ရတာလား။
အိမ်မက်မှန်းသေချာအောင်
ပြန်နိုးထဖို့ကြိုးစားရင်း ...
တစ်ခုသော သင်္ကြန်ကနေ ထွက်မရတဲ့
Jeep တစ်စင်း ....၊
ခင်ဗျားတို့ရှာတွေ့ချိန်မှာ ....
မီးလောင်ပြီးရောပေါ့ .....။ ။
With Peace,
Zephyr
ထိုထိုနှစ်များကုန်လွန်သွားသည်ကို
မဏ္ဍပ်ပေါ်မှ ငုံ့ကြည့်ရင်း ...
ပိတောက်တွေ
ဘယ်လိုအင်အားနဲ့ပွင့်ထွက်လာတာလဲ၊
ဝီစကီလုံမေလေးများ ဘယ်လိုသောကရှိနေသလဲ၊
မဏ္ဍပ်ပေါ်မှ တွေးနေရင်း
ရေမကျတဲ့ပိုက်နဲ့၊
သိကြားမင်းမကြိုက်တဲ့ ဘီယာနဲ့၊
ရေတွက်ရမှာပျင်းစရာကောင်းတဲ့
ငါးထောင်တန်ထုပ်တွေနဲ့၊
wy စာတန်းပါ ပျော်စရာဆေးပြားများနဲ့၊
ကလေးများပျော်ရွှင်ရုံ ecstasy ကဒ်များနဲ့၊
ဆူညံတဲ့ မြန်မာပြည်လုပ် တက္ကနိုဂီတနဲ့၊
ငါရွေ့ပြီး တိမ်တွေ ရပ်နေတာ သိပ်မကြာသေးသလိုပဲ။
မူးယစ်ဆေးမပါဘဲ၊
ငါတို့တွေ ဘယ်လောက် ပျော်နိုင်ခဲ့သလဲ။
ရေတွေမပါဘဲ
ငါတို့တွေ ဘယ်လောက်အေးခဲ့ပါသလဲ။
ဒါကိုသိဖို့ ....
ကားကိုနောက်ပြန်မောင်းပြီး
လမ်းကျဉ်းထဲ drift ဆွဲကွေ့လိုက်ရာက
သံသရာဟာ
တာယာတွေနဲ့အတူပါးလျသွားခဲ့တာ။
ရေစိုခံအိတ်ထဲက
ဖုန်းတစ်လုံးရဲ့ဘဝလို
အန္တရာယ်ရနံ့ကို ရနေတာမျိုးလား၊
ဖြတ်ခနဲဆွဲထုတ်လိုက်တဲ့
baseball bat ဟာ
လူငယ်ဘဝရဲ့
အနုပညာသက်သက်ပါပဲ။
အလှပြကား၊
ကိုယ်ဝန်ဆောင်နဲ့၊
သာသနာ့ဘောင်ကလူတွေကလွဲရင်
သင်္ကြန်က
အားလုံးကို ဖျန်းပက်ခဲ့တာပါပဲ။
ရေနဲ့ဖြစ်စေ၊
သွေးနဲ့ဖြစ်စေ၊
ဖျန်းပက်ခဲ့တာပါပဲ။
သင်္ကြန်မိုးကားဟာ
ထုံးစံအတိုင်း ကြေကွဲစရာကောင်းနေပြီး၊
ကောင်းကင်ဟာ
အပြစ်မဲ့တန်ခူးလအပြာရောင်နဲ့
ကြည်လင်တောက်ပနေခဲ့တယ်။
တိတိကျကျ
ချစ်မိခဲ့တဲ့ ...
အမိုးဖွင့် Jeep ကားတစ်စီးဟာ
သင်္ကြန်ရဲ့
ချုပ်ရိုးကြောင်းလို
ပြေးလွှားနေဆဲ၊
ရိုသေစွာလွမ်းဆွတ်လိုက်တဲ့
ပိတောက်ပန်းရဲ့အဝါ ....
ရင်ဘတ်ထဲမှာပွင့်လို့ ....
ရင်ကျိုးခဲ့ရတာလား။
အိမ်မက်မှန်းသေချာအောင်
ပြန်နိုးထဖို့ကြိုးစားရင်း ...
တစ်ခုသော သင်္ကြန်ကနေ ထွက်မရတဲ့
Jeep တစ်စင်း ....၊
ခင်ဗျားတို့ရှာတွေ့ချိန်မှာ ....
မီးလောင်ပြီးရောပေါ့ .....။ ။
With Peace,
Zephyr
Subscribe to:
Posts (Atom)