Saturday, October 17, 2009

သမိုင်းဦးဝေါဟာရ


သမိုင်းဦးဝေါဟာရ
တစ်ခုခုပြောချင်ခဲ့တာတဲ့ ...
သွားလေသူတိမ်တိုက်တစ်ခုက..
ပြောခဲ့ဖူးတယ် ...။

မဆွဲဖြစ်ခဲ့တဲ့ ငါ့စိတ်ရဲ့ကွန်တိုမျဉ်းတွေ ...
တောင်တန်းဒေသလား
ပင်လယ်ချောက်တစ်ခုလား
တစ်နေရာရာမှာ သူမကို ကျပျောက်သွားတယ်....။

စိတ်တစ်ခုယုတ်ကိုးဆယ် ...တဲ့
ယုတ်တစ်ခုကရောဘယ်လောက်လဲ ...
(ဆုတ်)ယုတ်နေတဲ့တစ်ခုဟာ သစ်ရွက်ခြောက်တစ်ခုရဲ့ ပဲ့ကျသွားတဲ့ အနားစလေးလား ..
ဒါမှမဟုတ် .. သူမနဲ့အတူကျပျောက်ခဲ့တဲ့ ...
နှလုံးသားမှတ်ပုံတင်မူရင်းပဲလား ..။

တစ်နေ့နေ့မှာတော့
ရုပ်ကြွင်းဖြစ်နေတဲ့ ငါ့စိတ်ထဲမှာ ...
သူမနဲ့အတူ ငါ့မှတ်ပုံတင်မူရင်းကို
ရှေးဟောင်းကဗျာတူးဖော်သူတွေ ...
တွေ့ချင်လည်းတွေ့ကြလိမ့်မယ်။ ။
Zephyr

6 comments:

MANORHARY said...

မဆွဲဖြစ်တဲ့ကွန်တိုမျဉ်းတွေက..ထင်းလို့..
ကွန်တိုမျဉ်းတွေတိကျတိုင်း
ပျောက်ကျခဲ့တဲ့အရာတွေကိုပြန်တွေ့ကြစတမ်းဆိုရင်
တူးဖော်လိုက်တိုင်း သမိုင်းအထောက်အထားဖြစ်ကြစတမ်းဆိုရင်လေ...

emayarKhin said...

ခံစားရတယ်...

Julian said...

ကိုယ်စပြီးမန့်လို့ရတဲ့ကဗျာဟာ
သမိုင်းဦးဝေါဟာရတဲ့........
ဆိုင်သလိုလို မဆိုင်သလိုလို ဦးဆုံးဖြစ်တာချင်းတူသဟေ့

စိတ်ကွန်တိုမျဉ်းတွေ မဆွဲဘဲထင်တတ်ကြတယ်
မထင်ပါဘဲနဲ့လည်း ဆွဲနေတတ်ကြတယ်
ဘယ်ကိုဘဲဆွဲဆွဲ ဘယ်မှာဘဲဆွဲဆွဲ
ဘယ်မှာဘဲထင်ထင် ဘယ်ကိုဘဲရောက်ရောက်
နောက်ဆုံးမှာတော့ ကိုယ့်ဆီပြန်ရောက်လာကြတာဘဲလေ

တူးဖော်သူတွေတွေ့ရှိခြင်းဟာ တွေ့ရှိခြင်းတွေအတွက်တူးဖော်ခြင်းလေ
နောက်ဆုံးတော့ မညီမျှခြင်းတွေကို ညီမျှခြင်းအတင်းလုပ်ပြီး
သမိုင်းတွေဖြစ်ကျန်ရစ်တော့မှာ.........

ကျောက်ဖြစ်ရုပ်ကြွင်းဆိုတာကလဲ ကြွင်းကျန်မှသာကျောက်ဖြစ်တတ်ကြတာမို့
မကျန်တဲ့အကြွင်းတွေအတွက်တော့ တိမ်တိုက်လိုလွင့်ပါးသွားမယ်ပေါ့

သမိုင်းဦးကမှတ်ပုံတင်တစ်ခု သမိုင်းတစ်ခုကိုပြောပြနိုင်ပါစေ။

ဂျူ

အရင်ကကဗျာတွေကိုဖျက်လိုဖျက်ဆီးလုပ်အုန်းမလို့
အားနာတာနဲ့ ဒီကဗျာကဘဲစပြီးဖျက်ဆီးလိုက်ပါတယ် ဟဲဟဲ

Kaung Kin Ko said...

ကဗျာလာဖတ်သွားတယ်ဗျ။ ကဗျာဖတ်စာ(၁)ကနေရောက်လာတာ။

jr.လွင်ဦး said...

တနေရာရာမှာ သူမကို ကျပျောက်သွားတယ်..
အဲနားလေး ကြိုက်တယ်။ ပါးပါးလေးရေးပြီး လေးလေးပင်ပင်ခံစားရတယ်။

BTW, BG က အကောင်ကို အရမ်းကြိုက်တာ။
ICE AGE က နောက်ပိုင်း သိပ်မကောင်းတော့ပေမယ့် သူ့သံယောဇဉ်နဲ့ ကြည့်ဖြစ်နေတာ။း)

Unknown said...

မိုက်တယ် ညီလေး။