Sunday, April 11, 2010

တံထွေးလိုအပ်မှု



ကဗျာလေးတစ်ပုဒ်ရေးဖြစ်ပါတယ်။
တံထွေးလိုအပ်မှုလို့ နာမည်ပေးထားပါတယ်။
စာရွက်ပေါ်မှာ စာမရေးတာ လေးနှစ်ပြည့်ခါနီးမှာ ..... အမှတ်တရပြန်ရေးတဲ့အတွက် မြင်ရတဲ့အတိုင်း တောင်တက်တောင်ဆင်းဖြစ်နေတာကိုတွေ့ရပါမယ်။
အမေရိကန် အက်ဆေးတွေဖတ်ရင်း အေးအေးဆေးဆေးနားနားနေနေ နေနေရာက ရုတ်တရတ် ရေးမိတဲ့ကဗျာဖြစ်ပါတယ်။
ကဗျာကို ရွတ်တာ အဆင်မပြေဖြစ်နေတာနဲ့ မပြေတဲ့အတိုင်းထားလိုက်ပါတယ်။ နားနည်းနည်းပိုကောင်းတဲ့သူတွေနားထောင်နိုင်ပါတယ်။ မကြားရရင်တော့ ကံကောင်းတာဖြစ်ပါလိမ့်မယ်။






10 comments:

MANORHARY said...

တံတွေးလိုအပ်ချက် တွေ
ကမ္ဘာမြေရဲ့ လိုအပ်ချက်တွေ
လူသားတွေရဲ့ လိုအပ်ချက်တွေ
ကလေးတွေရဲ့ လိုအပ်ချက်တွေ
ကျိုးပဲ့ကြေမွနေတဲ့ စိတ်တွေ ဘဝတွေအတွက် လိုအပ်ချက်တွေ ...........................

မယ့်ကိုး said...

ကဗျာလေး အရမ်းကောင်းပါတယ်။ ခုလိုရွတ်တာ ကြားရတာ ကျေးဇူးပါ။ (ဖတ်ရတာထက် ရင်ထဲဝင်လို့ပါ :P)

အသံကောင်းကောင်းကြားရပါတယ်။ တော်ကြာ နားမကောင်းဘူး ပြောမှာ စိုးလို့ပါ :D

vowel said...

အဲဒီဇာတ်ဟာ..
ဗီလိန်တွေကောင်းစားဖို့
အကွက်ကျကျ
သာသာယာယာ.....တဲ့လား..
ဥယျာဉ်မှုးကြီးရယ်။

လင်းဒီပ said...

တခုခုရေးချင်ရင်(ပြောချင်ရင်) ဒီအထိ ဝင်ဝင်လာရတော့ တယ်မဟုတ်လှသေးဘူး ငါ့ရှင်..။

ဘာပဲဖြစ်ဖြစ် နှစ်သစ်မင်္ဂလာ မင်္ဂလာရှိစေကြောင်း ဆုမွန်ကောင်းတွေ ပို့လိုက်ပါရဲ့ ။

Unknown said...

comment ရေးချင်လို့ ဒုတိယအကြိမ်ပြန်ဝင်လာပြီး ဒုတိယအကြိမ် ပြန်ဖတ်၊ ဒုတိယအကြိမ် ပြန်နားထောင်ရင်း
- ကမ္ဘာကြီး လူဆိုးတွေနဲ့ လည်နေရတာ ပျင်းရိလာလို့
ပိုပြင်းထန်တဲ့ ငလျင်၊ ပိုဆိုးရွားတဲ့ ဆူနာမီ တွေနဲ့ ခါချတိုင်း အပြစ်မဲ့တဲ့ကလေးတွေ၊အကျိုးရှိတဲ့သူတွေ မပါစေဖို့ ပါ ဆုတောင်းပေးသွားကြောင်းပါ။
စကားမစပ်- လက်ရေးမလှတဲ့သူမို့လို့ လက်ရေးလှတဲ့သူတွေကို အားကျကြောင်းပါ။ (:

Zephyr said...

LDP (လစ်ဘရယ် ဒီမိုကရက်တစ်ပါတီမဟုတ်ဘူး လင်းဒီပ)
ဟုတ်ပါ့ဗျာ ...။
ဒီအထဲဝင်ရတာကို ဒီလောက်မကြောက်ပါနဲ့...။အရေးကြီးရင် ကြီးသလို ဖေ့စဘွတ်ခက ဝေါလ မှာ ရေးခဲ့လည်းရပါတယ်။

မင်္ဂလာ ဆိုတာ မကောင်းတာမဖြစ်ပါစေနဲ့ လို့ ပြောတာ .. အချင်းချင်းပဲဗျာ ဝေ့လည်ကြောင်ပတ်မလုပ်ပါနဲ့ ... ကျန်းမာထီပေါက် နိဗ္ဗာန်ရောက် လုပ်လိုက်စမ်းပါ။

Phyo Phyo,
ဒီလက်ရေးမျိုးကို လက်ရေးညံ့တယ်လို့ခေါ်တယ်ကွဲ့ ကလေးမရဲ့။ :P ။Thanks for your prayer. And there is no limitation of entering and reading my poems. It is totally free.

Anonymous said...

practical joke သည် လက်တွေ့ကျသော အလုပ်ဖြစ်သော ဟာသ မဟုတ်ပါကြောင်း
(ဟိုဘက်မှာ ဘာမှရေးမရလို့ ဒီဘက်မှာ လာပြောပါသည်။ ဖတ်ပြီးမကြိုက်ရင် ဖျက်လိုက်ပါ။)

http://www.thefreedictionary.com/practical+joke

http://en.wikipedia.org/wiki/Practical_joke

Zephyr said...

Thanks,

I had changed and corrected it.
Sorry for my careless mistake.

With Peace,
Zephyr

johnmoeeain said...

တစ်ခါ တစ်ခါ
ဆန္ဒတွေကို ချောင်တစ်ခုထဲ ပို့ပြီး
ကိုယ့်စိတ်ကိုယ်ကိုယ်
ဖွင့်မဆိုတတ်တဲ့အခါ
လာ, လာ နားထောင်ဖြစ်ပါတယ်...။
ကဗျာတစ်ပုဒ်ဆိုတာထက်
စိတ်ကို ထွက်ပေါက်တစ်ခုအနေနဲ့
ပြေလျော့ပေးသလို ခံစားမိလို့ပါ...
လမ်းတွေ မဖြောင့်တဲ့အကြောင်း
ရင်နာနာနဲ့ ပြောပြရဦးမယ်...မဟုတ်လားကွယ်...။

emayarKhin said...

နားကောင်းတယ်..ကွန်မကောင်းဘူး..
ဒီတော့ကာဘာမှမကြားရဘူး....