ကျွန်တော့်မှာထူးထူးဆန်းဆန်းရောဂါတစ်ခုရှိတယ်။ ပျော်စရာကောင်းတာတွေကို ပြန်ဝေပေးချင်တဲ့ရောဂါလို့ဆိုရမယ်။ ဒီနေ့ Nietzsche ရဲ့Man Alone with Himself ဖတ်ရင်း သူရေးတဲ့ ကဗျာတစ်ပုဒ်ဖတ်လိုက်ရတယ်။ အဲဒီစာအုပ်ကို ၀ယ်ထားတာ တစ်နှစ်လောက်ရှိပြီ။ ကြိုက်တာလေး နည်းနည်းဖတ်လိုက်၊ပစ်ထားလိုက်ပဲ။ သိပ်ကြိုက်တဲ့စာအုပ်တွေကို အကုန်ဖတ်လိုက်ရမှာနှမြောလို့ နည်းနည်းချင်းပဲဖတ်တယ်။ တစ်ချို့အကြောင်းအရာတွေက လေးနက်တဲ့အခါ အချိန်ပေးပြီးတွေးချင်တာကြောင့်လည်း စာမသွားတာဖြစ်နိုင်တယ်။ ဒီနေ့ဖတ်လိုက်တဲ့အကြောင်းအရာတွေထဲမှာ သူ့ကဗျာနဲ့ bad poets ဆိုတာလေးကို သဘောကျလို့ ပြန် share လိုက်ပါတယ်။
People as bad poets.
Just as bad poets, in the second half of a line, look for a thought to fit their rhyme, so people in the second half of their lives, having become more anxious, look for the actions, attitudes, relationships that suit those of their earlier life, so that everything will harmonize outwardly. But then they no longer have any powerful thought to rule their life and determine it anew; rather, in its stead, comes the intention of finding a rhyme.
(Neitzche, Man Alone with Himself, Pg 29)
အဲဒါကိုတွေးရင်း ဘာလို့ အသက်ကြီးလေ သတ္တိမရှိလေဖြစ်လာတာလည်းဆိုတာကိုလေည်း ဆက်တွေးမိပါတယ်။ ကျွန်တော်တို့တွေဟာ ပထမပိုင်းကစားပြီးသား လောကကြီးကိုများ ကြောက်သွားတာလား။ ရှေ့တစ်ပိုင်းမှာ ကန်ခဲ့တဲ့အကွက်ကြီးနဲ့အဆင်ပြေမယ့် ကစားသမားတွေကိုဘ၀ထဲမှာ ဖြည့်စွက်နေကြတာလား။ ဘ၀ကို ဒီလိုကြီးပဲဆက်နေသွားမယ်လို့ ကျွန်တော်တို့တကယ်ဆုံးဖြတ်လိုက်ပြီလား.....။ မေးခွန်းတွေက အတော်လေးကို အထိအခိုက်များတဲ့မေးခွန်းတွေဖြစ်လာပါတယ်။ တစ်ခါတစ်လေလည်း အဲဒီသဘောမျိုးမေးတဲ့မေးခွန်းတွေဖတ်ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်မထိရောက်ခဲ့ဘူးလို့တွေးမိတယ်။ သူပြောတဲ့ bad poets ဥပမာကတော့ အထိရောက်ဆုံးပဲ။ ရှေ့လေးရက်လောက်မှာ အသက် ၂၉ နှစ်ပြည့်တော့မယ်ဆိုတော့ ဘ၀ကို second half စကန်တော့မယ့်အရွယ်ဖြစ်နေပြီ။ ဘ၀မှာ ငွေကြေးဥစ္စာတွေ သိပ်မရှိရင်လည်း သတ္တိရှိတဲ့သူတော့ဖြစ်ချင်တယ်။ ရှေးရိုးစွဲ သူရဲဘောနည်းတဲ့သူမဖြစ်ချင်ဘူး။ ဘ၀ကို အသစ်ပြန်လုပ်ကြည့်ဖို့ကောင်းတယ်။ အဟောင်းကြီးက ပျင်းစရာသိပ်ကောင်းတယ်။ အတိတ်နဲ့အဆင်ပြေအောင်တော့ ဘာမှ အပိုတွေမလုပ်ချင်ဘူး။ အနာဂတ်နဲ့အဆင်ပြေမယ့် မိတ်ဆွေတွေရှာမယ်။ အသိဥာဏ်ရှာမယ်။ အဲဒါကို တော်တော်လေးတွေးဖြစ်သွားပါတယ်။ How about you? Are you a bad poet too.... :P?
နောက်တော့ နစ်ရှေးကြီးကို သဘောကျတာ သူ့မှာ အနုပညာ အပြည့်ရှိတဲ့အချက်လည်းပါတယ်။
သူက Gothe ရေးတာလေးလည်းရွတ်ပြသွားပါတယ်။ သူကိုးကားတဲ့အပိုင်းက အတော်လေးကို အရသာရှိနေတာတွေ့ရပါတယ်။ ဒီဘက်မှာ ဘာသာပြန်ဖို့စိတ်မပါတဲ့အတွက် မူရင်းကို မူရင်းလိုဖတ်ခွင့်ရတာ အတော်လေးပျော်စရာကောင်းမယ်ထင်ပါတယ်။
The best is the deep quiet in which I live and grow against the world, and harvest what they cannot take from me by fire or sword.
(Gothe)
မြန်မာလိုတော့ ဂိုထေး၊ဂွယ်ထည်၊ဂွေးတိုလို့ အသံအမျိုးမျိုးထွက်ကြတာသူပါပဲ။ သူပြောတဲ့အထဲမှာ စိတ်ချမ်းသာမှုကိုတန်ဖိုးထားတာ အများကြီးပါတယ်။ လူတိုင်း စိတ်ထဲမှာ နေစရာနေရာလေးရှိမှ အိုကေမယ်။ ဘယ်သူမှမရှိတော့ရင်လည်း အဲဒီနေရာလေးကပဲစပြီး ဘ၀ကို ပြန်စလို့ရရမယ်။ ဘ၀မှာ ဆုံးရှုံးသွားတဲ့အခါတိုင်း၊ လဲကျသွားတဲ့အခါတိုင်း၊ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ဖို့ ဂိုထောင်လေးတစ်ခုလိုနေရာလေး။ ငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှုကို ဘယ်သူမှ လုယူလို့မရဘူး။ ရေ၊မီး၊မင်း၊ခိုးသူ၊မချစ်မနှစ်သက်သူတွေ ခိုးသွားလို့မရဘူး။ ကြုံလို့ပြောရရင် တစ်ခါက ရဟန္တာမ တစ်ပါးကို မျက်လုံးလေးသိပ်လှတယ်လို့ ဓားပြကပြောတော့ ရဟန္တာမက မျက်လုံးကို ဆွဲထုတ်ပြီးပေးလိုက်တယ်။ အဲဒီဇာတ်ကွက်ကို သိပ်ကြိုက်တယ်။ ဗန်ဂိုး အရူးထပြီး နားရွက်ဖြတ်တာလောက်ပဲစိတ်ဝင်စားတဲ့ စာပေတွေမှာ ရဟန္တာမ မျက်လုံးထုတ်ပေးတာကို ထည့်မရေးကြသေးဘူး။ လူတွေတန်ဖိုးထားတယ်ဆိုတဲ့ကိစ္စတွေဟာ ခိုင်မြဲတာဘာမှမရှိပါဘူး။ လောကဓံတရားတွေကို အကောင်းလောကဓံလောက်သာကြုံနေလို့ရတော့ ပြုံးပြုံးကလေး ခံရဲတယ်ဆိုတာမျိုးဖြစ်နေတာများပါတယ်။တကယ်တော့ အကောင်းလောကဓံကြုံတယ်ဆိုတာ အမြင့်ကိုတက်နေရတာပါ။ အပေါ်က ပြုတ်ကျရင်ပိုနာပါမယ်။ အထည်သေးပျက်ဟာ အထည်ကြီးပျက်လောက် မခံစားရပါဘူး။ ပျက်တတ်တာတွေကို ပျက်တတ်တယ်လို့ နှလုံးသွင်းမထားရင် တကယ်ပျက်တဲ့အခါ ခံနိုင်ရည်မရှိတော့ပါဘူး။ အပြင်မှာနေဖို့ အချိန်ပေးကြသလို၊ စိတ်ထဲမှာနေဖို့လည်း အချိန်ပေးရင် ဘ၀မှာ ကြံ့ကြံ့ခိုင်ခိုင်နေသွားတဲ့သူတွေ၊အောင်အောင်မြင်မြင်နေသွားတဲ့သူတွေဖြစ်လာမှာပါ။
Among Friends: An Epilogue
1
Fine, with one another silent,
Finer, with one another laughing
Under heaven`s silky cloth
Leaning over books and moss
With friends lightly, loudly laughing
Each one showing white teeth shining.
If I did well, let us be silent,
If I did badly, let us laugh
And do it bad again by half,
More badly done, more badly laugh,
Until the grave, when down we climb
Friends! Well! What do you say?
Amen! Until we meet again!
2
Don`t excuse it! Don`t forgive!
You happy, heart-free people, give
This unreasonable book of mine
Ear and heart and sheltering!
Truly, friends, my own unreason
Did not grow to earn a curse!
What I find, what I am seeking
Was that ever in a book?
Honor one from the fools` legion!
Learn from out of this fool`s book
How reason can be brought -"to reason"!
So then, friends, what do you say?
Amen! Until we meet again.
ကံကောင်းတာကတော့ ဒီကဗျာကို လူများရိုက်ထားပြီးသားတွေ့လို့ကူးလာလိုက်ပါတယ်။ သူရေးတဲ့ကဗျာကို အရသာမပျက်စေချင်ပါဘူး။ ဒီအတိုင်းလေးပဲခံစားကြည့်ပါ။
ဒီနေ့စာအုပ်နှစ်အုပ်ဖတ်ဖြစ်ပါတယ်။ နောက်တစ်အုပ်ထဲက အကြောင်းအရာတွေကို ရောပြီးမရေးချင်လို့ နောက်နေ့မှ ပို့စ်တစ်ခုထပ်ရေးလိုက်ပါမယ်။
သိပြီးမလုပ်သေးရင် မသိသေးလို့ပဲဆိုတဲ့မဟာမြိုင်ဆရာတော်ရဲ့ စကားကိုပဲ ထပ်ပြီးကိုးကားပြီး၊ သိသလောက် အကောင်းဆုံးတွေ လုပ်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
No comments:
Post a Comment