Monday, December 29, 2014

ကြည့်မိတဲ့ရုပ်ရှင်များ - How to Train Your Dragon 2

ပထမကားမှာ Hiccup ခြေထောက်ပြတ်တယ်။
(သူရဲကောင်းဟာ ခြေလက်တွေ ပြတ်တတ်ကြောင်း Star Wars က သင်ကြားပေးခဲ့ပါပြီ)

ဒုတိယကားတွေဟာ
 ပထမကားတွေကို
လိုက်မမီကြောင်း သက်သေပြဖို့
 ခေတ်အဆက်ဆက် ကြိုးစားခဲ့ကြပါတယ်။

Hiccup အဖေ Stoick သီချင်းဆိုတဲ့အခန်း၊
Toothless အသိစိတ်ပျောက်သွားတဲ့အခန်း ဇာတ်ရှိန်မြင့်တယ်။

Toothless ကို Valka က upgrade လုပ်တဲ့အခန်း ရယ်ရတယ်။

Valka ပြောတဲ့ Some of us were just born different ဆိုတာလေးတော့ကြိုက်တယ်။ တစ်ချို့ဟာ မွေးကတည်းက လူများနဲ့မတူဘူးဖြစ်နေတာတဲ့။

toothless ဟာ နဂါးတွေရဲ့ ဘုရားဖြစ်သွားတာပါပဲ။
Aplha Dragon ဟာ နဂါးတွေရဲ့ ဘုရားပါပဲ။

နဂါးတွေရဲ့ ဘုရားဟာ လူတစ်ယောက်ရဲ့ မိတ်ဆွေ ဆက်ဖြစ်နေဖို့ ခက်မယ်ထင်တယ်။
ပျော်ပျော်နေတတ်တဲ့ နဂါးလေးကို ဘုရားဖြစ်သွားတဲ့ နဂါးလေးထက် ပိုချစ်တယ်။       ။

No comments: