သူခိုးတစ်ယောက်
သတင်းထောက်အလုပ် ဝါသနာပါသွားတော့
စက်ဘီးခိုးရောင်းပြီး ကင်မရာ တစ်လုံးဝယ်လိုက်တယ်။
အောင်မြင်ဖို့ဘာမဆို လုပ်မယ်ဆိုတဲ့ စိတ်ကူးဟာ
ကြောက်စရာ။
အနိဌာရုံကိုမှ
သတင်းထင်တဲ့ကမ္ဘာကြီးမှာ ....
လူဟာ သတင်းကို ဆာလောင်လာကြတယ်။
အဝေးက လှမ်းမြင်ရတဲ့
ကြောက်စရာကမ္ဘာကြီးမှာ
အန္တရာယ်ကင်းနေတဲ့ ခံစားချက်ကို
ကြိုက်လာကြတာပဲ။
အောင်မြင်လာတဲ့
ညသတင်းထောက်ဟာ
ပါးနပ်သထက် ပါးနပ်လာတယ်။
သူ့ကိုယ်သူ မြှင့်တင်တယ်။
တခြားသူတွေကို နင်းတက်တယ်။
အခွင့်အရေးသမားဖြစ်လာတယ်။
စွန့်စားပြီး ရိုက်ကူးတယ်။
ကင်မရာနှစ်လုံးနဲ့ ရိုက်ကူးတယ်။
အခင်းဖြစ်ပွားရာကို
ရဲတွေထက် အရင်ရောက်အောင်သွားတယ်။
သတင်းအတွက်
ဘာမဆို လုပ်မယ် ဖြစ်လာတယ်။
နောက်ဆုံး
လွတ်နေတဲ့ လူသတ်သမားတွေကို
လိုက်ရှာပြီး
ဖြစ်ရပ်မှန်သတင်းတစ်ပုဒ်လုပ်ဖို့
အကွက်ကျကျ စီစဉ်တယ်။
လစာတိုးတောင်းတဲ့
လက်တိုလက်တောင်း ကောင်လေးကို
သူ့ သတင်းတစ်ပုဒ်အတွက် စတေးပစ်လိုက်တယ်။
တကယ့်ကိုကြောက်စရာ
လူ့သဘာဝကြီး။
၂၀၁၄ မှာ တုန်လှုပ်သွားစေတဲ့
ရှားရှားပါးပါး ဇာတ်ကားလေးတစ်ကား ဖြစ်သလို၊
အလွန်နာကျင်စရာကောင်းတဲ့၊
လူသားတစ်ယောက်ရဲ့ အသိဥာဏ်ကို အလွဲသုံးစားလုပ်မှု တစ်ခုပါပဲ။
တုန်လှုပ်သွားမိပါတယ်။ ။
With Peace,
Zephyr
၂၀၁၄ ရဲ့ မကြည့်မဖြစ်ဇာတ်ကားထဲကို ထည့်လိုက်ပါတယ်။
No comments:
Post a Comment