Friday, December 2, 2011

တစ်ခါတစ်ခါပြန်ပြန်ရောက်လာတယ် ခရီးက ငါ့ဆီ။

တစ်ခါတစ်ခါပြန်ပြန်ရောက်လာတယ် ခရီးက ငါ့ဆီ။

နေရောင်ခြည်ရဲ့နွေးထွေးတဲ့ရနံ့ကို
စားသုံး... နေ့တွေ လတွေ၊ နှစ်တွေကို မေ့ထား၊
အခေါက်တွေ ထူထဲလာ၊
နေဒဏ်မိုးဒဏ်
အသားကျလာ။ မနေ့ကလာပြီး၊
ဒီနေ့ပြန်ထွက်သွားတဲ့
ဆောင်းရနံ့ကို
whisky ရနံ့ထဲမှာပြန်တွေ့ရင်လည်း
အံ့သြမနေတော့။

သေချာခြင်းအထပ်ထပ်နဲ့
သေချာချည်ထားခဲ့ပါတယ်လို့တော့ ထင်ထားခဲ့၊
အနာဂတ်ဟာ၊
သိပ်အလှကြီးမဟုတ်တောင်၊
သာယာစေရပါမယ် .. ကတိတွေ ဘာတွေ ပေးထားခဲ့။
ချစ်လှစွာသော ဘူမာရင်းကြီးရေ ...........
ပစ်လွှတ်ခဲ့ ...
ရင်ခွင်ဆီ၊
ကွေ့ပါ။

မနက်ဖြန်တကွေ့ကွေ့ပေါ့၊
တွေ့မယ့်တွေ့တော့လည်း
မိုးထဲရေထဲ၊
အနာဂတ်အပြဲတွေနဲ့၊
ကိုယ့်ခေါင်းကိုယ်
အနိုင်နိုင်မိုးနေရတယ်၊၊
စိုရွှဲနေ၊
မျက်လုံးဟာ
မိုးရေမဟုတ်ရင် မျက်ရည်နဲ့။

အချစ်၊
ဝဋ်ကြွေး၊
သံသရာအထပ်ထပ်၊
အလွမ်း လွင်ပြင်ကျယ်
ဟော ဟိုး ကောင်းကင်ကြီးထက် ကျယ်ပြန့်
ဟော ဟိုး ပင်လယ်ကြီးထက်လည်း နက်ရှိုင်း .......
အိုး အချစ်ရေ ...........
မျက်ကန်းယုံကြည်မှု အဖွေးသားနဲ့
သန့်ရှင်းကြည်လင်သော အချစ်တွေ၊
ယူပါ။

ချောက်ကမ်းပါးမှာ
ခြေဖျားထောက်ရပ်နေတဲ့ယုံကြည်ခြင်းတွေ၊
လည်ပင်းမှာ တင်းစပြုနေတဲ့ကြိုးရဲ့ တည်ကြည်ခြင်းတွေ၊
အမြင့်မှာ လှိုက်ခနဲပျော်ရွှင်လာတဲ့ ရော်ရွက်ဝါတွေ၊
လက်ကောက်ဝတ်မှာစီးကျနေတဲ့ သွေးနွေးနွေးတွေ၊
မီလီဂရမ် ပြည့်မီသွားတဲ့ paracetamolတွေ၊
လည်ချောင်းထဲခါးနေတဲ့ ပိုးသတ်ဆေးတွေ၊
နှုတ်ခမ်းဟာ
kiss of death
ကို မထီတရီခဲလို့၊
ခွဲခွာခြင်းကို
ပခုံးတွန့်ဖို့ နားထင်နဲ့သေနတ်ဟာ နေသားကျလို့၊

အခု ...
ခရီးဟာ ဆိုက်ဆိုက်မြိုက်မြိုက်။ ။

Zephyr

Sunday, November 13, 2011

ကစားပွဲ

ကဗျာကလည်း ရောက်မလာတာကြာပေါ့။ ဒါနဲ့ တစ်နေ့ အလုပ်များနေပြီး ခေါင်းကိုက်နေတုန်း၊ ကဗျာတစ်ပုဒ်ရောက်လာတယ်။ ငါ့ကို ဦးစားပေးပါဆိုပြီး ရင်ဘတ်ထဲ ခေါင်းနဲ့တိုးပြီးဝင်ရောက်လာတယ်။ အဲဒါနဲ့ အလုပ်တွေ ခဏရပ်ပြီး ကဗျာကိုအရင်ရေးလိုက်တယ်။ အကြမ်းထည်ဆန်တယ်။ ရောက်လာတဲ့အတိုင်းပြန်ထုတ်လိုက်လို့။ ဘာပဲဖြစ်ဖြစ်၊ ရိုးရိုးသားသား ရောက်လာတဲ့ ကဗျာတစ်ပုဒ်ကို ကျွန်တော်ချစ်တယ်။ Special Effect မပါတဲ့ ကဗျာရိုးရိုးလေးတွေနဲ့ပဲ ကျွန်တော်နေထိုင်တယ်။ ကဗျာကိုချစ်တဲ့ မိတ်ဆွေတွေအားလုံးအတွက် အမှတ်တရ လက်ဆောင်ပါ။ ပြုံးစရာ ကော်မန့်လေးကိုပါ ကူးလာခဲ့တယ်။ ကျွန်တော့်ရဲ့ကစားပွဲဟာ ခင်ဗျားရဲ့ ကစားပွဲရောဖြစ်နေမလား တိုက်ဆိုင်ကြည့်ပါဦး။

ကစားပွဲ

ကိုယ့်ကိုယ်ကို တူးဖော်တော့
ပေါက်ချွန်းတွေပြန်ထွက်လာတယ်။
ကိုယ့်ကိုယ်ကို စွန့်ပစ်တုန်းက
ကြွပ်ကြွပ်အိတ်အသစ်စက်စက်နဲ့ သေသေ
သပ်သပ်ထုတ်ပိုးရင်းပေါ့။
မကြာပါဘူး၊
ဒဏ်ငွေဆောင်လိုက်ရတာပဲ
အဖတ်တင်တယ်၊
ဒီဘ၀တော့ စွန့်ပစ်လို့
မရဘူး
တဲ့။
အမှိုက်ကို ရေချိုးချိုးပေးရတယ်။
စိတ်ကို စင်စင်ကြယ်ကြယ်
တိုက်ချွတ်ရတယ်။
ဘယ်လို ဘ၀ကြီးလဲ။

ငိုတဲ့မျက်ရည်တွေ
မျက်လုံးထဲ ပြန်တိုးဝင်တယ်။
လူစားမလဲဘဲ
စတန့်လုပ်ချင်တော့
အသည်းကွဲရတာပဲအဖတ်တင်တယ်။
ကျကျနန
နာနာကျည်းကျည်း
ညည်းမိတဲ့သီချင်းဟာ
ကျေကျေနပ်နပ်။

မနက်ဖြန်မှာ
အနေတတ်ရင်
အသေမြတ်တော့မလို၊
ရှယ်ရာတွေကျတယ်၊
သွားရည်တွေကျတယ်၊
စိတ်ဓာတ်တွေကျတယ်၊
ရာဟုဂြိုဟ်ကလွတ်တော့မှာပါ
မကြာမီပေါ့၊
မကြာမီပေါ့၊
အချိန်မီလေးပေါ့၊
လက်မတင်လေးပေါ့၊
ဦးခေါင်းကို လိုတာထက်မော့ထားလိုက်တယ်။
တင်ပါးလေးနေသယောင်
ရင်ကိုကော့ထားမိသေးတယ်။
ကိုယ့်ရဲ့ iinferiority complex တံဆိပ်လေးကိုတသသနဲ့
စိတ်ထဲမှာ ခပ်တည်တည်တပ်ထားလိုက်သေးတယ်။

မကြာမတင်လေးကပဲ
အက်ရှင်မင်းသားရဲ့
ကျည်မကုန်တဲ့သေနတ်တစ်လက် လိုချင်ခဲ့သေးတယ်။
နောက်တော့လည်းမထူးမှန်းသိတယ်၊
ကိုယ့်ကိုယ်ကိုပစ်မရမယ့်အတူတူ
သေနတ်ဟာ ဘာလုပ်မလဲ၊
ဘာလုပ်မလဲ၊
ဘာလုပ်မလဲ၊
ဘာလုပ်မလဲ၊
အဲဒီလိုတွေးနေခဲ့တာ
၂၉ နှစ်၊
ကဲအခု မင်းဘာလုပ်မလဲ။

ရှင်သန်မှုလား
ရှင်သန်နေရမှုလား၊
ပြုံးနေကြတာလား၊
ပြုံးနေရတာလား
ဘ၀က မြွေနဲ့ လှေကားကစားနည်းလား၊
လှေကားရောပါရဲ့လား
မြွေကတော့ အလှည့်တိုင်းမျိုတယ်။

အမြင့်ကိုတက်ကြတာဟာ
အကျနာဖို့ပဲလို့
နာနာကြီး ဆင်ခြင်မိတယ်။

မကြာခင်မှာ ၃၀၊
သက်တမ်းကို တစ်ဝက်တိတိ
လက်ဝါးစောင်းနဲ့
ပခုံးစောင်းနဲ့
စောင်းနေတာတစ်ခုခုနဲ့
ရိုက်ချိုးဖြတ်တောက်ပြီးပြီ
တစ်ဝက်ပြည့်ပြည့်
တစ်ဝက်လျော့လျော့
အဆိပ်ခွက်ကို
သူ့အတိုင်းထားတာကောင်းတယ်။

သံသရာမှာ
ထွက်စို့လွယ်လွယ်ခေါ်လို့မရဘူး၊
အက်ရှင်
အက်ရှင်
ဆိုမှ
ငိုငိုပြနေကြတယ်။
အက်ရှင်
အက်ရှင်ဆိုမှ
ချစ်သူကို
ပွေ့ဖက်တယ်။
အက်ရှင်အက်ရှင်
အော်နေတဲ့စိတ်၊
သူ
ဘယ်တော့မှ
မတိတ်ဘူး။

ကစားပွဲကို
ကစားပွဲမှန်းသိရင်
ထွက်လို့ရတယ်။

ကစားပွဲကို
ကစားပွဲမှန်းမသိရင်
အသက်လည်းအသက်
လျှာလည်းလျှာ
အသေ(သို့)အရှင်
တစ်ခုခုထွက်နေရမယ်။ ။

Zephyr
(ခေါင်းကိုက်နေချိန် ညနေ ၄ နာရီ ၈ မိနစ်)
· · · Share · Delete
  • Manor Hary, May Nyane and 2 others like this.
    • Manor Hary ခေါင်းကိုက်လည်းပျောက်ရော တစ်ခုခုထွက်ချင်စိတ်လည်း ပျောက်ရော မဟုတ်လားး))
      November 9 at 12:20am · · 1

Tuesday, August 16, 2011

နွေရာသီကိုပန်ဆင်သော ဥသြသည် သာယာညင်းသွဲ့ ငိုလေ၏

နွေရာသီကိုပန်ဆင်သော ဥသြသည် သာယာညင်းသွဲ့ ငိုလေ၏

မီးခိုးရောင်ကိုယ်စားပြုမှုတွေနဲ့ တိုက်စားလွန်းသောတရား
ပျစ်ခဲဆေးသားတိမ်တိုက်ထဲကပ်နေတဲ့ ပျံမရတဲ့ငှက်များ
ခြေထောက်မပါတဲ့မြစ်ကမ်းနပါးမှာတော့ သွေးအေးစိတ်သတ်သမား
ဒဏ်ရာသည်းနေသူအတွက် ခြေသံလေးတစ်ခုဟာလည်း စိုးရွံ့ထိတ်လန့်စရာ။

အကျအရှုံးအမြောက်အမြားနဲ့ နောက်ဆုံး အလံကျိုးပဲ့မှု
အနက်ရှိုင်းဆုံး သွေးစက်အငွေ့ပျံချိန်ထိ ခုခံထားတဲ့ ခံတပ်လေးထဲ
ရုပ်ဆင်းပျက် ပြိုကွဲမှုက တစစီ ……….။

ဆောင်းခေါ်တေး တကြော်ကြော်နဲ့
မနေ့ညအထိ မျှော်ခဲ့သေးတယ်။
နစ်သွားတဲ့ရွက်တိုင်မှ ခရမ်းပြာ(ပင်လယ်)ကြမ်းပြင်ထိ၊
လွမ်းဆွတ်ခြင်းဟာ ငုပ်မိသဲတိုင်။

မှားယွင်းတဲ့ယုံကြည်မှုဟာ လက်ချော်သွားတဲ့ တက်တူးလို
သေရာပါရယ်စရာနဲ့၊
မြန်နှုန်းမြင့်ရူးသွပ်ခြင်းတွေ ပြေးထွက်သွားပုံကတော့
အရူးတပိုင်းဆန်လွန်းနေရဲ့၊
ရပ်မရတဲ့ခြေထောက်များနဲ့ နင်းဖြတ်ရမယ့် ဆူးလမ်းတွေက
တနံတလျား …… အလိုက်အလျားသင့်မိခဲ့တဲ့ရင်ခွင် အမှားမှာ
နောင်တရွက်ဟောင်း တကြွေကြွေ။ ။

Notes:
I wrote this poem with regret.
I didn't use my pen name as well. My mind is shrinking to become a blackhole. See you again in the next big bang.

Regards,
The Gardener

Tuesday, June 28, 2011

ကျပျောက်သွားတဲ့မြစ်။

ကျပျောက်သွားတဲ့မြစ်။

ပြန်မလာတော့ဘူးဆိုတာသိရင်
မြစ်ဖျားခံနေဖို့
စိတ်တွေကို
အေးခဲသောဒေသဆီ
ပို့လွှတ်ခဲ့မိမှာမဟုတ်ဘူး။
အလွမ်းယောင်ဆောင်ထားတဲ့ ကြေကွဲမှုဟာ
နာကျင်မှု အဖြစ်အရောင်ပြောင်းစပြုလာ၊
တောင်တန်းဒေသ၊
နှင်းမကွဲမီ အသည်းကွဲသွားသောနံနက်ခင်းများနှင့်အတူ
ရိုးရိုးလေးအသည်းကွဲနေရ၊ မီးလင်းဖိုလေးအနီး၊
မီးခိုးငွေ့များနှင့်အတူ လွင့်မျောညင်သာ၊
ဘ၀ဟာ လုံးဝန်းတဲ့ကျောက်စရစ်လေးတစ်လုံးလို
လောကဓံအားဖြင့် ချောမွတ်နာကျင်ခဲ့ရ။

စိတ်မှာ ဆူးစူးနေတဲ့ ဒဏ်ရာကို ဘယ်လို ကုသရမှန်းမသိ။
ကြံရာမရ၊ မျက်ရည်တွေနဲ့ထွင်လိုက်ရတယ်။

အဖြူရောင်ကို တစ်စစီခွဲပြီး
အနက်လည်းပါတယ်ဆိုတော့
ဒီဘ၀ ဒီမျှပေါ့ကွယ်၊

ငြိမ်ငြိမ်လေး အသည်းကွဲနေရတာထက်
ရင်ကွဲနာကျ လေချွန်နေတဲ့ကောင်က
ပိုအပြောအဆိုခံရတတ်တယ်။

ဂရုတစ်စိုက် သုံးစွဲပါ။
သင်ရခဲ့သော သုံးဆယ့်တစ်ဘုံ ဆေးလိပ်တို။

ပြုံးပါ။
ပြုံးနိုင်သလောက်။
မပစ်မယ့်လေးကို အားနဲ့တင်နေသလို
ပြုံး လိုက် ပါ။

ကြယ်တွေကို
တစ်ညတစ်လုံးခူးထားလိုက်၊
ကြယ်တွေကို
တစ်ညတစ်လုံး ကောက်ထားလိုက်၊
လွမ်းတဲ့အခါ
သူ့အိမ်ခေါင်မိုးပေါ်
ကြယ်တွေပစ်တင်ပြီး ပျော်ရ။
ကောသွားတဲ့မြစ်လို
မလင်းတော့တဲ့ကြယ်ဟာ
တန်ဖိုးကျလွယ်တယ်။ ။

Z

Wednesday, June 22, 2011

အဖေများနေ့ကဗျာဆိုပါတော့အဖေ။

အဖေများနေ့ကဗျာဆိုပါတော့အဖေ။

မိသားစုတွေဟာ ရှည်လျားတဲ့ခရီးတစ်ခုပေါ့ အဖေ။
ဆူးပင်တွေညိနေတဲ့လှည်းကို အဖေမောင်းတယ်။
နွံ့ထဲဆင်းပြီး လှည်းကိုတွန်းတယ်။
ရေစီးကြမ်းလည်း ဖောင်ကိုဆန်တက်တယ်။
ဒါတွေဟာ အဖေ့အလုပ်ပေါ့။
အဖေက နိုက်ဘွဲ့ကိုမယူဘူး။
လက်မထိပ်မှာ အပ်ရာမရှိဘူး။
လုပ်စရာရှိတာလုပ်နေတဲ့
သာမန်အဖေတစ်ယောက်၊
ရွက်အုပ်သီး သူရဲကောင်းပေါ့။

မိုးလင်းမိုးချုပ်အလုပ်လုပ်တော့
အဖေရတာက
သားသမီးအမုန်းပေါ့။

အဖေကညည်းညူတတ်သူမဟုတ်ဘူး။
ဖျားနာတတ်သူမဟုတ်ဘူး။
နေ့တိုင်း ပါတိတ်ရောင်းနေရင်း
ဈေးဆိုင်ကျဉ်းကျဉ်းမှာ
သွပ်မိုးနိမ့်နိမ့်မှာ
တစ်ဆိုင်လုံးဖွပြီး
ဘာမှဝယ်မသွားတဲ့သူတွေနဲ့
ရယ်ရယ်မောမော ရောင်းဝယ်နေတတ်သူ။

အဖေက မနက် ဈေးမဖွင့်ခင်
ဘုရားကျောင်းတက်လေ့ရှိတော့
သားတွေက
သူတော်ဂေါင်းဂျီးလို့ ရွဲ့တယ်။
အဖေ၀ယ်လာတဲ့မုန့်တွေစားပြီး၊
အဖေ့လွယ်အိတ်ထဲက လိုသလောက်မုန့်ဖိုး နှိုက်ယူခွင့်ရှိတာတော့
ပျော်ခဲ့တယ်။

အဖေက
သားသမီးရှိလာတော့
အရက်နဲ့ဆေးလိပ်ဖြတ်တယ်။
စီးပွားကောင်းလာတော့၊
တက္ကသိုလ်ကျောင်းကို အဆက်ဖြတ်တယ်။
အဖေဘ၀က သုံးပုံတစ်ပုံပဲ
ကျန်တဲ့သုံးပုံနှစ်ပုံက
မိသားစုဆောင်းခိုတဲ့ ခရုခွံ။

ကျွန်တော် ကိုးတန်းနှစ်မှာ
စီးပွားကျလာတော့
အဖေအိမ်မှာရှိလာတယ်။
ကျောင်းလိုက်ပို့တယ်။
လိုက်ကြိုတယ်။
သား သမီးတွေကို
အဖေချစ်ပါလားလို့
ကိုးတန်းမှပဲသိတယ်။

အဖေမစားတဲ့ညစာတွေဟာ
များသထက်များလာတယ်။

စီးပွားပျက်ချင်တော့
ဘာလုပ်လုပ်ရှုံးတယ်။
ဥစားကြက်လည်းမွေးတယ်။
ရှုံးတယ်။
ဆီလုပ်ငန်းလည်းလုပ်ဖူးတယ်။
ရှုံးတယ်။
အဖေက
မြန်မာပြည်က
အရှုံးသမားတစ်ယောက်အဖြစ်
ထွက်ခွာသွားတယ်။

တတိယနိုင်ငံတစ်ခုထက်
နည်းနည်းလေးသာတဲ့နိုင်ငံမှာ
အဖေအလုပ်လုပ်တယ်။
ဒီအရွယ်မှာ အပြင်ထွက်အလုပ်လုပ်တာ အဖေပဲရှိတယ်။
အသက် ၄၀ ကျော်မှာမှ
ဘ၀ကိုစတယ်ဆိုတာ
အဖေ့ဘ၀ပဲ။
သုညကပြန်စရတယ်။

လောကဓံခြေသာနေတဲ့နှစ်များက
၉၉ ကစတယ်။
ဒီလိုနဲ့
မိဘဆုံး။
သားတွေဘွဲ့ရကုန်၊
မိန်းမလည်းဆုံးသွား၊
အဖေဟာ
ဘာအတွက်မှန်းမသိ
အလုပ်လုပ်နေသူဖြစ်လာ။
အဖေ့ဘ၀ဟာ
ဘယ်လိုတွေးကြည့်တွေးကြည့်
အရင်းတောင်မရဘူး။

အဖေဟာ
အလှူအတန်းရက်ရော၊
အပေါင်းအသင်းခင်၊
လက်ဖွာ၊
ဘုရားတရားကြည်ညို၊
ရေဒီယိုနားထောင်လေ့ရှိ၊
မိန်းမကို အတော်လေးချစ်ခင်၊
သားများနဲ့ စကားကြာကြာပြောရင်မတည့်၊
အသက်ကြီးပေမယ့်
ထင်သလောက်မပျက်စီးသေးတဲ့ အဖိုးအိုလေးပေါ့။

အဖေက
အခုအထိ ကျမ်းစာလေးတစ်အုပ်ကို အထပ်ထပ်ဖတ်တုန်း၊
သူ့ဘ၀မှာဖတ်ခဲ့တဲ့စာအုပ်အနည်းငယ်က အကြောင်းတွေနဲ့
ကြုံခဲ့တဲ့လောကကို တိုက်ဆိုင်ကြည့်နေတုန်း။

ငယ်ငယ်က
အဖေဖတ်ခိုင်းတာ
ယောနသံစင်ရော်၊
ပါပီလွန်နှင့်ဗင်ကို
နန္ဓာသိန်းဇံ
ကျွန်တော်ဖတ်ဖြစ်တာက
တရုတ်သိုင်းဝတ္ထု။
(ခြောက်အုပ်တွဲကနေ၊ ဆယ့်နှစ်အုပ်တွဲကို နှစ်ရက်အတွင်းပြီးအောင်ဖတ်တယ်။)

အဖေအနားမှာမရှိတော့
သားသိသင့်တာတွေသိဖို့
ဦးသန့်အကြောင်းဖတ်၊
သက်လုံ (သားငယ်ရွယ်လူးသိစေဦး)
ဒေါက်တာမတင်ဝင်း (အောင်မြင်ခြင်း၊ပျော်ရွှင်ခြင်း၊မိသားစုဘ၀) ဖတ်ဆိုတော့
အဖေစိတ်ချမ်းသာအောင်ဖတ်တယ်။
အဲဒီတုန်းက တကယ်ကြိုက်တာက
ဆရာတော်ဦးဇောတိကစာအုပ်တွေ။

လတိုင်းအဖေ့ဆီကို စာတွေရေးတဲ့အခါ
ကျမ်းစာ၊ ဆရာတော်ဦးဇောတိကစာနဲ့
ကျွန်တော့်ရဲ့ မော်ဒန်ကဗျာတွေပါတယ်။
အဖေက ကျွန်တော့်ရဲ့ပရိသတ်
နားမလည်ဘဲကောင်းတယ်ဆိုတဲ့သူ။

ဒီနှစ်
အဖေများနေ့မှာ
အဖေ့ကိုဖုန်းဆက်တော့
အဖေပျော်နေတယ်။
ဘ၀ဟာ so far so good ဆိုလား၊
ကမ္မသကာဆိုလား၊
အဖေ့ရယ်သံထဲထိုးထိုးထောင်ထောင်ဒဿနတွေပါနေတယ်။

နည်းနည်းတော့နောက်ကျသွားတယ်အဖေ
အခုသားအသက် ၂၉
အဖေ့ကို ကျေးဇူးတင်ဖို့
ကဗျာတစ်ပုဒ်ကောက်ခါငင်ခါရေးမှ
မျက်ရည်စို့ချင်သလိုလိုဖြစ်နေမိ၊

Thanks Dad,
May God Bless You 4ever +1 day.

With Love,
Your younger son,
Zephyr


Notes: Question of the day.

ခင်ဗျားရဲ့
ရွက်အုပ်သီးသူရဲကောင်းကိုရော
ခင်ဗျားတို့ မေ့ထားတုန်းပဲလားဗျာ .................။ ။











Wednesday, June 15, 2011

ကဗျာ

ကဗျာ

အနုမြူဗုံးကြဲတုန်းကလည်း သူမသေဘူး။
နာဂစ်မှာလည်း သူမပါသွားဘူး။
ဈေးကွက်စီးပွားရေးမှာ
ရောင်းမစွံတာကလွဲရင်
ကဗျာဟာ
မာခြင်းအဆင့် ၁၁။

Zephyr

Monday, June 13, 2011

ဖမ်းဆီးသူ

ဖမ်းဆီးသူ

သူ၊
အာရုံတွေကိုမဖမ်းဆီး၊
ရန်သူတွေကို မဖမ်းဆီး၊
သူ့စိတ်ကိုသာ ရပ်နေစေသူ။ ။

Zephyr

Friday, June 10, 2011

ရောဂါ

ရောဂါ

သူလိုကိုယ်လို
အထီးကျန်တတ်ရင်ကို
သေပျော်ပါပြီ။ ။


Zephyr

Tuesday, April 5, 2011

ဓာတ်ရှင်

ဓာတ်ရှင်

တစ်ဖက်သတ်စကားများ သပ်သပ်ရှိလေတော့သည်တကား၊ ထိုးဇာတ်ဆင်၊ မျက်ရည်များကျခန်း၊မကြာမတင် မေ့မေ့မှာနှလုံးရောဂါအချိန်မီရရှိ၊ နှမလက်လျှော့ဖြေလျော့ခွေ၊ မကြာမီ ဘ၀အတွက်အာမခံချက်ရှိသည်ဟုယူဆ ထိုယောကျာ်းအပြုံးကို ပိုစတာတစ်ခုတွင်မြင်ဖူးသလိုလိုရှိ၊ လိပ်ခေါင်းရောဂါမှအချိန်မီသက်သာလာသူလိုလို အသံဖျော့ဖျော့လေးဖြင့် နှုတ်ဆက်သွား ...ပြီးပါပြီ။

တစ်ချက်ချင်းရိုက်ထုတ်ပစ်လိုက်၊ ချန်ပီယံတွေရော၊ အရှုံးသမားတွေပါရိုက်တဲ့ Callaway။ လွမ်းဆွတ်ခြင်းဟာ Callaway။ သင်ထင်တာထက် နည်းနည်းပိုရှည်သတဲ့။ ဂေါ့ဖ်သီးတစ်လုံးလိုပါပဲ ထိချက်ပြင်းပြင်းနဲ့ သဲကျင်းထဲကျသွားတာ၊ ဂေါ့ဖ်သီးဟာ ငါ့ဘ၀အမှတ်အသားထိုးထားတဲ့ ငါ့ဘ၀ အငယ်စားလေးပါပဲ။ သဲကျင်းဟာ ငါ့ဘ၀အမည်ထိုးထားတဲ့ ငါ့ဘ၀ အသေးစားလေးတစ်ခုပါပဲ။ ရိုက်ချက်ဟာ ငါ့ဘ၀အမည်ထိုးထားတဲ့ လုပ်ကြံခံရမှုသေးသေးလေးပါပဲ။ Callaway.... ဂေါ့ဖ်အိတ်မှာရွှေခြည်ထိုးထားပါတယ်။ မင်းနာမည် Callaway။ လွယ်ပိုးပါတယ်။ ကိုယ့်ကိုယ်ကို သဲကျင်းထဲထိ ရိုက်ထုတ်ပါတယ်။ Callaway။ နှုတ်ဆက်အနမ်း အဖြစ် ဒရိုင်ဘာတုတ်ကိုထုတ်လိုက်ပါတယ်။ Callaway။ သိပ်ချစ်ပါတယ်ကို တည့်မတ်စွာထားပြီး ရိုက်ပစ်လိုက်ပါတယ်။ ခါးအနည်းငယ်စောင်းမိ။ သိပ်ချစ်ခဲ့ပါတယ်လမ်းကြောင်းတစ်လျှောက် သဲကျင်းဆီသို့ ဂေါ့ဖ်သီးအမည်ခံ အသေးစားနက်ရှိုင်းဒဏ်ရာတစ်ခုဝဲပျံလျက်။

ဗာဟီရတစ်ခုလိုတွင်တွင်ပြုမူပါတယ်။ လွမ်းဆွတ်ခြင်းတွေဖဲနိုင်လာတဲ့နေ့၊ တကယ့်ကို ဂနာမငြိမ်အောင်ဖြစ်ရပါတယ်။ လွမ်းလို့များသေသွားမလားပူပန်ရတဲ့အထိ၊ ဆေးရုံမှာ တုံကင်ကြိုယူထားပါတယ်။ အချစ်ရေ ..အချစ်ရဲ့ အလွမ်း ဒက်ဆီဘဲလ် မြင့်မြင့် သီချင်းရင့်ရင့်ဖြင့်သာ ဘ၀ကိုလျှော်ဖွတ်ပါတယ်၊ ကဗွီးရွက်တွေလို နေရောင်လည်းမသက်သာ၊ကြွေကျလည်းမြေလွှာပြုန်းတီး၊ နေမထူးသေမထူး ပါရမီရင့်စွာ အသုံးမကျဖြစ်နေရ၊ ချိုင်းထောက်မပါတဲ့ ဒုက္ခိတဟာ အသည်းကွဲသမားဆိုလား ။ အချစ်ဟာ နေမရင့်မီ ရူးသွားတဲ့ ၀ီရိယလွန်ကဲတဲ့ ခွေးရူးတစ်ကောင်မျှ။

ဆင်သေနောက်လိုက်သွားတဲ့ကျီးကန်းတွေတဲ့၊ကြည့်မိတော့ ..ကိုယ့်လိုငနဲတွေချည်းဖြစ်ဖြစ်နေ။ ပင်လယ်သေထဲ သေနေတဲ့ရေ၊ သေနေတဲ့ရေထဲက သေနေတဲ့ငါး၊ သေနေတဲ့ငါးထဲက သေနေတဲ့အိမ်မက်၊ အဲဒီအသေအထပ်ထပ်နောက်ဆုံးမှာမှ ငါ့ကိုယ်ငါ ပြန်တွေ့တယ်။ ဆွဲဆုတ်ပစ်လိုက်တဲ့ရည်းစားစာ၁၆ အုပ် (လက်ရေးခပ်သေးသေးများဖြင့်လှပစွာ)။ ဒဏ်ရာများကို ရေကြည်ရသည်အထိ တူးထုတ်ခြင်း၊ ဆိုကြပါတော့ ကော်ဖီတစ်ခွက်ကို ဖျော်ရင်း .......ဆိုကြပါတော့ မုန့်ထုပ်လေးတစ်ထုပ်ကိုကိုင်ရင်း၊ သီချင်းလေးတစ်ပုဒ်ကို ညည်းရင်း၊ လရောင်တွေ စိုစွတ်တဲ့လမ်း ... တခမ်းတနား အထီးကျန်ခြင်းဟာ အမာရွတ်တစ်ခုဆိုပါတော့ ဒဏ်ရာကိုချစ်နေသူထက် ပိုရူးသူမရှိတော့ပါ။

အနှေးလျောက်ရန်၊ တစ်ချက်ငေးကြည့်၊ဆွေးဆွေးလေးထားလိုက်၊အကြည့်ဆွေးဆွေး၊အရိုးဆွေးဆွေး၊ မြေးများရတဲ့အထိ မမေ့သေးပါဟု အဘိုးအိုတစ်ဦးမှ ငယ်နာမည်ကိုမမေ့ကြောင်းပြောကြား၊ တော်ရုံပဲကောင်းတယ် ဆိုသည့်မျက်စောင်းလှလှလေးမှာ ဇနီးလောင်း၏ ဗီတိုအာဏာဖြစ်နေ၊ သုံးခါပြန်လျှောက်၊ အသက်လေးဆယ်သီချင်း တိုးတိုးညည်းနေသူများ၊ တဖြည်းဖြည်းနေလုံးသည် ပင်လယ်ထဲပြုတ်ကျ၊ နေလုံးသည်တောင်စွယ်တွင်ကွယ်၊နေလုံးသည် မမြင်ရသည့်တစ်ဖက်ခြမ်းသို့ လှစ်ခနဲပြေးထွက်၊ နေကွယ်သွားသော် အပူဓာတ်သည် စိမ့်ဝင်မြေပြင်မှကြွတက်လာသလိုနွေးထွေးလာ၊ထိုစိတ်သည်နွေးထွေးလာ၊ အမည်နာမမတပ်ထားသော်လည်း ဖြစ်တည်လာ၊ ကြက်သီးမွေးညင်းများသည် တစ္ဆေတစ်ကောင်ကိုကြိုဆို၊ တယောသံသည်တရွေ့ရွေ့ထွက်ခွာ၊ သိနေသောစိတ်၊သိသောစိတ်သည် လွမ်းနေသောစိတ်၊လွမ်းသောစိတ်ကို အောင်မြင်မလိုလို၊ရှုံးနိမ့်မလိုလိုဖြစ်နေ .......................။

နေကြာစေ့ခွံများ၊ဖရိုဖရဲထိုင်ခုံများ၊ သုံးရောင်ခြယ်အလံတော်အတွက် ရပ်ခဲ့တဲ့မတ်တပ်၊ လေအေးစက်သိပ်မကောင်းဘူး။ တယ်လီဖုံးသံများကြားရ၊ လူကြီးမင်း ဓာတ်ရှင်သည် ဆက်သွယ်မှု တပ်ဆင်ထားခြင်းမရှိသေးပါသဖြင့် လွမ်းဆွတ်၍မရနိုင်သေးပါရှင်။ ။

စကားမစပ်
ရုံဝင်ခပေးချေခဲ့တဲ့ လက်မှတ်တစ်ပိုင်း
ကျေးဇူးပြုပြီး ပြန်ရနိုင်မလားခင်ဗျာ။ ။

Zephyr

Notes:, by the way, it is not a poem :). It is the flow of mind in fluid.
Juz a form of Art...........!!!

Monday, April 4, 2011

မအောင်မြင်သောညနေများ။

မအောင်မြင်သောညနေများ။

ညည်းစီစီ၊ရီဝေေ၀……………….ဒဏ်ရာမဟုတ်တဲ့ လွမ်းဆွတ်မှုပေါက်စလေးပါ။

ခွေးပေါက်ကလေး စမ်းဟောင်ကြည့်နေသလို ချစ်စရာအကြည့်လေး။ အနူးညံ့ဆုံးခွဲစိတ်ဓားပါးလေးရှမိသွားတဲ့နေ့ …………ယဉ်ယဉ်ကျေးကျေးငေးနေရုံပါ ……..။

သူ့ပါးပြင်ဘေးက လျပ်တိုက်ပြေးလွှားတဲ့လေညင်းလေးမဖြစ်ချင်ဘူး … သူ့အရိပ်လေး ကျောပေါ်ကဖြတ်သွားတာကိုပဲချစ်တယ်။ အအေးဆိုင်လေးမှာ ထိုင်နေဖြစ်တဲ့ညနေပေါင်းများစွာ …. ဖြတ်သန်းသွားတဲ့အရိပ်လေးပေါင်းများစွာ။ … အရိပ်လေးတွေကို ကျွန်တော် သီထားခဲ့ပါတယ်။ စိတ်နဲ့ကျစ်တဲ့ကြိုး … တစ်သီးပုဂ္ဂလ ပန်းပွင့်လေး ………………..၊ရွှေအိုရောင်မြူတွေလှတဲ့ လွမ်းဖွယ့်ညနေများ ကျွန်တော့်ဘ၀ကို လက်နက်ချထားပါတယ်။………………..။

သူ့ရဲ့ကြိမ်ခြင်းလေးထဲက လက်သုတ်ပုဝါလေးဟာ ကျွန်တော့်ရဲ့ရက်သတ္တပတ်တွေဖြစ်တယ်။ ချစ်နေခြင်းကိုဓာတ်ခွဲကြည့်ရင်တော့ ရူးသွပ်မှုတွေပဲပါမှာပေါ့ ……….၊ဒါပေမယ့်ဗျာ …. လွတ်လပ်စွာ အပြစ်ကင်းတဲ့ ရူးသွပ်ခြင်းတွေကို ဆာလောင်နေတဲ့စိတ်နဲ့ အဖြူရောင်အကြည့်တွေတောင်မပါဘဲ ချစ်စရာကောင်းတဲ့အရိပ်လေးတစ်ခုစာရှင်သန်နေတဲ့ ဘ၀လေးတစ်ခုဟာ သူ့အဓိပ္ပာယ်နဲ့သူရှိတယ်။ လက်ဆုပ်လက်ကိုင်အဖြစ် အရိပ်တစ်ခုရှိပါတယ်။ တိတ်ဆိတ်မှုကို ဂီတလို့သတ်မှတ်ရင် သူ့ကိုဆိုပြခဲ့တဲ့တိတ်ဆိတ်မှုဟာ အချိုဆုံးတေးသွားဖြစ်ပါလိမ့်မယ်။

တဒင်္ဂလေးပါပဲ။ သူဖြတ်သန်းသွားတိုင်း လန်းဆန်းသွားတဲ့ ကုမုဒြာတွေဟာ စိတ်ထဲမှာ အပြိုင်းအရိုင်းဖူးပွင့်လာကြတယ်။ သူ မစိုက်ပျိုးထားဘဲ အောင်မြင်နေတဲ့ဥယျာဉ်တစ်ခု။ ညနေခင်းတစ်ခုစာကြီးမြတ်ခဲ့တဲ့ နေ့စွဲများ၊ ဘယ်သူခြစ်သွားမှန်းမသိတဲ့ အအေးစားပွဲခုံပေါ်က အသည်းပုံနဲ့မြားတစ်စင်း၊ မြားဆိုတာ အသည်းကိုပစ်ဖို့လိုအပ်လို့လား။ သူ့အလင်းနဲ့လှနေတဲ့ကြယ်ကလေးကိုချစ်သလို၊ ပန်းဖူးလေးကို ဥယျာဉ်မှုးကချစ်သလို၊ ပိုင်ဆိုင်လိုခြင်းရဲ့အပြင်ဘက်မှာ အရိပ်လေးတစ်ခုစာလောဘနဲ့ တိတ်တဆိတ်ထိုင်နေတဲ့လူတစ်ယောက်ဘ၀မှာ ဘာမှ သိပ်အများကြီးမလိုအပ်ခဲ့ပါဘူး။

ပန်းပွင့်တွေရဲ့ကမ္ဘာမှာ နေရောင်ခြည်ဟာ အနှောက်အသွားလွတ်စွာဖြာကျနေသလိုပေါ့။ အရိပ်လေးရဲ့ မသိခြင်း နယ်စပ်မျဉ်းမှာ ကျွန်တော်နေထိုင်ပါတယ်။ ကျွန်တော့်ရဲ့သဲနာရီလေးမှာ သဲတွေကုန်စပြုလာပြီ။ အရိပ်လေးက ကျွန်တော့်ကို မလေးပင်စေပဲဖြတ်သန်းသွားသလို၊ ကျွန်တော်ကလည်း မမြင်ရတဲ့အရိပ်လေးဖြတ်သန်းသွားတဲ့အခိုက်အတန့်လေးကို တမ်းမက်မြတ်နိုးစွာ၊ရိုကျိုးညင်သာချစ်နေမိတယ်။

အချစ်မှာ မျက်နှာစာများစွာရှိတယ်ဆိုရင် ကျွန်တော်ကမသွေးထားတဲ့မှောင်ဖျဖျမျက်နှာပြင်ဘက်ခြမ်းက အချစ်မျိုးနဲ့ချစ်တယ်။ အလင်းမပြန်ဘူး။ တိတ်ဆိတ်တယ်။ ချစ်နေခြင်းအားဖြင့် သူ့ကို အထိတ်တလန့်ဖြစ်စေမှာမဟုတ်ဘူး။ ချစ်ခြင်းအားဖြင့် တစ်ခုခုဖြစ်ချင်တဲ့ဆန္ဒမရှိဘူး။ ဆောင်းရာသီမှာ သူဝတ်ထားတဲ့ငုဝါရောင် ဆွယ်တာလေးကို ချစ်တာထက်မပိုတဲ့အချစ်၊ သူ့ခြေသန်းက ပလက်တီနမ်ခြေစွပ်လေးကိုချစ်တဲ့အချစ်ထက်ကြီးမြတ်တဲ့အချစ်မဟုတ်ပါဘူး။ သူဟာ ကျွန်တော့်စိတ်လေးနေထိုင်ဖို့လုံလောက်အောင်ပြည့်စုံတဲ့အရိပ်လေးတစ်ခုစာကမ္ဘာဖြစ်ပါတယ်။

ကောင်းဘွိုင်တွေဟာ တစ်ယောက်ရဲ့ဘွတ်ဖိနပ်ကို တံထွေးနဲ့ထွေးလိုက်ရုံနဲ့စိန်ခေါ်ပွဲတွေဖြစ်လာခဲ့တယ်လို့ဖတ်ခဲ့ဖူးတယ်။ ကံတရားရဲ့တံထွေးစက်တွေပေကျံနေတဲ့ ဘွတ်ဖိနပ်လေးတစ်ခုကို ခင်ဗျားတို့တွေ့မိကြမလားမသိဘူး။ သဲနာရီမှာသဲတွေကုန်သွားတယ်ဆိုတာ သဲတွေက တခြားတစ်ဖက်ခြမ်းကိုရောက်သွားတာကိုဆိုလိုတာမဟုတ်လား။ သဲနာရီကို ပြန်လှည့်ခွင့်မရခဲ့တဲ့ဘွတ်ဖိနပ်တွေဟာ ဘယ်လိုခရီးကိုဘယ်လိုထွက်ခွာသွားကြသလဲ ……………။ ကျောပိုးထားတဲ့အရိပ်လေးကို ရင်ဘတ်ထဲပြောင်းလွယ်ပြီး ထွက်လာခဲ့တဲ့ခရီး၊ နွေရာသီတွေတပ်ဆင်ထားတဲ့လမ်းမ၊ကန္တာရတွေ သံခွာတပ်ထားတဲ့ကုလားအုတ်များ၊ အိုအေဆစ်ကင်းမဲ့ဇုန်၊ သီးခြားဆန်သော ကြမ်းရှရှလေ ………………..။ တိတ်ဆိတ်ခြင်းဟာ ဂီတတစ်ခုဖြစ်ခဲ့သလို၊ဆူညံခြင်းဟာ ငရဲဘုံဖြစ်ခဲ့ပါတယ်။

သိပ်ချစ်တယ်ဆိုတာဘာများလဲ။

ရင်ဘတ်ထဲလွယ်ထားတဲ့အရိပ်လေးတစ်ခုပဲမဟုတ်လား …………..ညနေခင်းတို့ရယ်။

Thursday, March 31, 2011

*စာ*သား*နယ်*လွန်*

*စာ*သား*နယ်*လွန်*

ဟောဟိုတရွေ့ရွေ့ မျောပါမောဟများတရွေ့၊ထိုမှစ၍ နှစ်ပေါင်းများစွာ

အလွန်ကြာညောင်းသောကြာချိန်များ၊

ထို့နောက်

သင်၊ခင်ဗျားနှင့်သူ၊

စုစုရုံးရုံး သစ္စာဖောက်များ၊

တစ်ယောက်မကျန် လေးစားပစ်လိုက်ရ။

ထိုဝဲသြဃ (ထောင်ဝင်စာဆန်ဆန်)၊ အပြုံးများ၊

စတေးပစ်လိုက်ရ၊

မြုပ်ရမျောရ၊

တံထွေးခွက်အလျားရှိသလောက်၊

အသက်အောင့်ထားနိုင်သလောက် ရှင်သန်ခွင့်၊

ဗျာများမနေနဲ့၊ မထူးဇာတ်ထဲ

ပတ်မကြီးမရှိ၊ထိုးဖောက်သူမရှိ၊ ဟယ်တဏှာယောကျာ်းလက်သမားမရှိ၊

ဘယ်သူဆို ဘယ်သူမှမရှိ၊

ဟိုကောင်လေးလည်းမရှိ။

ဟိုကောင်ကြီးလည်းမရှိ။

မရှိခြင်းမှာ

စိတ်ချမ်းသာတတ်၊

အကြွေးမရှိ။

အပိုင်လိုချင်စိတ်မရှိ။

သောကမရှိ။ ခေါင်းပန်းလှန်သလို

မျက်စိများမှိတ်ထားလိုက်။

သက်သက်သာသာဖြစ်နေရင် တော်ပြီ။

ခေတ်ကြီးကို

ကွန်ပြူတာဖန်သားပြင်ကို

ချစ်သူပါးပြင်ကို

ကြည့်နေချင်တုန်းအရွယ်လား၊

လွန်သွားပြီ။

တော်ရုံသင့်ရုံ အကဲပိုရရင်တော်ရောပေါ့။

ဆေးသောက်ထားတဲ့အဘိုးကြီးလို

ကိုယ့်ကိုယ်ကို ယုံကြည်မှုကြီးနဲ့

မျက်လုံးတွေ

တစ်ခါတစ်ခါ မြေပေါ်မှာ

တစ်ခါတစ်ခါ အုတ်ဂူပေါ်

အပြားလိုက်ကပ်နေတာတွေ့တယ်။

ဘယ်သူမှ သတင်းမပို့ရင် သတင်းဟာ သတင်းမဟုတ်ဘူး။

ညဉ့်ငှက်တွေမှာ

HIV ပါတယ်။

အပျော်ကြူးသူတွေမှာ

အဖော်ပါတယ်။

ဆိုလိုတာက အန္တရာယ်ရှိတဲ့ကစားပွဲဟာ

အခုလေးတင်ဖြစ်ပွားနေတာမဟုတ်ဘူး။

နေ့တိုင်း၊

မမြင်ရတဲ့တစ်နေရာ၊

မမြင်ရတဲ့သူရဲကောင်းနဲ့

မမြင်ရတဲ့ လောင်းကြေးတွေ၊

ရင်းနိုင်ရင် ရင်းနိုင်သလောက်

ချောက်ကမ်းပါးဟာ

ခုန်ချလိုသူရဲ့ နိဗ္ဗာန်။

ဒီစာသားမှာ ကဗျာမပါခဲ့ရင် နောက်စာသားနဲ့လိုက်လာခဲ့မယ်လို့ သူကနောက်ထပ် သူ့ကိုပြောတယ်

ကျွန်တော်မကြားလိုက်ဘူး

။ ။

Zephyr

Thursday, March 24, 2011

မပြောဖြစ်သောစကားများ

မပြောဖြစ်သောစကားများ

မသိဘူး။
ဝမ်းနည်းတဲ့အခါ
ဘာလုပ်ရမှန်းမသိဘူး။

ကမ္ဘာဦးလူ
အစာရှာထွက်သလို
မိုးထဲရေထဲ၊
ဆန္ဒတစ်ခုထဲ၊
တင်းပုတ်တစ်ခုထဲ၊
ခြေဗလာနဲ့ထွက်ခဲ့တယ်။

လောကမှာ
ဘယ်သူမှ
အမိမခံချင်ဘူး၊
သားကောင်/မုဆိုး
တစ်လှည့်စီပြေးတယ်။

မုဆိုးဟာ
ပန်းပွင့်ကိုအာရုံမပြုဘူး။
လှပတဲ့ရေစက်လေး
သူ့ပခုံးစွန်းမှာနားလည်း
စိတ်မချမ်းသာဘူး။
ဆာလောင်မှု
အဲဒီ ဆာလောင်မှုရဲ့အော်သံ
သူ့စိတ်ထဲ တောခြောက်နေတယ်။

တိုးတိုးလေးတွားသွားတယ်။
အသံမမြည်အောင်ချဉ်းကပ်တယ်။
နို့တိုက်နေတဲ့သမင်လေး ဆီသို့။

ကမ္ဘာဦးကမုဆိုး
သမင်တစ်ကောင်ရခဲ့တယ်ဆိုပါတော့။
အခုအခါမှာဝမ်းနည်းမဆုံးတော့ဘူး။

ဒီလိုပါပဲ၊
မိုးထဲရေထဲ၊
အဆင့်ဆင့်ဖွံဖြိုးလာတဲ့မုဆိုး၊
အစာငတ်ခံ နာကျင်ရင်း
မိုးရေစက်တွေကို ငေးကြည့်နေရှာတယ်။

တစ်နေ့
သမင်မိသားစု
အစာရှာထွက်လာတဲ့အခါ
(ပြုံးသေ သေခဲ့တဲ့)
မုဆိုးအရိုးကို နင်းမိတော့
မိုးရနံ့ကို ရကြတယ်။ ။

Zephyr

Thursday, March 10, 2011

What will I do if I got the 8th day from HIM?

What will I do if I got the 8th day from HIM?

Sometimes, I am thinking about time, lifespan and ages.

Time is not a problem for me at all. I don't need more time from God or from anyone. There are some minute insects that can live only for few hours. My life is long enough compared to them and, 29 years old man who lives thousand times longer than those insects shouldn't blame on my lifespan, time and what I got as a limit for existence.

Yesterday, I wrote a quote "If I were God, I will suicide". Being a God will be so painful. It is hard to accept and hard to be. Being a God itself can be a hell. If one of your sons betrayed you, you will see how much the pain you suffered is. Anyway, if God or God-like being grant me an extra day as the biased referee in the soccer match gives 7 minutes injury time instead of 5 minutes to his favorite team, me, I will deny to accept. Every day is like a repeating tragedy, from dawn till dusk, and thus, I don't need more suffering every week, every month and every year. 365.5 days in a year is more than enough for me. Thanks to Pope, Gregory VIII, for creating The Gregorian calendar based on the sun and for not defining so many days in a year.

What I need more is Peace instead of one extra day every week. If anyone still wants to give me peace in the name of whoever, I will greatly appreciate it.. Peace is incomparably more valuable than everything. In Christianity, Jesus says I am P=E=A=C=E. I don't know whether he made his fingers as a peace symbol as hip-hoppers do nowadays when he said these words. And this is the most ancient form of modernism in speaking. I maybe wrong since his father, God said "I am who I am" to Moses. Can peace be given away to others? Though I said a lot of "Peace Be With You", "Peace Be Upon You", I am not very sure the peace I wish to give arrives save and sound to the dedicated person I sent to. Does the word "peace" trigger something to your mind? If not, you should wish an extra day instead.

Zephyr

(Zephyr is who Zephyr is)


Notes:


When death utters, everything become silent as death did before

When death utters, everything become silent as death did before

There are hundred thousand and one ways to die in this world for both physically and mentally. When you keep breathing, you may wrongly think you are still alive but It’s just a misbelief. There is a simple but very challenging question to mankind : “Are You Still Alive???????”

Death is a quite famous and notorious issue for philosophers and artists, for God-believers and for atheists as well. You will notice the adjectives I emphasized; famous and notorious. By the way, should these two occur at the same time? This is the state of the emotion. Do you notice the similar existence of states in the water? Do you know why water is the strangest thing on earth? It has three states: liquid state, solid state, and vapor state. No other material can exist so. Death can be notorious and also can be famous at the same time because of its dimension.

Last week, I read a book, ”On Suicide” by David Hume. Death can be the destiny for some people. For them, death is the escape route from this nonsense, smothered, stressful world. And no one can say Suicide is right or wrong logically. If I have 10 dollars in my wallet and this cash is my own, can I spend as I wish? Of course, I can spend. How’s about my life, then? Can I spend in the market called “Suicide Special Sales” ? Does it make any sense to you? Or can they say “none of your business” for their legacy suicides?
Definition of death also is different from east and west, or from one religion to another. Imagine that there is no hell or inferno or something unpleasant place after death, in this case, death is a remedy for everything.

If you are born in 1990 and earlier, you will remember 09/11 attack in United States. Do you know how some people died there? They are running out from the exit and just one minute away from the safe zone. Unfortunately, some jumpers fell down on them at that moment and they died right away. Can you imagine death can be bloomed between these critical minutes and seconds? We can make a bit change in the old saying to describes the nature and existence of death as “ Nothing is difficult to a willing mind or death”.
And there is also pitiful and irrelevant death. Indeed, it is just one of the chaotic events that death can exist or come out. You will remember Hemingway, the great writer, who was a survivor from the plane crash in 1952 but he committed suicide in 1961. I wonder why a survivor still wanted to suicide. I also curious to know what is the relative value of his life for him at the very moment of his suicide. Since we never suicide for small problems and never let gifted life ruin in this bungee jumping without a rope attached, suicide. Death seems to be an unavoidable game for him or a trap he needs to move in on purpose.

Besides, there are so many Zen master in Japan who wrote their last marvelous, great and unbelievable calm poem at the closest moment of death. Are they nuts or fearless or brave ones? In my childhood, I love reading these poems created in last minutes. Ryonen wrote her last poem as :

Sixty-six times have these eyes beheld the
changing scene of autumn.
I have said enough about moonlight,
Ask no more.
Only listen to the voice of pines and cedars
when no wind stirs.


I felt she is OK for her death. She can welcome it with peace. It is more than amazing! Through this short and powerful poem, you can hear the brevity and calmness at the same time, both are being harmonized by peace. If someone says about Zen Poem, all of us will ask the great Basho’s poems. Here is his death poem right before his last breath.

On a journey, ill:
my dream goes wandering
over withered fields.

How did you feel about this short poem? If you are a Christian, you may remember the Psalm 23 and the beautiful phrase , “valley of the shadow of death”. Of course, the Poet Basho’s dream as well as our dreams, all of them have to pass through this withered fields or valley of the shadow of death. But he has very strong calmness for his journey. Death is just a routine for him. He had no tension for this journey. He was totally peaceful to the journey he will have to travel in next few seconds. Death is a friend for them. Is death friendly to someone who can welcome him at ease? This my childhood’s question doesn’t get a clear answer so far.

I love music and one of the Bands I love most is Nirvana, When I read about the band, I found that the singer/guitarist Kurt Cobain also committed suicide on April 8, 1994. Fame is not a sufficient factor for not committing suicide as Kurt Cobain, Elvis and Marilyn Monroe, and so on committed suicide. Fame, wealth and a wide circle of acquaintance and even a life surrounded by best friends cannot make us safe and sound, happy and joyous, relaxed and peaceful, we still needed death by some aspects.

According to Osho’s teaching, we are dead so many times in our life. We lived in our mother’s womb that is the perfect place that human beings can think about or dream of. If you learn to meditate, you will see the suffering of breathing. Can you imagine there is a soft pain at the tip of your nose for every breath you breathe in and out? Not just one or two times, it is the lifetime suffering. When we were in the womb, breathing is not a necessity to us. We can live without breathing. And within these nine months, we grow most quickly and we never grow so fast throughout our life again. But our peaceful life is just last for nine months at most, otherwise, the hosts, our moms will die. So we have to come out to a new world full of lights and sufferings. We have to move to a new world from safe place. A new place that requires to breathe by ourselves and the doctor hit to our bottom to kick start to breathe. Our peaceful life was dead and we started a new life outside the womb. This death is called or wrongly titled as “giving birth”. When we are unconscious, we are dead for that moment. In this way, we had experienced series of death.

We cannot left out Derrida in our discussion of death. He introduced the most controversial method called “deconstruction”. One of the examples he presented is Zombies. Zombies are neither dead nor alive and also they are dead and alive. This is the point he want to say “undecidability”. And I want to put Derrida’s concern into death. Death is good and bad and is neither good nor bad. It just depends on our mind, and willingness to die and frame of mind, current situation, difficulties, perceptions.

When we are young, we learnt deductive logic and power of God, the Almighty at church. We had to prepare some presentation for God and Death. My Friend, John and I failed in the presentation contest because of our perfect deductive logic. We lost in vain for that but we are still happy for our logic.

Everybody dies.
God Never dies.
So, God is not Everybody.
So, God is Nobody.
Nobody is Perfect.
So, God is Perfect …
Gotcha!!!!!!!!

Death can differentiate God and us, the superior being and the mediocres.

Before death, almost all of our values of life become deteriorate and melting. So there is an ancient teaching to live our life as the last day. There is a remarkable story of Buddha and his disciples, monks who reminded themselves the distance of death from them. There are three monks having alms-food and Buddha asked to them how they practiced the closeness of death right now. First one answered that he reminded himself he could die after having alms-food. Buddha asked to the second one, and he answered he reminded within the period of having lunch he could die. And Buddha continued to ask to the third one and he answered every time his hand bring the food from plate to his mouth, he reminded himself he could die within each of this having process, that’s literally means every time he reminded he could die. Buddha praised the third one and said well done only to the third monk. Put aside the death closest to mind is the best way for practicing Dhamma in Buddhism. He who knows death can come anytime will not do unnecessary things in life far from doing evil things.

Death is the clear mirror and we can see our true self in it. We cannot lie anything in the last minutes to ourselves. Most of the time, we try to forget our guilty or remorse experiences or thoughts. But in our last-minute movie, we have to watch all these things from start to end again. Death is the screen for this movie, and when the life titled “the End” on the screen, we have to go back to our real home. Death is neither beginning or ending, it is just the milestones for every life.

All in all, death is beautiful truth that remains as the universal truth among us. It still keep its promise all the times starting from the existence of life of living things. How can we see we are still alive for the moment? Can breathing be a proof for it? There can be more than one way to see about your aliveness. For me, hearing and seeing exactly my breathing depicts I am still alive. I wish I could love death and welcome him as a friend one day. As Nandai’s death poem we should learn peace through the death :

Since time began
the dead alone know peace.
Life is but melting snow.

Zephyr

(Notes:)

This is one of my essays for my writing lesson. Of course, I am still a student on every Sunday.

Since our younger bro, Ko Ko, wrote a book in English, it is shameful for me if I never write something in English, otherwise, he may look down on me. Stressful, huh?

Writing is a legacy for us since our mom is a writer.
I hope she will be happy for my essay.

Days ...

Days ...

Going back home.
Sleep 12 hours a day.
Emotionless.
Nothingness.
Aloneness.
Peace in Loch Ness
No one knows where it is.

Zephyr

Friday, February 18, 2011

ကမ္ဘာကြီးနေမကောင်းပါ

ကမ္ဘာကြီးနေမကောင်းပါ


အပေါစားဖျော်ဖြေရေးထဲ ကိုယ့်အမည်နာမထည့်ပေးလိုက်ရမှာပျင်းတယ်။
ကိုကာကိုလာထဲက သကြားတွေလို
အေးခဲချိန်ကုန်သွားမှ
အရသာမဲ့ချိုမြိန်မှုကြီးနဲ့ လက်ကျန်ကြီးမြတ်ရမှာ ရွံတယ်။

လူတွေကိုကြည့်တော့
တန်ဖိုးလှော်တက်ကိုယ်စီနဲ့
ဘ၀ကိုလှော်ခတ်လို့၊
တစ်ချို့ကလည်း လူမှုရေးကို ရွက်လွှင့်လို့၊
ဘာသာတရားကို စကားလုံးတွေနဲ့ပစ်ပေါက်လို့၊
ဒါနဲ့ ….ဘုရားသခင်သေပြီဆိုတာယုံခဲ့ကြပြီး
ကဗျာသေပြီဆိုမှ (ကဗျာ)ထရေးနေတာ မနုံလွန်းဘူးလား။

ကမ္ဘာပေါ်မှာ လူတွေသိတာ နည်းနည်းလေး၊
လူ့ဦးနှောက်ကသေးသေးလေး
ရတဲ့အချိန်က တိုတိုလေး ….
တကယ်တော့ …
Homo sapiens ကနေ Human ဖြစ်လာတယ်။
(ကိုယ့်ကိုယ်ကို သိသူကြီးတွေလို့ သတ်မှတ်ခဲ့ကြတယ်။)
လူတွေဟာ diurnal ဖြစ်လို့ အိပ်စက်ကြရတယ်။
ကိုယ့်ဘ၀ကို တစ်ဝက်သာသာ နေထိုင်သွားကြတယ်။
ဘ၀မှာ တန်ဖိုးရှိတာတစ်ခုခု မလုပ်နိုင်တဲ့အခါ
လူတွေ ကဗျာစရေးလာကြတယ်။

ကမ္ဘာမှာ မဖြစ်ချင်တာတွေ
မရပ်တန့်နိုင်ဘူး။
သေခြင်းတရားကိုပြေးနေတဲ့
ဇရာ ရထားကို မရပ်တန့်နိုင်ဘူး၊
ချစ်သူရဲ့အပြုံးကိုတောင်
ဘီယာဖန်ခွက်တွေလို အမြဲခဲစိမ့်အေးမြမြလေး
သိုလှောင်မထားနိုင်ဘူး။
အဲဒီလောကမှာ …
ဘာတွေ သိပ်အများကြီးမျှော်လင့်နေတာလဲ။

လူအဖြစ်မှာ
လူမဖြစ်သေးသူတွေကို
ဗုဒ္ဓနည်းနဲ့ဖြစ်ဖြစ်၊
အိုက်ခမန်းနည်းနဲ့ဖြစ်ဖြစ်
လျော့သွားအောင်
ဘယ်သူတွေလုပ်ကြမှာလဲ။

ဒီဘ၀ကို သေဆုံးဖို့နေသွားသူတွေ၊
နောက်ဘ၀အခက်အခဲကြောက်လို့ လှူဒါန်းနေသူတွေ၊
လူသားရဲ့မြင့်မြတ်မှုကို
ရှာတွေ့မသွားသူတွေ…
သူတို့တွေအားလုံး ဒီသင်္ဘောထဲမှာပါတယ်။
သင်္ဘောမှောက်ခါနီးမှာမှ လာဆုံရသလိုဖြစ်နေတော့
ချစ်တဲ့သူဖြစ်ဖြစ်
မချစ်တဲ့သူဖြစ်ဖြစ်
ခဏတော့ပြုံးပြလိုက်မိတယ်။(စိတ်ပါလက်ပါ)

နေ့တွေညတွေက
မောဟနဲ့နာနေတဲ့တရားလို
ဘာမှကိုမကြားလိုက်ရဘူး
ဘ၀ဟာ
အမှောင်ထဲမှာ
အမှောင်ကိုမြင်နေရတယ် ဆိုတဲ့ လူရဲ့
ညည်းတွားသံပါပဲ။
လက်နက်ချသံပါပဲ။

အခုရှူလက်စ ၀င်သက်လေးဆုံးသွားတဲ့အထိတောင်
စိတ်ချမ်းသာဖို့
အာမခံချက်မရထားတဲ့အတွက်
ဒီဒုလ္လဘကို
ကျွန်တော်ပြန်အမ်းပါတယ်။

ဒီလိုနဲ့ …
ဆုံးရှုံးသွားမှ
ပကတိတန်ဖိုးကို သိကြရသူတွေထဲမှာ
ကျွန်တော်နဲ့ခင်ဗျား
သွေးရိုးသားရိုးပါဝင်ခဲ့ကြတယ်။ ။

Zephyr

Tuesday, February 15, 2011

For The Moment


ကျွန်တော်သိပ်ကြိုက်တဲ့ကဗျာဆရာတစ်ယောက်ရှိပါတယ်။
အခုလည်း စိတ်ထဲမှာ မိုးတွေအုံ့နေတာနဲ့ ကဗျာဖတ်နေပါတယ်။ သူ့ကို ကျူဗစ် ကဗျာဆရာလို့လည်းတစ်ချို့ကသတ်မှတ်ပါတယ်။ သူ့ကဗျာမှာ ကျူဗစ်ဇင် အငွေ့အသက်တွေထွက်လွန်းလို့ဖြစ်နိုင်ပါတယ်။ ရိုးရိုးလေးတွေပါပဲ။ ကဗျာရေးနေတဲ့သူတွေဟာ ကမ္ဘာ့အတော်ဆုံးဦးခေါင်းတွေကို ပိုင်ဆိုင်သူတွေမဟုတ်ပါဘူး။ ကမ္ဘာ့အသိမ်မွေ့ဆုံး သဘာဝကို တည်တည်ငြိမ်ငြိမ်ခွဲစိတ်ထုတ်လိုက်နိုင်တဲ့ ကျွမ်းကျင်တဲ့ဓားကိုင်လက်တစ်ချောင်းပဲဖြစ်တယ်။ ကဗျာမှာ တစ်ခုခုပါမှလို့ယူဆတယ်ဆိုရင် ဘာမှမပါတာတစ်ခုခုဖတ်ချင်တဲ့အခါ ကျွန်တော် reverdy ဖတ်ပါတယ်။ သူရေးထားတဲ့ quotes လိုပေါ့။

“I need so much time for doing nothing that I have no time for work.”

ဘာမှမလုပ်ဘဲနေဖို့ အချိန်အများကြီးလိုတဲ့အတွက် ကျွန်တော့်မှာ အလုပ်လုပ်ချိန်မရှိဘူး.....................။


For The Moment

Life is simple and gay
The bright sun rings with a quiet sound
The sound of the bells has quieted
down
This morning the light hits it all
The footlights of my head are lit again
And the room I live in is finally bright

Just one beam is enough
Just one burst of laughter
My joy that shakes the house
Restrains those wanting to die
By the notes of its song

I sing off-key
Ah it's funny
My mouth open to every breeze
Spews mad notes everywhere
That emerge I don't know how
To fly toward other ears

Listen I'm not crazy
I laugh at the bottom of the stairs
Before the wide-open door
In the sunlight scattered
On the wall among green vines
And my arms are held out toward you

It's today I love you

Pierre Reverdy

Saturday, February 12, 2011

သေခြင်းနှင့်ကျွန်တော်တို့ကို ဆက်သွယ်ထားသောတံတား

ပြီးခဲ့တဲ့ December 14 ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အမေ့မွေးနေ့အတွက် ပေးဖြစ်ခဲ့တဲ့လက်ဆောင်လေးတွေထဲက တစ်ခုပါ။ Feb, Idea မှာပါတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ပါပဲ။ Magazine မှာ စာရိုက်တဲ့သူက စေတနာဗလပွနဲ့ ရေးထားတာကိုပြင်ပေးလိုက်တဲ့အခါမှာ Satan (စာတန်) ကို စာတန်းတွေ စာတမ်းတွေ ဖြစ်ကုန်ပါတယ်။ မြန်မာပြည်မှာ စာစီ/စာရိုက် လုပ်စားနေပြီး စာပေ ဗဟုသုတနည်းတာကိုမကြာမကြာတွေ့ပါတယ်။ စာမဖတ်ချင်ဘဲ စာပေအသိုင်းအ၀ိုင်းထဲမှာလုပ်နေကြရတာသူတို့အတွက်တော့ ချုံ့ထားတဲ့ငရဲဘုံတစ်ခုပါပဲ။ ပိတောက်ပွင့်သစ်မှာ နေထိုင်ကြတယ်ကို ထိုင်နေကြတယ်လို့ ရိုက်လိုက်လို့ ကဗျာတစ်ပုဒ် ရစရာမရှိအောင်ပျက်စီးသွားတာလည်းတွေ့ဖူးတယ်။ မြန်မာပြည်မှာ အပျော်တမ်း ပရိုတွေ သိပ်များနေတယ်။ ကိုယ့်ကို ထမင်းကျွေးတဲ့အလုပ်ကို ဒီလောက်လေးမှ ဂရုတစိုက်မလုပ်နိုင်ဘူးဆိုရင် ဒီလူတွေ Professional ဆိုတာ ဘာလဲဆိုတာကို သိဖို့ အဝေးကြီးလိုပါသေးတယ်။

သေခြင်းနှင့်ကျွန်တော်တို့ကို ဆက်သွယ်ထားသောတံတား

အရူးတစ်ယောက်နေထိုင်သောအခန်းကလေးတစ်ခုအတွင်းသို့ ကျွန်တော်တို့လေ့လာရေးခရီးထွက်ခဲ့ကြသည်။ ခရီးရက်ရှည်ထွက်သွားသော အရူးတစ်ယောက်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကိုမထိခိုက်စေဘဲလေ့လာကြရမည်။ မည်သည့်အထားအသိုမျှမှားခွင့်မရှိ။ အရူးတစ်ယောက်၏ လွတ်လပ်စွာရူးသွပ်ခွင့်ဆိုင်ရာ စာတမ်းအတွက် လွတ်လပ်စွာလေ့လာခွင့်ပေးခဲ့သော အရူးကိုပင်ကျေးဇူးတင်ရမည်။ သူသည် ကျွန်တော်တို့ စာတမ်းနာမည်ကိုမဖတ်မိ၍ ခွင့်ပြုလိုက်ခြင်းဖြစ်ဟန်တူသည်။ သို့မဟုတ် သူနှင့်အလားတူငနဲများကို စာနာပုံပေါက်ခြင်းလည်းဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ... ကျွန်တော်တို့ အရူးတစ်ယောက်၏ အခန်းထဲသို့ရောက်ခဲ့ကြပြီ။

အရူးသည် ကိုယ့်အခန်းလို သဘောထားပါလို့ တွင်တွင်မှာသွားသည်။
ဝင်ကစွပ်ဟာခရုခွံကို ချစ်သလို ကျွန်တော့်အခန်းကို ခင်ဗျားတို့ ချစ်ပါ ... ဆိုလားပြောသွားသည်။

လေ့လာရေးအဖွဲ့ဝင်တစ်ယောက်က ဓာတ်ပုံတဖျပ်ဖျပ်ရိုက်သည်။ အရူးဆွဲထားသော အဖြူရောင် ပိတ်ကားပေါ်မှ အဖြူရောင်ချိုးငှက်။ သံလွင်ခက်သည် မည်းမှောင်စိုလက်နေသည်။ ကားနာမည်ကို လွဲချော်မှုဟု အရူးကပေးထားသည်။ ဗင်းဆင့်သည် အရူးဖြစ်သော်လည်း ပန်ချီဆရာတိုင်းရူးနေရန်မလိုအပ်ပါ။ ထိုကိစ္စကို ကျွန်တော်တို့စာတမ်းတွင် အသေးစိတ် ဆွေးနွေးထားပြီးဖြစ်သည်။

အရူးသည် အနုပညာ အားကောင်းသော အရုးဟု အရူးလောကကသတ်မှတ်ထားသည်။ ခေတ်ပြိုင် ဝေဖန်ရေးသမားများသည် အရူးသည် ပါရမီရှင် အရူးစစ်စစ်ဟု မှတ်ချက်ပြုကြသည်။ ထင်ရှားသော စာပေသမားကြီးက အရူးမို့ သူ့မှာ တမူးသာခွင့်ရှိတယ်... ဟူ၍ပြောခဲ့သည်မှာလည်း ဂျာနယ်များရောင်းကောင်းသွားသော သတင်းတစ်ခုဖြစ်ခဲ့သည်။ အရူးသည် အောင်မြင်ကျော်ကြားသော ၊ ခမ်းနားတည်ကြည်သော အာဂ အရူးဘ၀ကိုပိုင်ဆိုင်ထားသည်။

အရူးသည် ဂီတကို မွေ့လျော်ပုံရသည်။ Kitaro ၏ စီဒီများအမြောက်အများတွေ့ရသည်။ အရူးသည် အိပ်ယာအသုံးပြုသူမဟုတ်ကြောင်းအံသြဖွယ်တွေ့ရှိရသည်။ "ကျွန်တော်ပိုင်ဆိုင်တဲ့ညတွေကို ဘာလို့အိပ်ပစ်ရမှာလဲ"ဟု အင်တာဗျူးတစ်ခုတွင်သူပြောခဲ့သေးသည်။ ထိုအချက်ကို အထောက်အထား မခိုင်လုံသေး၍ စာတမ်းတွင် အသေးစိတ်လေ့လာရန်ဟူ၍ ကျွန်တော်တို့မှတ်သားခဲ့သည်။ ဂီတ၀ါသနာပါသော လေ့လာရေးအဖွဲ့ဝင်တစ်ယောက်က အရူးရေးသားခဲ့သည့် ပိုးလမ်းမကြီးတစ်လျှောက် စိတ်နဲ့လျှောက်နေရရင်ဘ၀ကိုကျေနပ်ပါပြီ ဆိုတဲ့အချက်နဲ့ Kitaro ၏ silk road ဆက်နွယ်မှုရှိနိုင်ကြောင်းသုံးသပ်တင်ပြသည်။

အားလုံးမထင်မှတ်ထားသော ကိရိယာတစ်ခုကို အခန်း၏ ပြတင်းပေါက်နားတွင်တွေ့လိုက်ကြရသည်။အာကာသကြည့်မှန်ပြောင်းအကောင်းစား တစ်လက်ဖြစ်သည်။ ASTRO-PHYSICS 140mm f7.5 Starfire EDF – 5.5" aperture: အမျိုးအစားဖြစ်သည်။ အရူးသည် ကြယ်ကြည့်သူတစ်ယောက်ဖြစ်ကြောင်း မည်သူမှထင်မှတ်မထား။ သူကိုယ်တိုင် ထုတ်ဖော်ပြောကြားခြင်းမျိုးလည်းမရှိခဲ့ကြောင်း ကျွန်တော်တို့အဖွဲ့ဝင်များ ပြန်လည်အတည်ပြုကြသည်။ ... အရူးသည် အမှန်တကယ်ရူးနေရဲ့လားဆိုသည့်မေးခွန်းသည် ကျွန်တော်တို့စိတ်ထဲတွင်စတင်အော်မြည်လာသည်။

အရူး၏ ငယ်ဘ၀မှ အမှတ်တရပစ္စည်းများကို ဆက်လက်လေ့လာကြသည်။ ဖယောင်းတိုက်ထားသော သစ်ရွက်များ၊ သစ်ရွက်များပေါ်တွင် နေ့စွဲများ၊ ကဗျာအတိုအစများ၊ ငှက်လှောင်အိမ်အတွင်း သော့ခလောက်လေးတစ်ခုကို ထည့်ထားသော performance အပါအ၀င် အရူးရှစ်တန်းကျောင်းသားဘ၀က ပြုလုပ်ခဲ့သော performance art လက်ရာများ။ အရူးရရှိခဲ့သော အားကစားထူးချွန်ဆုများ။ အရူးအောင်မြင်ခဲ့သော မှတ်တိုင်များ။ အရူးရေးသားခဲ့သော အသည်းကွဲsymphonyသီချင်းစားသားကို ရွှေပြားတွင် ထွင်းထားသည်ကိုလည်းတွေ့ရသည်။

ကျွန်တော့်ဘ၀ကို လာရောက်နေထိုင်သွားသူ ဆိုတဲ့ ဒဿနလောကမှာ ကိုးကားစရာဖြစ်ခဲ့တဲ့ အရူးရဲ့ကျမ်းကိုလည်းတွေ့ရသည်။ အရူးတစ်ယောက်ရဲ့ ရူးသွပ်ခွင့်၊ထက်မြက်ခွင့်၊ လင်းပွင့်ခွင့်တွေကို ကွှန်တော်တို့ ခေါင်းချင်းရိုက်ဆွေးနွေးကြသည်။ အမှတ်အသားပြုလုပ်ကြသည်။ မှတ်တမ်းတွေနဲ့တိုက်ဆိုင်စစ်ဆေးကြသည်။ ဒီလို အရူးတစ်ယောက်ကို လေ့လာခွင့်ရလိုက်တာ ကျွန်တော်တို့စာတမ်းကို အများကြီးအထောက်အကူပြုခဲ့ပြီလို့ ကျွန်တော်တို့ပြောဖြစ်ကြသည်။

အရူးဖတ်သောစာအုပ်များကိုဆက်လက်လေ့လာသည်။၊ ဒဿနစာအုပ်များ။ ပညာရှင်အလိုက် မျိုးတူစုခွဲ၍လေ့လာပုံရသည်။ ရှေးခေတ်တွေးခေါ်ရှင်များ၊ အလယ်ခေတ်တွေးခေါ်ရှင်များ၊ မော်ဒန်ခေတ်တွေးခေါ်ရှင်များနှင့် ခေတ်ပြိုင် တွေးခေါ်ရှုင်များဆိုပြီး အကန့်လေးတွေခွဲထားပုံကလည်းစနစ်ကျသည်။
  • Metaphysics
  • Epistemology
  • Ethics
  • Political philosophy.
  • Aesthetics
  • Logic
  • Philosophy of mind
  • Philosophy of language
  • Philosophy of religion စသဖြင့် စနစ်တကျ ခေါင်းစဉ်ရေးထိုးထားသည်။ ကြီးမြတ်သော အရူးတစ်ယောက်၏ စာကြည့်ခန်းတွင် ကျွန်တော်တို့သေးသိမ်သလိုခံစားလိုက်ရသည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ..... သက်ပြင်းကိုယ်စီချမိကြသည်။ အရူးတွင် စနစ်ရှိသည်။ အရူးတွင် ထင်မှတ်ထားသည်ထက်ပိုမိုသော လေ့လာဆည်းပူးနိုင်စွမ်းရှိသည်။ ဒီအချက်ကို ကျွန်တော်တို့ အလေးအနက်ထားတင်ပြကြရမည်။
အရူးစာရေးသော စားပွဲခုံလေးပေါ်တွင် အ၀ါရောင်ဖဲကြိုးချည်ထားသော ဘွန်ဇိုင်းပင်လေးတစ်ပင်ကိုတွေ့ရှိရသည်။ ရေလက်စကဗျာစာသားကိုလည်းတွေ့ရသည်။

ရွေးချယ်စရာမရှိတော့ရင်
ငါတို့ဘယ်သူ့ကို ဆဲရေးနေမှာလဲ ..........။

လေ့လာရေးအဖွဲ့ဝင်များတွင် ကဗျာဝါသနာပါသူတစ်ယောက်မှမပါပါ။ ထို့အတွက် .. မည်သူမှ ဒီကဗျာအပိုင်းအစကို ဆွေးနွေးဖို့စိတ်ဝင်စားဟန်မပြပါ။ လေ့လာမှုတွေ့ရှိချက်တစ်ခုအနေနှင့်သာ မှတ်တမ်းတင်လိုက်ကြသည်။

အရူး၏ ထမင်းစားပွဲကိုလေ့လာသည်။ ကော်ဖီခွက် အနက်ရောင်တောက်တောက်တစ်ခွက်တွင် 666 ဟုလှပစွာပန်းအက္ခရာဖော်ထားသည်။ 666 သည် စာတန်၏ ကိုယ်ပိုင်အမှတ်အသားဖြစ်သည်။ အရူး အိမ်တွင် ဘုရားစင်လည်းမရှိ။ အရူးသည် စာတန်ကိုးကွယ်သူလား။ သံသယမေးခွန်းများကို ကျွန်တော်တို့ဆွေးနွေးကြသည်။ ထိုင်ခုံပေါ်တွင်တင်ထားသော ဘာသာရေးဆိုင်ရာ ဖတ်လက်စစာအုပ်များအရ အရူးသည် စေတန်ကိုးကွယ်သူလည်းမဟုတ်နိုင်။ အရူးတွင် ဘာသာရှိသလားပြန်ဆန်းစစ်ကြသည်။ အရူးပြောဖူးသော quotes တစ်ခုကို တစ်ယောက်ကရေရွတ်သည်။ ဘာသာရေးဟာ ဆပ်ပြာမှုန့်ဆိုပါတော့ ... ကျွန်တော့်မှာ အ၀တ်အစားမရှိဘူး .........။ထိုစကားသည် လူငယ်များအကြားရေပန်းစားနေသည်။ အရူးသည် လူငယ်များ၏ စိတ်တွင်ဝတ်ဆင်ထားသော 925 များဖြစ်နေပြီလားဟု ကျွန်တော်တို့ ချဲ့ထွင်နှီးနှောကြသည်။
....
ရုတ်တရတ် .........
အခန်းသည် အမှောင်အတိကျသွားသည်။
စူးရှသော ညှော်နံ့ကို ကျွန်တော်တို့ရှူမိလိုက်ကြသည်။ ဗီဇသိအရ ကွှန်တော်တို့ အိမ်ရှေ့တံခါးဆီသို့ပြေးထွက်ကြသည်။ တံခါးသည် ဂျက်ကြနေသည်။ မီးခိုးများပိုမိုများပြားလာသည်။ လောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီ။ မည်သည့်နေရာမှစတင်၍ လောင်ခဲ့မှန်းမသေချာသော်လည်း လောင်ကျွမ်းမှုသည် လျှင်မြန်စွာကူးစက်လာနေသည်။ ကျွန်တော်တို့အားလုံး စတင်၍ သွေးရူးသွေးတန်းဖြစ်လာကြသည်။ တံခါးကို ကြိုးစားဖွင့်သော်လည်း တံခါးကမပွင့်တော့ပေ။ ဆဲဆိုသံများ စတင်၍ ဆူညံပွက်လောရိုက်လာသည်။ အော်ဟစ်အကူအညီတောင်းခံသံများကွဲအက်ထွက်လာသည်။ တံခါးများအားလုံးပိတ်နေကြပြီ။ ပြတင်းပေါက်တံခါးများကိုတွန်းဖွင့်ကြည့်သည်။ ခိုင်ခံ့သော သံတိုင်များပိတ်ကာထားသည်။ အရူးအခန်းထဲတွင် လောင်ကျွမ်းသေဆုံးရတော့မည်ဟူသော အသိသည် ကြေကွဲဆို့နစ်ဖွယ်ဖြစ်လာသည်။ စိတ်သည် တဖျစ်ဖျစ်မြည်ဟည်းနာကျင်လာသည်။ အခန်းတံခါးဝကိုမီရပ်နေစဉ်တွင် ကူးစက်လာသော မီးတောက်မီးလျှံများသည် အရည်ပြားကို စတင်လောင်ကျွမ်းလာသည်။ ကျွန်တော်တို့အားလုံး နောက်ဆုံးကြားလိုက်ရသော အရူးရယ်မောသံသည် တံခါး၏ အပြင်ဘက်ဆီမှ စိတ်ထဲသို့ ဓားနှင့်ခြစ်လိုက်သလို စူးရှအက်ကွဲဝင်ရောက်ခဲ့သည်။ ။

ရွေးချယ်စရာမရှိတော့ရင်
ငါတို့ဘယ်သူ့ကို ဆဲရေးနေမှာလဲ ..........။ ။


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Zephyr

ဒီအကြောင်းကို ကျွန်တော်ပြောပြတဲ့အခါ ခင်ဗျားတို့က လေ့လာသူတွေကို သနားကြလိမ့်မယ်။ မဟုတ်ရင်လည်း အပြစ်မြင်ကြလိမ့်မယ်။ အရူးတစ်ယောက်ရဲ့ အိမ်ဟာ ခင်ဗျားရဲ့ ခန္ဓာဆိုပါတော့ .... မိတ်ဆွေ .. ဒါကို သင်ဘယ်လိုသဘောရသေးလဲ။ ။

Monday, February 7, 2011

Man Alone with Himself

ကျွန်တော့်မှာထူးထူးဆန်းဆန်းရောဂါတစ်ခုရှိတယ်။ ပျော်စရာကောင်းတာတွေကို ပြန်ဝေပေးချင်တဲ့ရောဂါလို့ဆိုရမယ်။ ဒီနေ့ Nietzsche ရဲ့Man Alone with Himself ဖတ်ရင်း သူရေးတဲ့ ကဗျာတစ်ပုဒ်ဖတ်လိုက်ရတယ်။ အဲဒီစာအုပ်ကို ၀ယ်ထားတာ တစ်နှစ်လောက်ရှိပြီ။ ကြိုက်တာလေး နည်းနည်းဖတ်လိုက်၊ပစ်ထားလိုက်ပဲ။ သိပ်ကြိုက်တဲ့စာအုပ်တွေကို အကုန်ဖတ်လိုက်ရမှာနှမြောလို့ နည်းနည်းချင်းပဲဖတ်တယ်။ တစ်ချို့အကြောင်းအရာတွေက လေးနက်တဲ့အခါ အချိန်ပေးပြီးတွေးချင်တာကြောင့်လည်း စာမသွားတာဖြစ်နိုင်တယ်။ ဒီနေ့ဖတ်လိုက်တဲ့အကြောင်းအရာတွေထဲမှာ သူ့ကဗျာနဲ့ bad poets ဆိုတာလေးကို သဘောကျလို့ ပြန် share လိုက်ပါတယ်။

People as bad poets.
Just as bad poets, in the second half of a line, look for a thought to fit their rhyme, so people in the second half of their lives, having become more anxious, look for the actions, attitudes, relationships that suit those of their earlier life, so that everything will harmonize outwardly. But then they no longer have any powerful thought to rule their life and determine it anew; rather, in its stead, comes the intention of finding a rhyme.

(Neitzche, Man Alone with Himself, Pg 29)

အဲဒါကိုတွေးရင်း ဘာလို့ အသက်ကြီးလေ သတ္တိမရှိလေဖြစ်လာတာလည်းဆိုတာကိုလေည်း ဆက်တွေးမိပါတယ်။ ကျွန်တော်တို့တွေဟာ ပထမပိုင်းကစားပြီးသား လောကကြီးကိုများ ကြောက်သွားတာလား။ ရှေ့တစ်ပိုင်းမှာ ကန်ခဲ့တဲ့အကွက်ကြီးနဲ့အဆင်ပြေမယ့် ကစားသမားတွေကိုဘ၀ထဲမှာ ဖြည့်စွက်နေကြတာလား။ ဘ၀ကို ဒီလိုကြီးပဲဆက်နေသွားမယ်လို့ ကျွန်တော်တို့တကယ်ဆုံးဖြတ်လိုက်ပြီလား.....။ မေးခွန်းတွေက အတော်လေးကို အထိအခိုက်များတဲ့မေးခွန်းတွေဖြစ်လာပါတယ်။ တစ်ခါတစ်လေလည်း အဲဒီသဘောမျိုးမေးတဲ့မေးခွန်းတွေဖတ်ဖူးပါတယ်။ ဒါပေမယ့် ဒီလောက်မထိရောက်ခဲ့ဘူးလို့တွေးမိတယ်။ သူပြောတဲ့ bad poets ဥပမာကတော့ အထိရောက်ဆုံးပဲ။ ရှေ့လေးရက်လောက်မှာ အသက် ၂၉ နှစ်ပြည့်တော့မယ်ဆိုတော့ ဘ၀ကို second half စကန်တော့မယ့်အရွယ်ဖြစ်နေပြီ။ ဘ၀မှာ ငွေကြေးဥစ္စာတွေ သိပ်မရှိရင်လည်း သတ္တိရှိတဲ့သူတော့ဖြစ်ချင်တယ်။ ရှေးရိုးစွဲ သူရဲဘောနည်းတဲ့သူမဖြစ်ချင်ဘူး။ ဘ၀ကို အသစ်ပြန်လုပ်ကြည့်ဖို့ကောင်းတယ်။ အဟောင်းကြီးက ပျင်းစရာသိပ်ကောင်းတယ်။ အတိတ်နဲ့အဆင်ပြေအောင်တော့ ဘာမှ အပိုတွေမလုပ်ချင်ဘူး။ အနာဂတ်နဲ့အဆင်ပြေမယ့် မိတ်ဆွေတွေရှာမယ်။ အသိဥာဏ်ရှာမယ်။ အဲဒါကို တော်တော်လေးတွေးဖြစ်သွားပါတယ်။ How about you? Are you a bad poet too.... :P?

နောက်တော့ နစ်ရှေးကြီးကို သဘောကျတာ သူ့မှာ အနုပညာ အပြည့်ရှိတဲ့အချက်လည်းပါတယ်။
သူက Gothe ရေးတာလေးလည်းရွတ်ပြသွားပါတယ်။ သူကိုးကားတဲ့အပိုင်းက အတော်လေးကို အရသာရှိနေတာတွေ့ရပါတယ်။ ဒီဘက်မှာ ဘာသာပြန်ဖို့စိတ်မပါတဲ့အတွက် မူရင်းကို မူရင်းလိုဖတ်ခွင့်ရတာ အတော်လေးပျော်စရာကောင်းမယ်ထင်ပါတယ်။

The best is the deep quiet in which I live and grow against the world, and harvest what they cannot take from me by fire or sword.
(Gothe)

မြန်မာလိုတော့ ဂိုထေး၊ဂွယ်ထည်၊ဂွေးတိုလို့ အသံအမျိုးမျိုးထွက်ကြတာသူပါပဲ။ သူပြောတဲ့အထဲမှာ စိတ်ချမ်းသာမှုကိုတန်ဖိုးထားတာ အများကြီးပါတယ်။ လူတိုင်း စိတ်ထဲမှာ နေစရာနေရာလေးရှိမှ အိုကေမယ်။ ဘယ်သူမှမရှိတော့ရင်လည်း အဲဒီနေရာလေးကပဲစပြီး ဘ၀ကို ပြန်စလို့ရရမယ်။ ဘ၀မှာ ဆုံးရှုံးသွားတဲ့အခါတိုင်း၊ လဲကျသွားတဲ့အခါတိုင်း၊ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ဖို့ ဂိုထောင်လေးတစ်ခုလိုနေရာလေး။ ငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှုကို ဘယ်သူမှ လုယူလို့မရဘူး။ ရေ၊မီး၊မင်း၊ခိုးသူ၊မချစ်မနှစ်သက်သူတွေ ခိုးသွားလို့မရဘူး။ ကြုံလို့ပြောရရင် တစ်ခါက ရဟန္တာမ တစ်ပါးကို မျက်လုံးလေးသိပ်လှတယ်လို့ ဓားပြကပြောတော့ ရဟန္တာမက မျက်လုံးကို ဆွဲထုတ်ပြီးပေးလိုက်တယ်။ အဲဒီဇာတ်ကွက်ကို သိပ်ကြိုက်တယ်။ ဗန်ဂိုး အရူးထပြီး နားရွက်ဖြတ်တာလောက်ပဲစိတ်ဝင်စားတဲ့ စာပေတွေမှာ ရဟန္တာမ မျက်လုံးထုတ်ပေးတာကို ထည့်မရေးကြသေးဘူး။ လူတွေတန်ဖိုးထားတယ်ဆိုတဲ့ကိစ္စတွေဟာ ခိုင်မြဲတာဘာမှမရှိပါဘူး။ လောကဓံတရားတွေကို အကောင်းလောကဓံလောက်သာကြုံနေလို့ရတော့ ပြုံးပြုံးကလေး ခံရဲတယ်ဆိုတာမျိုးဖြစ်နေတာများပါတယ်။တကယ်တော့ အကောင်းလောကဓံကြုံတယ်ဆိုတာ အမြင့်ကိုတက်နေရတာပါ။ အပေါ်က ပြုတ်ကျရင်ပိုနာပါမယ်။ အထည်သေးပျက်ဟာ အထည်ကြီးပျက်လောက် မခံစားရပါဘူး။ ပျက်တတ်တာတွေကို ပျက်တတ်တယ်လို့ နှလုံးသွင်းမထားရင် တကယ်ပျက်တဲ့အခါ ခံနိုင်ရည်မရှိတော့ပါဘူး။ အပြင်မှာနေဖို့ အချိန်ပေးကြသလို၊ စိတ်ထဲမှာနေဖို့လည်း အချိန်ပေးရင် ဘ၀မှာ ကြံ့ကြံ့ခိုင်ခိုင်နေသွားတဲ့သူတွေ၊အောင်အောင်မြင်မြင်နေသွားတဲ့သူတွေဖြစ်လာမှာပါ။

Among Friends: An Epilogue

1
Fine, with one another silent,
Finer, with one another laughing
Under heaven`s silky cloth
Leaning over books and moss
With friends lightly, loudly laughing
Each one showing white teeth shining.

If I did well, let us be silent,
If I did badly, let us laugh 
And do it bad again by half,
More badly done, more badly laugh,
Until the grave, when down we climb

Friends! Well! What do you say?
Amen! Until we meet again!

2
Don`t excuse it! Don`t forgive!
You happy, heart-free people, give
This unreasonable book of mine
Ear and heart and sheltering!
Truly, friends, my own unreason
Did not grow to earn a curse!

What I find, what I am seeking
Was that ever in a book?
Honor one from the fools` legion!
Learn from out of this fool`s book
How reason can be brought -"to reason"!

So then, friends, what do you say?
Amen! Until we meet again.


ကံကောင်းတာကတော့ ဒီကဗျာကို လူများရိုက်ထားပြီးသားတွေ့လို့ကူးလာလိုက်ပါတယ်။ သူရေးတဲ့ကဗျာကို အရသာမပျက်စေချင်ပါဘူး။ ဒီအတိုင်းလေးပဲခံစားကြည့်ပါ။

ဒီနေ့စာအုပ်နှစ်အုပ်ဖတ်ဖြစ်ပါတယ်။ နောက်တစ်အုပ်ထဲက အကြောင်းအရာတွေကို ရောပြီးမရေးချင်လို့ နောက်နေ့မှ ပို့စ်တစ်ခုထပ်ရေးလိုက်ပါမယ်။

သိပြီးမလုပ်သေးရင် မသိသေးလို့ပဲဆိုတဲ့မဟာမြိုင်ဆရာတော်ရဲ့ စကားကိုပဲ ထပ်ပြီးကိုးကားပြီး၊ သိသလောက် အကောင်းဆုံးတွေ လုပ်နိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။