Monday, December 29, 2014

ကြည့်မိတဲ့ရုပ်ရှင်များ - X-Men: Days of Future Past

ထင်မှတ်မထားတဲ့တရားတစ်ပုဒ်ပဲ။

အကြောင်းကိုပြင်မှ အကျိုးပြင်ပြီးသားဖြစ်မယ်ဆိုတဲ့
ပဋိစ္စသမုပ္ပါဒ်ကို X-men မှာ ထည့်ဟောသွားတာ။

ကြည့်နေရင်း
သာဓုခေါ်နေမိတယ်။

ဒီတစ်ကားက ထင်ထားတာထက် တာသွားတယ်။
ရှေ့တစ်ကား ဂျပန်ကြီး သေချင်ယောင်ဆောင်တဲ့ကားနဲ့ ဘာမှမဆိုင်ဘူး။

လူတစ်ယောက် လက်စားမချေလိုက်ရင်၊
လူမျိုးတစ်မျိုး ပျောက်မယ့်ဘေးက ကင်းသွားနိုင်တယ်။

အဲဒီ သင်ခန်းစာဟာ ကြောက်စရာကောင်းအောင် လေးနက်လွန်းတယ်။          ။

No comments: