Monday, December 29, 2014

ကြည့်မိတဲ့ရုပ်ရှင်များ - Maleficent

အချစ်ကြီးရင်
အမျက်ကြီးတယ်။

အချစ်ဟာ
ကမ္ဘာမှာ ပြဿနာ အများဆုံးရှာခဲ့တာပါပဲ။

ကျိန်စာများဟာ
ပြန်ဖြေဖို့ ခက်ခဲတဲ့အကြောင်း၊
ချစ်ခြင်းတရားကို မေ့သွားဖို့ဟာ
အလားတူခက်ခဲကြောင်း
ကျနော်တို့ နားလည်ခဲ့ကြတာပါပဲ။

နတ်မိမယ်ကြီးလဲ ပုံပြင်ထဲကလောက် မဆိုးတော့ပါဘူး။

ဘုရင်ဖြစ်ဖို့အတွက်
ချစ်သူကို စွန့်တဲ့သူတွေ ရှိခဲ့ဖူးတဲ့ ကမ္ဘာမှာ .....
ချစ်ခြင်းတရားကို ဈေးတွက် မတွက် ဖို့ အရေးကြီးလာပြီ။

No comments: