အကြွေစေ့သုံး တယ်လီဖုန်း
တစ်ခုခုအတွက် ရှိနေသေးသလိုလို၊
မေ့လျော့စွာ
ကြွင်းကျန်ရစ်သလိုလို
နံရံကိုမီတွယ်ထားတယ်၊
အရေးကြီးခေါ်ဆိုမှုတစ်ခုကို စောင့်နေရသလို၊
ပုံပြင်ဟောင်းတစ်ခုကို ပြောပြမလို၊
စောင့်နေခဲ့သေးတယ်။ ။
Zephyr
Sunday, July 3, 2016
ခေတ်ကာလသားသမီးများ
ခေတ်ကာလသားသမီးများ
ကြယ်၊
ကောင်းကင်၊
ငှက်၊
အလှမွေးငါး၊
ပြေးလွှားဆော့ကစားခြင်းများကို
လက်ကိုင်ဖုန်းအတွင်း
ရှာမတွေ့ခဲ့ကြသူများ။ ။
Zephyr
ကြယ်၊
ကောင်းကင်၊
ငှက်၊
အလှမွေးငါး၊
ပြေးလွှားဆော့ကစားခြင်းများကို
လက်ကိုင်ဖုန်းအတွင်း
ရှာမတွေ့ခဲ့ကြသူများ။ ။
Zephyr
ဂီတ
ဂီတ
မရှိပေမယ့်
ရှိနေတယ်။
တိုက်ဆိုင်မှုတစ်ခု
တုန်ခါမှုတစ်ခု
နာကျင်မှုတစ်ခုကနေ
လှပတဲ့ သံစဉ်တစ်ခုကို
လှစ်ခနဲထုတ်ပြပြီး
ဟုပ်ခနဲ ငြိမ်းသွားတဲ့ သင်္ခါရတရား။
Zephyr
မရှိပေမယ့်
ရှိနေတယ်။
တိုက်ဆိုင်မှုတစ်ခု
တုန်ခါမှုတစ်ခု
နာကျင်မှုတစ်ခုကနေ
လှပတဲ့ သံစဉ်တစ်ခုကို
လှစ်ခနဲထုတ်ပြပြီး
ဟုပ်ခနဲ ငြိမ်းသွားတဲ့ သင်္ခါရတရား။
Zephyr
သေသူ
သေသူ
စိတ်ထဲမှာမရှိတော့သူဟာ
သေသူပဲ၊
ကုမုဒြာရနံ့နဲ့ လရောင်အောက်မှာ ...
ပျောက်သွားခဲ့ကြသူတွေ။ ။
Zephyr
စိတ်ထဲမှာမရှိတော့သူဟာ
သေသူပဲ၊
ကုမုဒြာရနံ့နဲ့ လရောင်အောက်မှာ ...
ပျောက်သွားခဲ့ကြသူတွေ။ ။
Zephyr
Sunday, June 26, 2016
အကောင်းမြင်။
အကောင်းမြင်။
မတော်လိုက်ရတဲ့ ယောက္ခမထက်
တော်လိုက်ရတဲ့ ယောက္ခမက ပိုကောင်းတယ်။
လက်ပစ်ဗုံးကို စနက်တံဖြုတ်ပြီး
မပစ်မိသေးဘူး၊
အဝေးကိုငေးကြည့်ရင်
အဝေးက အငေးစာ နီးတယ်။
ရွယ်တူ သူငယ်ချင်း သုံးယောက် ဆုံးနှင့်ပြီ။
ငါ့မှာတော့ မနက်ဖြန်တစ်ရက်စာ အပျော်တွေကျန်နေသေးတယ်။
ပြဒါးမသုတ်ထားတဲ့မှန်ကို ပြုံးပြရသလို၊
လက်ဖက်သုတ်ထဲက ငရုပ်သီးကို ရွေးစားကြသလို၊
အလကားရတဲ့နေရောင်အောက်မှာ၊
မိုးတွေရွာနေတာ ယာယီပါ။
အားလုံးမကောင်းသွားတောင်
အားလုံးကောင်းသွားစရာမလိုတော့ပါဘူး။
ကြယ်ငေးသူဟာ
ကြယ်ငေးသူပေါ့။
စံပယ်ဖြူလွဟာ
စံပယ်ဖြူလွပေါ့၊
ရေအကြောင်းမတွေးရင်
လက်ထဲမှာ ဖန်ခွက်လေးရှိနေသေးတာ ပျော်စရာပေါ့။

Sunday, February 14, 2016
သင်္ကေတဝါဒီ။
သင်္ကေတဝါဒီ။
သံယောဇဉ်ဟာ
ဘူတာများစွာဖြတ်ကျော်လာတဲ့ရထားလေး။
နှင်းဆီပန်းရောင်ရထားလေး၊
ချောကလက်အင်ဂျင် ရထားလေး၊
မသေချာခြင်း ဒိုင်မင်းရှင်းထဲက
အသေချာဆုံးသော တွဲလက်များ ခုတ်မောင်းကြစေ၊
ဟန်ဆောင်ခြင်းကင်းသော
အပြုံးပန်းများ ခုတ်မောင်း၊
နွေးထွေးသော နှလုံးခုန်သံများ ခုတ်မောင်း။
14th February
ဇီဇဝါပွင့်ဖတ်များသာ ဝါသွားမည်။
ချစ်ခြင်းသည် ဝါရော်မသွားတော့ပါ။ ။

Thursday, January 28, 2016
ဒုတိယအကွက်မရှိဘူး။
ဒုတိယအကွက်မရှိဘူး။
ဘာအဖွင့်လာလာ၊
ဘာမှမထိုးဘဲ၊
ပွဲပြီးတဲ့အထိ ငြိမ်ထိုင်နေလိုက်တယ်။ ။
Zephyr
(ဆရာဇော် ကွယ်လွန်ခြင်း အမှတ်တရ)
Sunday, January 24, 2016
အလွယ်ရေးထိုးထားတဲ့လက်မှတ်
အလွယ်ရေးထိုးထားတဲ့လက်မှတ်
စင်ရော်လည်း အစာရှာမရတဲ့ရက်ရှိတယ်၊
ကောင်းကင်မှာလည်း တိမ်တွေမပါတဲ့နေ့ရှိတယ်။
မနက်ခင်း နှင်းတွေမှာပါတဲ့ အက်စစ်ဟာ
အလန်းဆန်းဆုံး ဆောင်းပန်းကလေးများကို
ညှိုးနွမ်းသွားစေနိုင်တယ်။
တစ်နေ့လုံး စိုက်ခင်းကို ရေပက်နေတာ
တစ်နေ့လုံးတောင်ပေါ်ကို သစ်သီးဗန်းလေးနဲ့ လမ်းလျှောက်တက်နေတာ
တစ်နေ့လုံး နွားအုပ်ကိုကျောင်းနေတာ
တစ်နေ့လုံး တံတားဆောက်ဖို့ ကျောက်သယ်နေတာ
လုပ်အားဟာ ငွေကျပ် ၂၀၀၀ မျှသာ တန်သတဲ့။
တောင်တွေကိုကျော်ပြီး တစ်နေ့မိုင် ၂၀ လျှောက်ရတာ
လှေတစ်တန်၊ကားတစ်တန်၊ ခြေကျင်တစ်တန် လမ်းများကိုဖြတ်သန်းနေတာဟာ
ကျောင်းကိုသွားနေတာတဲ့၊
ဒီမျှော်လင့်ချက်ကို ဒီပညာရေးက ဖြည့်ပေးနိုင်မလား စိုးရိမ်တယ်။
ကျောင်းလွယ်အိတ်အလေးကြီးကို
အဝေးကြီးလွယ်သွားတဲ့
ကျောင်းသားလေးရဲ့ မျက်ဝန်းများ
တောက်ပနေသလောက်၊
သူ့ကျောင်းဝတ်စုံဟာ
ဟောင်းနွမ်းနေတယ်။
မိမိကိုယ်ကို
တတ်နိုင်သမျှ ကွေးကောက်ထားခြင်းဆိုတဲ့ အနွေးထည်ကလွဲရင်
ဘာမှမရှိတဲ့
ခွေးတစ်ကောင် အအေးလွန်ကဲ ဆောင်းရာသီကို ခုခံနေသလိုမျိုး
ခက်ခဲလွန်းတဲ့ ဘဝတွေဟာ
ဆင်းရဲခြင်းကို လက်ဗလာနဲ့ ခုခံနေတာ။
ပြည့်စုံခြင်းအထိလည်းမမျှော်လင့်ကြပါဘူး၊
အဆင်ပြေရုံ၊ ဝမ်းဝလို့ခါးလှရုံထက်မပိုကြပါဘူး၊
ဒီမျှော်လင့်ချက်သေးသေးလေးကို
ခြေဖဝါးသေးသေးလေးထဲမှာ ထိန်းသိမ်းပြီး၊
တစ်နေ့တစ်နေ့ ကျောင်းကို ရောက်အောင်သွားနေသေးတာ
မြင်ရရုံနဲ့ ကြေကွဲစရာ၊
ဒီမြင်ကွင်းလေးကို
ကျွန်တော်တို့က
နှလုံးသားနဲ့မကြားရတော့၊
လက်ကိုင်ဖုန်းလေးထုတ်ပြီး ဓာတ်ပုံရိုက်
#ခက်ခဲသောဘဝများ#ကျောင်းသားလေးတွေ#လေးလံသောလွယ်အိတ် ဆိုပြီး
social media တစ်ခုခုမှာ တင်ရုံထက်မပိုတဲ့ စာနာမှုနဲ့ ရက်စက်လိုက်ကြတာပေါ့။
ကျနော်တို့လာကြည့်ရတဲ့
သူတို့ရဲ့ အလှပဆုံး ရှုခင်းတွေကို သူတို့မခံစားနိုင်ကြပါဘူး။
ဘဝဟာခက်ခဲလွန်းတဲ့အခါ ရသခံစားမှုဟာ ချို့တဲ့သွားတယ်မဟုတ်လား။
ခေတ်ပြောင်းတော်လှန်ရေးတွေဟာ
လူချမ်းသာတွေ ပိုချမ်းသာသွားဖို့မဟုတ်ခဲ့ပါဘူး၊
ဆင်းရဲသားလူတန်းစားရဲ့ ဟောင်းလောင်းပွင့် အစာအိမ်ထဲ
အစာကြမ်းတစ်ချို့ရှိနေရေးအတွက်ပဲ ဖြစ်ခဲ့ပါတယ်။
ဖွံ့ဖြိုးမှုမညီမျှမှုရဲ့ အကြပ်အတည်းကို
ကျောင်းသားလေးတစ်ယောက် ဘယ်နှစ်မိုင်လျှောက်မှ
ကျောင်းကိုရောက်သလဲဆိုတာနဲ့ တိုင်းတာကြည့်ရင်
နီးစပ်တဲ့အဖြေရနိုင်မယ်ထင်ပါတယ်။
သူ့ရဲ့ ထမင်းဘူးထဲက နေ့လည်စာကိုဖွင့်မကြည့်မိခင်
ကျွန်တော်တို့ရဲ့ လက်ကိုင်ဖုံးများကို
အရင်ဆုံးပိတ်ထားလိုက်ဖို့လိုမယ်ထင်တယ်။ ။

Subscribe to:
Posts (Atom)