လူကို မျောက်က
သဘောထားကြီးနေရ။
အဲဒီလို လောကကြီးမှာ
လူဖြစ်ရတာထက်
မျောက်ဖြစ်ရတာ ပိုမြတ်သလိုလိုပဲ။
မျောက်ဝံဟာမျောက်ဝံကို မသတ်ဘူးတဲ့။
လူကတော့ လူကို သတ်တာပဲ။
မြင်းစီးတဲ့မျောက်ထက်
ကျောင်းဆရာ မျောက်က အရေးပိုကြီးတယ်။
သေနတ်တွေမရှိရင်
ငြိမ်းချမ်းမှာလား။
နားလည်မှုမရှိရင်
ခရီးမဆုံးနိုင်ဘူး။
ကိုယ့်အသိုင်းအဝန်းကို ကာကွယ်ဖို့
တခြားသူကို မနှိပ်ကွပ်သင့်ဘူး။
ပထမကားလောက် မကြိုက်တော့ဘူး။
လက်နက်ကိုင်မျောက်ဟာ ထွက်ပြေးသွားတဲ့ မျောက်လောက်
လွတ်လပ်ခြင်းကို မပေးနိုင်တော့ဘူး ။ ။
Monday, December 29, 2014
ကြည့်မိတဲ့ရုပ်ရှင်များ - As Above, So Below
ဓာတ်လုံး လိုက်ရှာတာပဲ။
ရှာတော့တွေ့တယ်။
Paulo Coelho ရဲ့ အဂ္ဂိရတ်ဝိဇ္ဇာကြီးပြောသလို၊
လူတွေကို တန်ဖိုးရှိတာ ရှိတယ်ပြောလိုက်ရင် ရယ်စရာမှတ်ကြတာပဲ ဆိုတာကို
သတိရတယ်။
ပြင်သစ်မြေကျွံတာတွေ၊
မြေအောက်လမ်းတွေ၊
စွန့်စားသွားလာသူတွေ။
ရှေးဟောင်းပညာရှာဖွေသူတွေ။
အောက်ကိုဆင်းရင်း
အောက်ကိုထပ်ရောက်။
မထိုက်တန်သူဟာ
မရရှိ။
ထိုက်တန်သူဟာ
ရရှိ။
သို့သော် အသုံးမဝင်။
ရှင်သန်ခြင်းရဲ့
အသက်ရှူဝမှုကို
တန်ဖိုးထားတတ်ဖို့၊
ခက်ခက်ခဲခဲကြိုးစားရတာပဲ။
အလကားရနေတာတွေဟာ
အဖိုးအတန်ဆုံးပဲ။
ရှာတော့တွေ့တယ်။
Paulo Coelho ရဲ့ အဂ္ဂိရတ်ဝိဇ္ဇာကြီးပြောသလို၊
လူတွေကို တန်ဖိုးရှိတာ ရှိတယ်ပြောလိုက်ရင် ရယ်စရာမှတ်ကြတာပဲ ဆိုတာကို
သတိရတယ်။
ပြင်သစ်မြေကျွံတာတွေ၊
မြေအောက်လမ်းတွေ၊
စွန့်စားသွားလာသူတွေ။
ရှေးဟောင်းပညာရှာဖွေသူတွေ။
အောက်ကိုဆင်းရင်း
အောက်ကိုထပ်ရောက်။
မထိုက်တန်သူဟာ
မရရှိ။
ထိုက်တန်သူဟာ
ရရှိ။
သို့သော် အသုံးမဝင်။
ရှင်သန်ခြင်းရဲ့
အသက်ရှူဝမှုကို
တန်ဖိုးထားတတ်ဖို့၊
ခက်ခက်ခဲခဲကြိုးစားရတာပဲ။
အလကားရနေတာတွေဟာ
အဖိုးအတန်ဆုံးပဲ။
ကြည့်မိတဲ့ရုပ်ရှင်များ - Robocop & Teenage Mutant Ninja Turtles
ကြည့်မိတဲ့ရုပ်ရှင်များ - Robocop & Teenage Mutant Ninja Turtles
၂၀၁၄ ရဲ့ အညံ့ဆုံး နှစ်ကား။
ပြောစရာတစ်ခုပဲ။
ကြည့်မိတာ နောင်တရတယ်။
၂၀၁၄ ရဲ့ အညံ့ဆုံး နှစ်ကား။
ပြောစရာတစ်ခုပဲ။
ကြည့်မိတာ နောင်တရတယ်။
ကြည့်မိတဲ့ရုပ်ရှင်များ - Gone Girl
Gone Girl
သူပျောက်သွားတယ်။
မင်္ဂလာနှစ်ပတ်လည်နေ့မှာ
ဖောက်ပြန်တဲ့ ယောကျာ်းဆီကနေ
သူ ပျောက်သွားတာပဲ။
သေသွားသလိုလိုပဲ။
ဇာတ်လမ်းအတိအကျနဲ့
သူပျောက်သွားတာပဲ။
သူ့သွေးအမျိုးအစားကို မသိတဲ့ ယောကျာ်းဆီကနေ
သူပျောက်သွားတာပဲ။
(ဒီနေရာမှာ ရုပ်ရှင်ကြည့်နေတဲ့ ဇနီးသည်က သူဘာသွေးလဲ ငါ့ကိုလှမ်းမေး)
နစ်ခ်(Ben Affleck) က သူ့အိမ်သူ အေမီ(Rosamund Pike) ကို ပြောတာ တစ်ခုပဲမှတ်မိတယ်။
You have a world class vagina တဲ့။
ဒါတောင် နောက်တော့ ကျောင်းသူတစ်ယောက်နဲ့ ငြိသွားတယ်။
ဇာတ်ကနာတယ်။
ရဲကလည်း ဒီလောက်တောင်မသိတဲ့ ယောကျာ်းကို သံသယဝင်တယ်။
သူ့မိန်းမကိုယ်ဝန်ရှိတာက အစမသိဘူး။
သူ့မိန်းမ သေနတ်ဝယ်တာလည်း မသိဘူး။
သူ့ကဒ်နဲ့ ပစ္စည်းတွေ ဝယ်တာလည်း မသိဘူး။
မီဒီယာတွေကလည်း
ထုံးစံအတိုင်း ဖွကြတယ်။
အေမီက ဇာတ်လမ်းတွေ လုပ်ထားတယ်။
အကွက်ကျကျပဲ။
သွေးတွေ သေချာထုတ်ပြီး
ကြမ်းပြင်ပေါ်ပက်တယ်။
သူ့ယောကျာ်း ကြမ်းတိုက်သလို
ဖြစ်ကတတ်ဆန်း ပြန်ဆေးထားလိုက်တယ်။
အားလုံး သူဆင်ထားတာပဲ။
သူ့ယောကျာ်းကို ထောင်ကျအောင်လုပ်တာတဲ့။
ကိုယ်ဝန်လည်း လုပ်ကြံတာပဲ။
ဇာတ်လမ်းတွေလည်း လုပ်ကြံတာပဲ။
တစ်ချို့လူတွေ ပုံပြောတယ်ကောင်း။
အေမီတွေ။
အံ့ဖွယ် အေမီတွေ။
အေမီလည်း ခံလိုက်ရတာတွေရှိတယ်။
ပိုက်ဆံအလုခံလိုက်ရတယ်။
နောက်ထပ် ဇာတ်လမ်းတစ်မျိုးရှာတယ်။
ရည်းစားဟောင်း သူကြွယ်ကြီးကို
ဖုန်းဆက်ခေါ်တယ်။
(အံ့သြစရာကောင်းတာက)
ရည်းစားဟောင်းကြီးက သူ့ကို ကားနဲ့သွားခေါ်တယ်။
နစ်ခ်ကတော့ ကိုယ်ဝန်ဆောင် မိန်းမကို သတ်တယ်ဆိုပြီး
လူမုန်းများနေပြီ။
အေမီကို လူတိုင်း ချစ်နေပြီ။
အမေရိကားက ကိုယ်ဝန်ဆောင်တွေကို ချစ်တာကို
အေမီက အသုံးချတာပဲ။
နောက်တော့
အေမီက ရုပ်သံတွေ့ဆုံခန်းက နစ်ခ်ရဲ့ တော်ကီကို ကြွေသွားတယ်။
နစ်ခ်ဆီပြန်သွားဖို့လုပ်တယ်။
ရည်းစားဟောင်းကိုပဲ
ခုတုံးလုပ်လိုက်တယ်။
ချစ်တဲ့သူဆီ ပြန်ရောက်ဖို့၊
မချစ်တဲ့သူကို ဒုက္ခပေးလိုက်တာပဲ။
...
ဒီတစ်ကွက် ရက်စက်တယ်။
လူဟာ နာကျင်တဲ့ နှလုံးသားတွေနဲ့
ခရီးနှင်ရတာပါပဲ။
အေမီ့မှာ ကိုယ်ဝန်တကယ်ရှိနေပြီး၊
အဲဒီကိုယ်ဝန်ဟာ နစ်ခ်ရဲ့ရင်သွေးဖြစ်အောင်
အေမီလုပ်ကြံထားပြီးပြီ။
လူဟာ နာကျင်တဲ့ နှလုံးသားနဲ့
ခရီးနှင်ရုံမကတော့ဘူး၊
ကသိကအောင့် ဒဏ်ရာတွေနဲ့လည်း
တွားသွားကြရသေးတယ်။
အေမီရဲ့ဇာတ်ညွှန်းထဲမှာ .....
လောကကြီး ပိတ်မိနေတော့တာပဲ။
World class V- ရှိတဲ့သူဆိုတော့လည်း ဆရာကျပေတာပဲ ...................။ ။
သူပျောက်သွားတယ်။
မင်္ဂလာနှစ်ပတ်လည်နေ့မှာ
ဖောက်ပြန်တဲ့ ယောကျာ်းဆီကနေ
သူ ပျောက်သွားတာပဲ။
သေသွားသလိုလိုပဲ။
ဇာတ်လမ်းအတိအကျနဲ့
သူပျောက်သွားတာပဲ။
သူ့သွေးအမျိုးအစားကို မသိတဲ့ ယောကျာ်းဆီကနေ
သူပျောက်သွားတာပဲ။
(ဒီနေရာမှာ ရုပ်ရှင်ကြည့်နေတဲ့ ဇနီးသည်က သူဘာသွေးလဲ ငါ့ကိုလှမ်းမေး)
နစ်ခ်(Ben Affleck) က သူ့အိမ်သူ အေမီ(Rosamund Pike) ကို ပြောတာ တစ်ခုပဲမှတ်မိတယ်။
You have a world class vagina တဲ့။
ဒါတောင် နောက်တော့ ကျောင်းသူတစ်ယောက်နဲ့ ငြိသွားတယ်။
ဇာတ်ကနာတယ်။
ရဲကလည်း ဒီလောက်တောင်မသိတဲ့ ယောကျာ်းကို သံသယဝင်တယ်။
သူ့မိန်းမကိုယ်ဝန်ရှိတာက အစမသိဘူး။
သူ့မိန်းမ သေနတ်ဝယ်တာလည်း မသိဘူး။
သူ့ကဒ်နဲ့ ပစ္စည်းတွေ ဝယ်တာလည်း မသိဘူး။
မီဒီယာတွေကလည်း
ထုံးစံအတိုင်း ဖွကြတယ်။
အေမီက ဇာတ်လမ်းတွေ လုပ်ထားတယ်။
အကွက်ကျကျပဲ။
သွေးတွေ သေချာထုတ်ပြီး
ကြမ်းပြင်ပေါ်ပက်တယ်။
သူ့ယောကျာ်း ကြမ်းတိုက်သလို
ဖြစ်ကတတ်ဆန်း ပြန်ဆေးထားလိုက်တယ်။
အားလုံး သူဆင်ထားတာပဲ။
သူ့ယောကျာ်းကို ထောင်ကျအောင်လုပ်တာတဲ့။
ကိုယ်ဝန်လည်း လုပ်ကြံတာပဲ။
ဇာတ်လမ်းတွေလည်း လုပ်ကြံတာပဲ။
တစ်ချို့လူတွေ ပုံပြောတယ်ကောင်း။
အေမီတွေ။
အံ့ဖွယ် အေမီတွေ။
အေမီလည်း ခံလိုက်ရတာတွေရှိတယ်။
ပိုက်ဆံအလုခံလိုက်ရတယ်။
နောက်ထပ် ဇာတ်လမ်းတစ်မျိုးရှာတယ်။
ရည်းစားဟောင်း သူကြွယ်ကြီးကို
ဖုန်းဆက်ခေါ်တယ်။
(အံ့သြစရာကောင်းတာက)
ရည်းစားဟောင်းကြီးက သူ့ကို ကားနဲ့သွားခေါ်တယ်။
နစ်ခ်ကတော့ ကိုယ်ဝန်ဆောင် မိန်းမကို သတ်တယ်ဆိုပြီး
လူမုန်းများနေပြီ။
အေမီကို လူတိုင်း ချစ်နေပြီ။
အမေရိကားက ကိုယ်ဝန်ဆောင်တွေကို ချစ်တာကို
အေမီက အသုံးချတာပဲ။
နောက်တော့
အေမီက ရုပ်သံတွေ့ဆုံခန်းက နစ်ခ်ရဲ့ တော်ကီကို ကြွေသွားတယ်။
နစ်ခ်ဆီပြန်သွားဖို့လုပ်တယ်။
ရည်းစားဟောင်းကိုပဲ
ခုတုံးလုပ်လိုက်တယ်။
ချစ်တဲ့သူဆီ ပြန်ရောက်ဖို့၊
မချစ်တဲ့သူကို ဒုက္ခပေးလိုက်တာပဲ။
...
ဒီတစ်ကွက် ရက်စက်တယ်။
လူဟာ နာကျင်တဲ့ နှလုံးသားတွေနဲ့
ခရီးနှင်ရတာပါပဲ။
အေမီ့မှာ ကိုယ်ဝန်တကယ်ရှိနေပြီး၊
အဲဒီကိုယ်ဝန်ဟာ နစ်ခ်ရဲ့ရင်သွေးဖြစ်အောင်
အေမီလုပ်ကြံထားပြီးပြီ။
လူဟာ နာကျင်တဲ့ နှလုံးသားနဲ့
ခရီးနှင်ရုံမကတော့ဘူး၊
ကသိကအောင့် ဒဏ်ရာတွေနဲ့လည်း
တွားသွားကြရသေးတယ်။
အေမီရဲ့ဇာတ်ညွှန်းထဲမှာ .....
လောကကြီး ပိတ်မိနေတော့တာပဲ။
World class V- ရှိတဲ့သူဆိုတော့လည်း ဆရာကျပေတာပဲ ...................။ ။
ကြည့်မိတဲ့ရုပ်ရှင်များ - Locke
Locke
လော့ခ်ဟာ ကွန်ကရစ်လောင်းတယ်။
မိန်းမတစ်ယောက်နဲ့ တစ်ညတာ ပျော်ပါးမိတယ်။
အဲဒီမိန်းမ ကိုယ်ဝန်ရှိသွားတယ်။
အဲဒီမိန်းမ ကလေးမွေးမယ့်ဆေးရုံဆီ
ကား ၂ နာရီကြာမောင်းသွားတယ်။
သူ့အမှားကို သူပြင်မယ်လို့ပြောတယ်။
မနက်ဖြန်မှာ အရေးကြီးတဲ့
ကွန်ကရစ်လောင်းရမယ့် ကိစ္စရှိတယ်။
သူ့ဘဝမှာ ကွန်ကရစ် အရည်အသွေးမီဖို့
သိပ်အရေးကြီးတယ်။
သူ့အမှားကို
သူ့မိန်းမကို ရှင်းပြရတယ်။
အမှားဟာ မှားဖို့လွယ်သလောက်
ပြင်ဖို့ ခက်တယ်။
သူ့သားအကြီးကောင်က
သူ့အဖေကို ဘောလုံးပွဲအကြောင်းပြောပြတယ်။
အဖေနဲ့အတူကြည့်ဖို့မျှော်တယ်။
လော့ခ်အဖေဟာ
လော့ခ်ကိုပစ်ထားခဲ့တယ်။
သူ့ဘဝမှာ
ဖခင်ပစ်သွားတာကို
ခံစားချက်ရှိခဲ့တယ်။
သူ့အလှည့်မှာ
ဒီလိုမဖြစ်ချင်ဘူး။
အဲဒါကိုပြင်ဖို့ကြိုးစားရင်း
အလုပ်ပြုတ်သွားတယ်။
မိန်းမနဲ့ကွဲဖို့ဖြစ်လာတယ်။
ကွန်ကရစ်လောင်းဖို့
ဒေါ်နယ်လ်ဒ်ကို အသေးစိတ်ညွှန်ကြားတယ်။
မွေးခါနီးလူနာကို အားပေးတယ်။
အတွေးထဲပေါ်လာတဲ့
သူ့အဖေနဲ့ငြင်းခုန်တယ်။
ဘဝမှာ
အမှားသေးသေးလေးတွေရှိပြီး၊
ဒဏ်ရာအကြီးကြီးတွေရကြတယ်။
ရိုင်ဖယ်ကျည်ဆံလို
ရှေ့ဖက်မှာ အပေါက်ကျဉ်းကျဉ်းလေးထင်ရပေမယ့်
ကျောဘက်မှာ တစ်အုံလုံးပွင့်ထွက်သွားတယ်။
လော့ခ်ဖုန်းပြောနေတယ်။
နောက်ဆုံး
လော့ခ်ရဲ့ ကလေးလေး ချောချောမွေ့မွေ့ မွေးသွားတယ်။
အပူတွေ အများကြီးကျန်သေးပေမယ့်၊
ခဏတော့ အေးသွားတာပဲ။ ။
LOCKE (2013), Tom Hardy
လော့ခ်ဟာ ကွန်ကရစ်လောင်းတယ်။
မိန်းမတစ်ယောက်နဲ့ တစ်ညတာ ပျော်ပါးမိတယ်။
အဲဒီမိန်းမ ကိုယ်ဝန်ရှိသွားတယ်။
အဲဒီမိန်းမ ကလေးမွေးမယ့်ဆေးရုံဆီ
ကား ၂ နာရီကြာမောင်းသွားတယ်။
သူ့အမှားကို သူပြင်မယ်လို့ပြောတယ်။
မနက်ဖြန်မှာ အရေးကြီးတဲ့
ကွန်ကရစ်လောင်းရမယ့် ကိစ္စရှိတယ်။
သူ့ဘဝမှာ ကွန်ကရစ် အရည်အသွေးမီဖို့
သိပ်အရေးကြီးတယ်။
သူ့အမှားကို
သူ့မိန်းမကို ရှင်းပြရတယ်။
အမှားဟာ မှားဖို့လွယ်သလောက်
ပြင်ဖို့ ခက်တယ်။
သူ့သားအကြီးကောင်က
သူ့အဖေကို ဘောလုံးပွဲအကြောင်းပြောပြတယ်။
အဖေနဲ့အတူကြည့်ဖို့မျှော်တယ်။
လော့ခ်အဖေဟာ
လော့ခ်ကိုပစ်ထားခဲ့တယ်။
သူ့ဘဝမှာ
ဖခင်ပစ်သွားတာကို
ခံစားချက်ရှိခဲ့တယ်။
သူ့အလှည့်မှာ
ဒီလိုမဖြစ်ချင်ဘူး။
အဲဒါကိုပြင်ဖို့ကြိုးစားရင်း
အလုပ်ပြုတ်သွားတယ်။
မိန်းမနဲ့ကွဲဖို့ဖြစ်လာတယ်။
ကွန်ကရစ်လောင်းဖို့
ဒေါ်နယ်လ်ဒ်ကို အသေးစိတ်ညွှန်ကြားတယ်။
မွေးခါနီးလူနာကို အားပေးတယ်။
အတွေးထဲပေါ်လာတဲ့
သူ့အဖေနဲ့ငြင်းခုန်တယ်။
ဘဝမှာ
အမှားသေးသေးလေးတွေရှိပြီး၊
ဒဏ်ရာအကြီးကြီးတွေရကြတယ်။
ရိုင်ဖယ်ကျည်ဆံလို
ရှေ့ဖက်မှာ အပေါက်ကျဉ်းကျဉ်းလေးထင်ရပေမယ့်
ကျောဘက်မှာ တစ်အုံလုံးပွင့်ထွက်သွားတယ်။
လော့ခ်ဖုန်းပြောနေတယ်။
နောက်ဆုံး
လော့ခ်ရဲ့ ကလေးလေး ချောချောမွေ့မွေ့ မွေးသွားတယ်။
အပူတွေ အများကြီးကျန်သေးပေမယ့်၊
ခဏတော့ အေးသွားတာပဲ။ ။
LOCKE (2013), Tom Hardy
Friday, December 19, 2014
အရှိတရားဖြင့် အသိမှားခြင်း
အရှိတရားဖြင့် အသိမှားခြင်း
Hobbit ရှစ်ကားပြည့်တော့ Hobbyte ဖြစ်လာမလား။
ရည်းစားသက်တမ်းတစ်နှစ်က ပန်းပွင့်လေး လန်းဆန်းနေတုန်း။
လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာနဲ့ လဲကျသေဆုံးနေတဲ့ အဖြူရောင်သတို့သမီးဟာ
ရေအိုင်ထဲမှာပွင့်တဲ့ကြာဖြူ။
နာကျင်တာကို သီချင်းလုပ်ဆိုတတ်တဲ့ အရွယ်ရောက်တော့ ...........
ဂစ်တာတစ်လက်ဟာ ပီပြင်သွား။
ဘယ်လောက်ညှိထားထား တစ်ချိန်မှာ ပြတ်တတ်တဲ့ ဂစ်တာကြိုးလေး၊
သိမ်းထားလိုက်တော့
အသံမမြည်တော့ဘူး။
တီးခတ်လိုက်ရင် ပြတ်ရဦးမယ်။
အတုယူမှားသူ နာကျင်စိတ်
သွေးအိုင်ထဲမှာ လဲရမလိုလို ၊
ထောင်းခနဲ ပြတ်လိုက်ရမလိုလို၊
ကော်ဖီတစ်ခွက်ဟာ
အတောင်ပံရရှိလာတဲ့အခါ
ကောင်းကင်ဘုံအထိ ပျံတက်သွား။
နာကျင်တာတွေ သီချင်းလုပ်ဆိုတတ်တဲ့ အရွယ်ရောက်တော့ .....
ကော်ဖီတစ်ခွက်ဟာ ကြယ်လို ပြန်ကြွေကျ။
လွမ်းရင်လည်း လွမ်းရဦးမယ်။ ။
Zephyr
Hobbit ရှစ်ကားပြည့်တော့ Hobbyte ဖြစ်လာမလား။
ရည်းစားသက်တမ်းတစ်နှစ်က ပန်းပွင့်လေး လန်းဆန်းနေတုန်း။
လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာနဲ့ လဲကျသေဆုံးနေတဲ့ အဖြူရောင်သတို့သမီးဟာ
ရေအိုင်ထဲမှာပွင့်တဲ့ကြာဖြူ။
နာကျင်တာကို သီချင်းလုပ်ဆိုတတ်တဲ့ အရွယ်ရောက်တော့ ...........
ဂစ်တာတစ်လက်ဟာ ပီပြင်သွား။
ဘယ်လောက်ညှိထားထား တစ်ချိန်မှာ ပြတ်တတ်တဲ့ ဂစ်တာကြိုးလေး၊
သိမ်းထားလိုက်တော့
အသံမမြည်တော့ဘူး။
တီးခတ်လိုက်ရင် ပြတ်ရဦးမယ်။
အတုယူမှားသူ နာကျင်စိတ်
သွေးအိုင်ထဲမှာ လဲရမလိုလို ၊
ထောင်းခနဲ ပြတ်လိုက်ရမလိုလို၊
ကော်ဖီတစ်ခွက်ဟာ
အတောင်ပံရရှိလာတဲ့အခါ
ကောင်းကင်ဘုံအထိ ပျံတက်သွား။
နာကျင်တာတွေ သီချင်းလုပ်ဆိုတတ်တဲ့ အရွယ်ရောက်တော့ .....
ကော်ဖီတစ်ခွက်ဟာ ကြယ်လို ပြန်ကြွေကျ။
လွမ်းရင်လည်း လွမ်းရဦးမယ်။ ။
Zephyr
Sunday, December 14, 2014
လရောင်ကပွဲ
လရောင်ကပွဲ
ရည်ရွယ်ချက် မယ်မယ်ရရ မရှိဘဲ၊
လရောင်ရယ်၊
စန္ဒရားသံရယ်၊
အရူးနှစ်ယောက်ရယ်။
ထပ်ဖြည့်ရရင်
သစ်ရွက်ကြွေသံရယ်၊
မြောက်ပြန်လေရယ်၊
စိတ်ငြိမ်ဆေးရယ်။
ခရီးဝေးကြီးကို ခြေထောက်နဲ့သွားလို့ မဖြစ်ရင်
စိတ်နဲ့သွားကြတယ်။
အမှန်တရားဟာ ဖြည်းဖြည်းချင်းပဲ အမြဲရောက်လာတယ်။
ချစ်ခြင်းတရားဟာ တစ်လမ်းမောင်းဆိုတာ မသိဘဲ၊
လမ်းမှားဝင်လာမိတဲ့အခါ
ထင်တာထက် ကြေကွဲရတာပါပဲ။
လရောင်ကို ကွယ်ထားတဲ့သစ်ရွက်ကို
နှလုံးသားသက်သက်နဲ့ ပြုလုပ်ကြတယ်။
လရောင်ကို ချိုးကောက်လိုက်ရင်
ကုမုဒြာကို ဖွင့်တဲ့သော့ ဖြစ်သတဲ့၊
ရည်ရွယ်ချက် မယ်မယ်ရရ မရှိဘဲ၊
လရောင်ကို အပြီးသတ်ကွယ်လိုက်မယ့်
အနက်ရောင်တိမ်တစ်အုပ်ကို
ကောင်းကင်ဆီလွှင့်တင်တယ်။
ဒါဟာ နောက်ဆုံးဖြစ်မှာပါလို့၊
လရောင်လည်းသိ၊
ငါလည်းသိတယ်။
ငေးမိတဲ့ လရောင်နဲ့ ဝေးကွာသွားဖို့
အနက်ရောင် တိမ်တစ်အုပ်ရဲ့
ပျံ့နှံ့အား အရေးကြီးတာပေါ့။
လရောင်ဟာ စံပယ်ပန်းပေါ်ကျတယ်။
လရောင်နဲ့လင်းတဲ့စံပယ်၊
လရိပ်နဲ့ မှောင်တဲ့စံပယ်၊
စံပယ်ပန်းတစ်ပွင့်ဟာ
နှစ်ပွင့်ဖြစ်သွားတယ်။
ချစ်ခြင်းတရားကိုလည်း ဒီလိုပဲနှစ်ခုခွဲထားလိုက်ရမယ်။
လရောင်ကပွဲမှာ
အဖြူရောင်ဝိုင်လေး နွေးသွားလို့
သွန်ပစ်လိုက်ပါပြီ။
ကုန်လွန်သွားတဲ့လရောင်သက္ကရာဇ်မှာ
စန္ဒရားသံအသစ်နဲ့ ဖြတ်သန်းသွားရလိမ့်မယ်။
ဥပေက္ခာတရားဟာ
လူပေါ်မှာ ထားရမှာမဟုတ်ဘဲ၊
အပြုအမူပေါ်မှာ ထားရရိုးမှန်ရင်
အပြုအမူပေါ်မှာ ထားရရိုးမှန်ရင်
လရောင်ရဲ့လင်းဖြာမှုကို
ဥပေက္ခာထားရမှာပါပဲ။
နှစ်ပေါင်းများစွာ
လရောင်နဲ့ဆောက်ထားတဲ့ အိမ်ကလေးကို
ပြန်လည်ဖြိုဖျက်ရမှာဖြစ်လို့
အချိန်တော့နည်းနည်းလိုတယ်။
ရှင်သန်လိုစိတ်လည်း
နည်းနည်းလိုအပ်တာပါပဲ။ ။
Zephyr
Subscribe to:
Posts (Atom)