Friday, December 19, 2014

အရှိတရားဖြင့် အသိမှားခြင်း

အရှိတရားဖြင့် အသိမှားခြင်း

Hobbit ရှစ်ကားပြည့်တော့ Hobbyte ဖြစ်လာမလား။
ရည်းစားသက်တမ်းတစ်နှစ်က ပန်းပွင့်လေး လန်းဆန်းနေတုန်း။
လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာနဲ့ လဲကျသေဆုံးနေတဲ့ အဖြူရောင်သတို့သမီးဟာ
ရေအိုင်ထဲမှာပွင့်တဲ့ကြာဖြူ။

နာကျင်တာကို သီချင်းလုပ်ဆိုတတ်တဲ့ အရွယ်ရောက်တော့ ...........
ဂစ်တာတစ်လက်ဟာ ပီပြင်သွား။

ဘယ်လောက်ညှိထားထား တစ်ချိန်မှာ ပြတ်တတ်တဲ့ ဂစ်တာကြိုးလေး၊
သိမ်းထားလိုက်တော့
အသံမမြည်တော့ဘူး။
တီးခတ်လိုက်ရင် ပြတ်ရဦးမယ်။

အတုယူမှားသူ နာကျင်စိတ်
သွေးအိုင်ထဲမှာ လဲရမလိုလို ၊
ထောင်းခနဲ ပြတ်လိုက်ရမလိုလို၊

ကော်ဖီတစ်ခွက်ဟာ
အတောင်ပံရရှိလာတဲ့အခါ
ကောင်းကင်ဘုံအထိ ပျံတက်သွား။

နာကျင်တာတွေ သီချင်းလုပ်ဆိုတတ်တဲ့ အရွယ်ရောက်တော့ .....
ကော်ဖီတစ်ခွက်ဟာ ကြယ်လို ပြန်ကြွေကျ။
လွမ်းရင်လည်း လွမ်းရဦးမယ်။ ။


Zephyr

No comments: