Saturday, May 8, 2010

ကိုယ်ရေးရာဇ၀င်

ကိုယ်ရေးရာဇ၀င်

ခြေလှမ်းလေးကပြောတယ် ….
ငါက ထွက်သွားတော့မှာတဲ့ …………။

သစ်ရွက်တွေထဲမှာ သစ်ပင်ကို ပြန်ရှာတယ်။
မောတယ်။
ဘ၀ဟာ မောတယ်။
ဘ၀မှာမောတယ်။ မနေ့က အတွေးတွေနဲ့ ဒီနေ့ကိုနေသူလို မောတယ်။

ပြက္ခဒိန်တစ်ရွက်ကို လှန်လိုက်သလို …
အတိတ်ကို ဖျပ်ကလှဲ လှန်ပြီး နောက်ထဲထိုးထည့်ထားလိုက်တယ်။
ပြန်မဆုံတဲ့ ခြေလှမ်းတွေ တစ်နေ့နေ့ …..။

Zephyr ….

5 comments:

Anonymous said...

ခြေလှမ်းတွေက တစ်နေရာ
စိတ်အလှမ်းက တစ်နေရာ ...

ကိုယ့်ကိုယ်ကိုပြန်ရှာတော့ ...
ဘဝဟာ မောပမ်းနွမ်းလျနေခဲ့ ..
နေရောင်က ကွယ်တော့မယ် .......

ငါ ..ဘာတွေလုပ်နေမိတာလဲ တစ်နှစ်ပြီးတစ်နှစ်..
ပြန်မချစ်ဖြစ်တော့တဲ့ သက္ကရာဇ်တွေနဲ့ ...

မေ

johnmoeeain said...

ခြေလှမ်းလေးတွေက ပြောတယ်
လမ်းခွဲတွေ လမ်းလွဲတွေ သိပ်များနေတယ်တဲ့
ရွေးချယ်စရာတွေ သိပ်များတယ်ဆိုတာ
ဘာကို ရွေးရမလဲဆိုတာ မရေရာတဲ့သူတွေအတွက်ဖြစ်မယ်
တစ်စိုက်မတ်မတ် လျှောက်ခဲ့တဲ့ခရီးတွေမှာ
မိုင်တိုင်မှတ်မှုတွေ မထင်ရှားနေတော့
ကိုယ်ရေး ရာဇ၀င်ထဲ
ပြက္ခဒိန်စာရွက်တွေဟာ
သံတူကြောင်းကွဲတွေ များလာတယ်
ဘ၀မှာပေါ့......။

(ဆင့်ပွားခံစားမိခဲ့ပါတယ်)
ခင်မင်လေးစားလျက်

သွယ်လင်းဆက် said...

ဘဝကို နောက်ကြည့်မှန်ကနေကြည့်လိုက်တိုင်း မောတယ်။

emayarKhin said...

ဝူးးးးးးးးးမောတယ်....

mabaydar said...

အင်း.. ဟုတ်တယ်... ဘ၀ဟာ မောတယ်...