ကုမ်တွေထွက်သွားပြီဆိုရင် တကယ်ထွက်သွားပြီမှတ်ပါ။
လမ်းတွေဟာ ခြေရာတွေကို သိမ်းထားနိုင်သလောက်သိမ်းထားဖို့ အသုံးဝင်ခဲ့ကောင်းပါရဲ့ .......
ဒီအတွေးဟာ မဆုံးလိုက်ဘူး။
ဆုံးသွားဖို့ မလိုသောအတွေးများပေါ့။
စုသိမ်းလိုက်တဲ့
စာအုပ်တွေဟာ အဖြေပဲ။
ပြန်ပေးလိုက်တဲ့ လက်စွပ်ဟာ အဖြေပဲ။
အသုံးမလိုတဲ့အချစ်ကို
ပြန်လိပ်လိုက်တာ
မှားတယ်ဆိုလည်း မှားတယ်မှတ်။
ငါ ဘယ်သူပါလိမ့် ...၊
boomerang မပစ်တတ်တဲ့ aborigine လား။
ဥပေက္ခာကို ခပ်ဝေးဝေးက ကြားနိုင်သူလား ...
မြားတွေချွန်ရင်း
စစ်ပွဲပြီးသွားတဲ့ လေးသမားလား
လေချွန်သံနဲ့ယဉ်ပါးတဲ့ သိမ်းငှက်တစ်ကောင်လား၊
လိုအပ်လို့ ခေါ်လိုက်တိုင်း
ထထပြေးသွားတတ်တဲ့ တယ်ရီယာတစ်မျိုးလား၊
မသိနိုင်ဘူး။
ဘာမှမရခဲ့တာကို
ဘယ်လိုပြန်ဆပ်ရမလဲ၊
တစ်ခါတစ်ခါ စဉ်းစားမရဘူး။
ရင်နာရတဲ့ဟာသဟာ ပဲ့တင်သံများလွန်းတယ်။
အစစအရာအရာအတွက် ကျေးဇူးပါပဲ။
ပြန်မလာတော့မယ့်သူဟာ
အမှတ်တရတစ်ခုမှမကျန်တဲ့စိတ်နဲ့
သူ့လမ်းသူ လျှောက်ရတာ ပျော်သတဲ့ ။
Happy Easter...................
ပြီးဆုံးသွားတဲ့တေးသံထဲမှာ ............
ဘာတစ်ခုမှ မကျန်ရစ်တော့တာဟာ ပျော်စရာ တကယ် ကောင်းခဲ့ပါတယ်။ ။
Zephyr