*စာ*သား*နယ်*လွန်*
ဟောဟိုတရွေ့ရွေ့ မျောပါမောဟများတရွေ့၊ထိုမှစ၍ နှစ်ပေါင်းများစွာ
အလွန်ကြာညောင်းသောကြာချိန်များ၊
ထို့နောက်
သင်၊ခင်ဗျားနှင့်သူ၊
စုစုရုံးရုံး သစ္စာဖောက်များ၊
တစ်ယောက်မကျန် လေးစားပစ်လိုက်ရ။
ထိုဝဲသြဃ (ထောင်ဝင်စာဆန်ဆန်)၊ အပြုံးများ၊
စတေးပစ်လိုက်ရ၊
မြုပ်ရမျောရ၊
တံထွေးခွက်အလျားရှိသလောက်၊
အသက်အောင့်ထားနိုင်သလောက် ရှင်သန်ခွင့်၊
ဗျာများမနေနဲ့၊ မထူးဇာတ်ထဲ
ပတ်မကြီးမရှိ၊ထိုးဖောက်သူမရှိ၊ ဟယ်တဏှာယောကျာ်းလက်သမားမရှိ၊
ဘယ်သူဆို ဘယ်သူမှမရှိ၊
ဟိုကောင်လေးလည်းမရှိ။
ဟိုကောင်ကြီးလည်းမရှိ။
မရှိခြင်းမှာ
စိတ်ချမ်းသာတတ်၊
အကြွေးမရှိ။
အပိုင်လိုချင်စိတ်မရှိ။
သောကမရှိ။ ခေါင်းပန်းလှန်သလို
မျက်စိများမှိတ်ထားလိုက်။
သက်သက်သာသာဖြစ်နေရင် တော်ပြီ။
ခေတ်ကြီးကို
ကွန်ပြူတာဖန်သားပြင်ကို
ချစ်သူပါးပြင်ကို
ကြည့်နေချင်တုန်းအရွယ်လား၊
လွန်သွားပြီ။
တော်ရုံသင့်ရုံ အကဲပိုရရင်တော်ရောပေါ့။
ဆေးသောက်ထားတဲ့အဘိုးကြီးလို
ကိုယ့်ကိုယ်ကို ယုံကြည်မှုကြီးနဲ့
မျက်လုံးတွေ
တစ်ခါတစ်ခါ မြေပေါ်မှာ
တစ်ခါတစ်ခါ အုတ်ဂူပေါ်
အပြားလိုက်ကပ်နေတာတွေ့တယ်။
ဘယ်သူမှ သတင်းမပို့ရင် သတင်းဟာ သတင်းမဟုတ်ဘူး။
ညဉ့်ငှက်တွေမှာ
HIV ပါတယ်။
အပျော်ကြူးသူတွေမှာ
အဖော်ပါတယ်။
ဆိုလိုတာက အန္တရာယ်ရှိတဲ့ကစားပွဲဟာ
အခုလေးတင်ဖြစ်ပွားနေတာမဟုတ်ဘူး။
နေ့တိုင်း၊
မမြင်ရတဲ့တစ်နေရာ၊
မမြင်ရတဲ့သူရဲကောင်းနဲ့
မမြင်ရတဲ့ လောင်းကြေးတွေ၊
ရင်းနိုင်ရင် ရင်းနိုင်သလောက်
ချောက်ကမ်းပါးဟာ
ခုန်ချလိုသူရဲ့ နိဗ္ဗာန်။
ဒီစာသားမှာ ကဗျာမပါခဲ့ရင် နောက်စာသားနဲ့လိုက်လာခဲ့မယ်လို့ သူကနောက်ထပ် သူ့ကိုပြောတယ်
ကျွန်တော်မကြားလိုက်ဘူး
။ ။
Zephyr
No comments:
Post a Comment